လက္ရွိခ်န္ပီယံ ထိုင္းႏွင္႕ဗီယက္နမ္ ဆီမီးဖိုင္နယ္ တက္ေရာက္
#Zawgyi
ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနသည့္ ၂ဝ၁၆ အာဆီယံ အမ်ဳိးသမီးၿပိဳင္ပြဲ အုပ္စု(က) ဒုတိယေန႔ကို ယေန႔ ညေနပိုင္းတြင္ မႏၲေလးၿမိဳ႕ရွိ မႏၲလာသီရိကြင္း၌ က်င္းပရာ ထိုင္းႏွင့္ ဗီယက္နမ္ အသင္းတုိ႔ ႏွစ္ပြဲဆက္ အႏိုင္ ရရွိၿပီး ဆီမီးဖိုင္နယ္သုိ႔ တက္ေရာက္ သြားၿပီျဖစ္သည္။
ပထမပြဲတြင္ ဗီယက္နမ္အသင္းက ဖိလစ္ပိုင္အသင္းကို ၄ ဂိုး- ဂိုးမရွိျဖင့္ အႏုိင္ရရွိခဲ့သည္။ ဗီယက္နမ္ အသင္းအတြက္ ခက္ခဲသည့္ႏုိင္ပြဲ မဟုတ္ေသာ္လည္း ဖိလစ္ပိုင္ ခံစစ္ပိုင္း မာေက်ာမႈေၾကာင့္ ဂိုးရရွိရန္ အားထည့္ ကစားခဲ့ရသည္။ ဗီယက္နမ္ အသင္းသည္ ႏွစ္ပြဲဆက္ အႏုိင္ရလဒ္ေၾကာင့္ ဆီမီးဖိုင္နယ္သို႔ တက္ေရာက္ သြားၿပီျဖစ္ၿပီး ဖိလစ္ပိုင္ အသင္းသည္ တစ္ပြဲ ကစားရန္က်န္ရွိ ေသးေသာ္လည္း အုပ္စုအဆင့္မွ ထြက္ခဲ့ရၿပီျဖစ္သည္။
ဗီယက္နမ္အသင္းသည္ ၎တုိ႔ အားသန္သည့္ အလယ္ေၾကာမွ အဓိက တုိက္စစ္ဆင္ခဲ့ၿပီး ဖိလစ္ပိုင္ ခံစစ္ကလည္း အလယ္ေၾကာကို စနစ္တက် ပိတ္ဆုိ႔ခဲ့သည့္အျပင္ ဖိလစ္ပိုင္ ဂိုးသမားကလည္း အမွားနည္းေသာ ေၾကာင့္ ဂိုးရရန္ ပံုမွန္ထက္ အားပို ထုတ္ခဲ့ရသည္။ ပြဲအစ ခုနစ္မိနစ္တြင္ ငုယင္သီေဟာင္က ဗီယက္နမ္အတြက္ အဖြင့္ဂိုး သြင္းယူခဲ့ၿပီး ၂၉ မိနစ္ တြင္ ငုယင္သီသူယက္က အေဝးကန္ခ်က္ျဖင့္ ဒုတိယဂိုးသြင္းယူေပး ခဲ့ေသာေၾကာင့္ ပထမပိုင္းအၿပီးတြင္ ႏွစ္ဂိုးအသာျဖင့္ ဦးေဆာင္ေန သည္။
ဒုတိယပိုင္းတြင္လည္း ဗီယက္နမ္ကသာပြဲကို ဆက္လက္စိုးမိုး ထားခဲ့ေသာ္လည္း မိနစ္ ၇ဝေနာက္ပိုင္းမွ ဂိုးထပ္ရခဲ့ သည္။ ဗီယက္နမ္အတြက္ အႏုိင္ဂိုးမ်ားကို မိနစ္ ၇ဝတြင္ ငုယင္သီသူယက္၊ ၇၉ မိနစ္တြင္ အသင္းေခါင္းေဆာင္ ငုယင္သီမင္ငုယက္တုိ႔က သြင္းယူခဲ့သည္။
ဒုတိယပြဲတြင္ လက္ရွိခ်န္ပီယံ ထုိင္းအသင္းက စင္ကာပူ အသင္းကို ၂ဂိုး- ဂိုးမရွိျဖင့္ အႏုိင္ရရွိခဲ့သည္။ ထိုင္းအ သင္းသည္ ေျခစြမ္းပိုင္း ကြာဟေသာေၾကာင့္ အမာခံ ကစားသမား အမ်ားစုကို အနားေပးထားၿပီး အရန္ကစား သမား မ်ားျဖင့္ ပြဲထြက္ခဲ့သည္။
စင္ကာပူအသင္းသည္ ပထမပြဲထက္ ကစားပံု ပိုေကာင္းခဲ့ၿပီး ၂၅မိနစ္အထိ ထိုင္းတုိက္စစ္ကို ထိန္းခ်ဳပ္ ႏိုင္ခဲ့သည္။ ၂၆ မိနစ္ တြင္ မိုင္ဂ်ာရန္၏ ျပစ္ဒဏ္ေဘာဂိုးျဖင့္ ထုိင္းအသင္းဂိုး စရခဲ့ၿပီး ၂၉ မိနစ္တြင္ စင္ကာပူ ေနာက္ခံလူ ကိုယ့္ဂိုး ကိုယ္သြင္းမိခဲ့၍ ပထမပိုင္းတြင္ ထိုုင္းအသင္း ႏွစ္ဂိုးျပတ္ အႏိုင္ရေနသည္။
ဒုတိယပိုင္းတြင္ ထိုင္းအသင္း ဂိုးဆက္ တိုက္ရခဲ့ၿပီး ေျခာက္ဂိုးထပ္မံ သြင္းယူေသာေၾကာင့္ ဂိုးျပတ္ အႏိုင္ရခဲ့ျခင္း ျဖစ္သည္။
ယေန႔ပြဲအၿပီးတြင္ အုပ္စု(က)၌ လက္ရွိ ခ်န္ပီယံ ထိုင္းႏွင့္ ဗီယက္နမ္အသင္းက ႏွစ္ပြဲႏုိင္ ေျခာက္မွတ္စီျဖင့္ ဆီမီးဖိုင္ နယ္တက္ ေရာက္သြားၿပီျဖစ္ၿပီး ေနာက္ဆံုးပြဲတြင္ ပထမေနရာ အတြက္သာ ကစားရမည္ျဖစ္သည္။ ႏွစ္ပြဲစလံုး ႐ံႈးခဲ့သည့္ ဖိလစ္ပိုင္ႏွင့္ စင္ကာပူ အသင္း အုပ္စုအဆင့္မွ ထြက္ခဲ့ရၿပီျဖစ္သည္။
ဇူလိုင္ ၂၉ရက္ (ယေန႔) ညေန ၃နာရီတြင္ ၾသစေၾတးလ် ယူ-၂ဝ ႏွင့္ တီေမာအသင္း၊ ညေန ၆နာရီတြင္ ျမန္မာ အသင္းႏွင့္ မေလးရွား အသင္းတုိ႔ ယွဥ္ၿပိဳင္မည္ ျဖစ္သည္။
_________________________________________________________________________
#Unicode
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၆ အာဆီယံ အမျိုးသမီးပြိုင်ပွဲ အုပ်စု(က) ဒုတိယနေ့ကို ယနေ့ ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပရာ ထိုင်းနှင့် ဗီယက်နမ် အသင်းတို့ နှစ်ပွဲဆက် အနိုင် ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက် သွားပြီဖြစ်သည်။
ပထမပွဲတွင် ဗီယက်နမ်အသင်းက ဖိလစ်ပိုင်အသင်းကို ၄ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဗီယက်နမ် အသင်းအတွက် ခက်ခဲသည့်နိုင်ပွဲ မဟုတ်သော်လည်း ဖိလစ်ပိုင် ခံစစ်ပိုင်း မာကျောမှုကြောင့် ဂိုးရရှိရန် အားထည့် ကစားခဲ့ရသည်။ ဗီယက်နမ် အသင်းသည် နှစ်ပွဲဆက် အနိုင်ရလဒ်ကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက် သွားပြီဖြစ်ပြီး ဖိလစ်ပိုင် အသင်းသည် တစ်ပွဲ ကစားရန်ကျန်ရှိ သေးသော်လည်း အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။
ဗီယက်နမ်အသင်းသည် ၎င်းတို့ အားသန်သည့် အလယ်ကြောမှ အဓိက တိုက်စစ်ဆင်ခဲ့ပြီး ဖိလစ်ပိုင် ခံစစ်ကလည်း အလယ်ကြောကို စနစ်တကျ ပိတ်ဆို့ခဲ့သည့်အပြင် ဖိလစ်ပိုင် ဂိုးသမားကလည်း အမှားနည်းသော ကြောင့် ဂိုးရရန် ပုံမှန်ထက် အားပို ထုတ်ခဲ့ရသည်။ ပွဲအစ ခုနစ်မိနစ်တွင် ငုယင်သီဟောင်က ဗီယက်နမ်အတွက် အဖွင့်ဂိုး သွင်းယူခဲ့ပြီး ၂၉ မိနစ် တွင် ငုယင်သီသူယက်က အဝေးကန်ချက်ဖြင့် ဒုတိယဂိုးသွင်းယူပေး ခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် နှစ်ဂိုးအသာဖြင့် ဦးဆောင်နေ သည်။
ဒုတိယပိုင်းတွင်လည်း ဗီယက်နမ်ကသာပွဲကို ဆက်လက်စိုးမိုး ထားခဲ့သော်လည်း မိနစ် ရဝနောက်ပိုင်းမှ ဂိုးထပ်ရခဲ့ သည်။ ဗီယက်နမ်အတွက် အနိုင်ဂိုးများကို မိနစ် ရဝတွင် ငုယင်သီသူယက်၊ ရ၉ မိနစ်တွင် အသင်းခေါင်းဆောင် ငုယင်သီမင်ငုယက်တို့က သွင်းယူခဲ့သည်။
ဒုတိယပွဲတွင် လက်ရှိချန်ပီယံ ထိုင်းအသင်းက စင်ကာပူ အသင်းကို ၂ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထိုင်းအ သင်းသည် ခြေစွမ်းပိုင်း ကွာဟသောကြောင့် အမာခံ ကစားသမား အများစုကို အနားပေးထားပြီး အရန်ကစား သမား များဖြင့် ပွဲထွက်ခဲ့သည်။
စင်ကာပူအသင်းသည် ပထမပွဲထက် ကစားပုံ ပိုကောင်းခဲ့ပြီး ၂၅မိနစ်အထိ ထိုင်းတိုက်စစ်ကို ထိန်းချုပ် နိုင်ခဲ့သည်။ ၂၆ မိနစ် တွင် မိုင်ဂျာရန်၏ ပြစ်ဒဏ်ဘောဂိုးဖြင့် ထိုင်းအသင်းဂိုး စရခဲ့ပြီး ၂၉ မိနစ်တွင် စင်ကာပူ နောက်ခံလူ ကိုယ့်ဂိုး ကိုယ်သွင်းမိခဲ့၍ ပထမပိုင်းတွင် ထိုုင်းအသင်း နှစ်ဂိုးပြတ် အနိုင်ရနေသည်။
ဒုတိယပိုင်းတွင် ထိုင်းအသင်း ဂိုးဆက် တိုက်ရခဲ့ပြီး ခြောက်ဂိုးထပ်မံ သွင်းယူသောကြောင့် ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲအပြီးတွင် အုပ်စု(က)၌ လက်ရှိ ချန်ပီယံ ထိုင်းနှင့် ဗီယက်နမ်အသင်းက နှစ်ပွဲနိုင် ခြောက်မှတ်စီဖြင့် ဆီမီးဖိုင် နယ်တက် ရောက်သွားပြီဖြစ်ပြီး နောက်ဆုံးပွဲတွင် ပထမနေရာ အတွက်သာ ကစားရမည်ဖြစ်သည်။ နှစ်ပွဲစလုံး ရှုံးခဲ့သည့် ဖိလစ်ပိုင်နှင့် စင်ကာပူ အသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။
ဇူလိုင် ၂၉ရက် (ယနေ့) ညနေ ၃နာရီတွင် သြစတြေးလျ ယူ-၂ဝ နှင့် တီမောအသင်း၊ ညနေ ၆နာရီတွင် မြန်မာ အသင်းနှင့် မလေးရှား အသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။
#Credit ျမ၀တီ