စပိုင္ရန္ေၾကာင့္ လက္ပ္ေတာ့ Webcam နဲ႔ Mic အေပါက္ေတြကို တိပ္နဲ႔ ကပ္ထားတဲ့ Mark Zuckerberg
#Zawgyi
Facebook တည္ေထာင္သူ Mark Zuckerberg ကိုယ္တုိင္လည္း စပိုင္ေတြရန္ကို ေၾကာက္ေနရတာကို မေန႔က သူတင္ခဲ့တဲ့ပုံမွာ မေမွ်ာ္လင့္ဘဲ ေတြ႔လိုက္ရပါတယ္။Instagram ကို လစဥ္အသုံးျပဳသူေပါင္း သန္း (၅၀၀) ျပည့္တဲ့အထိမ္းအမွတ္နဲ႔ Mark Zuckerberg ဟာ Instagram ပုံစံဖရိန္ၾကီးတစ္ခုကို ကိုင္ကာရိုက္ထားတဲ့ ဓာတ္ပုံတစ္ပုံကို မေန႔က Facebook မွာ တင္ခဲ့ပါတယ္။
အဆုိပါဓာတ္ပုံကို ၾကည့္ၾကသူေတြထဲမွာ တကယ္မ်က္စိရွင္တဲ့လူတစ္ခ်ိဳ႔က Mark Zuckerberg ဟာ သူ႔ရဲ့ Macbook လက္ပ္ေတာ့ webcam နဲ႔ mic အေပါက္ေတြကို တိပ္နဲ႔ကပ္ထားတာကို ေတြ႔ခဲ့ရတာျဖစ္ပါတယ္။
ကြန္ျပဴတာသမားေတြ ေျပာေလ့ရွိတဲ့ ေကာဟဟာလတစ္ခုအရဆုိရင္၊ တကယ္အရည္အခ်င္းရွိတဲ့ ဟက္ကာေတြဟာ လက္ပ္ေတ့ာမွာပါတဲ့ webcam ကို ဟက္ျပီး၊ user ေတြကို ေစာင့္ၾကည့္ႏိုင္တယ္ဆုိတာေၾကာင့္၊ Mark Zuckerberg ကိုယ္တိုင္လည္း ေရွးရိုးနည္းအတိုင္း webcam ကို တိပ္နဲ႔ ကပ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္ Mic အေပါက္္ကိုေကာ ဘာေၾကာင့္တိပ္နဲ႔ ကပ္ထားတာလဲဆုိတာ ေတာ့ မသိပါဘူး။
ယခုဓာတ္ပုံမွာပါတဲ့ အလုပ္စားပြဲဟာ လြန္ခဲ့တဲ့ကိုးလခန္႔တုန္းက Mark Zuckerberg ကိုယ္တိုင္ျပသခဲ့တဲ့ သူ႔အလုပ္စားပြဲနဲ႔ တစ္ေထရာတည္းတူညီတာေၾကာင့္၊ အခုတိပ္ကပ္ထားတဲ့ Macbook ဟာ Mark ရဲ့ လက္ပ္ေတာ့ပဲျဖစ္ဖုိ႔ ေသခ်ာပါတယ္။
မၾကာေသးခင္ကလည္း Mark Zuckerberg ရဲ့ တျခားဆုိရွယ္အေကာင့္ေတြ အဟက္ခံခဲ့ရတာေၾကာင့္၊ သူ႔အေနနဲ႔ အခုလုိ လုံျခဳံေရးပုိမုိဂရုစိုက္မွဳေတြ လုပ္ထားတာျဖစ္ႏိုင္ပါတယ္။
ကြန္ျပဴတာလုံျခဳံေရးဟာ ဒီဘက္ေခတ္မွာ ေတာ္ေတ္ာအေရးပါ၊သတိထားရမယ့္အရာတစ္ခုျဖစ္လာျပီး၊ ကိုယ့္ရဲ့ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြ မသမာသူလက္ထဲ မပါသြားဖုိ႔ လူတိုင္းသတိထားသင့္ပါတယ္။
ကိုယ့္ရဲ့ webcam ကို မသိေအာင္ဟက္ျပီး၊ ကိုယ့္ကို ထိုင္ေစာင့္ၾကည့္ေနတာမ်ိဳးကို မလုိခ်င္ဘူးဆုိရင္ေတာ့၊ သင္လည္း သင့္ လက္ပ္ေတာ့ ကင္မရာနဲ႔ မုိက္ေပါက္ေတြကို Mark Zuckerberg အတိုင္း တိပ္နဲ႔ကပ္ထားသင့္ပါတယ္။ FBI ဒါရိုက္တာ James Comey ေတာင္မွ သူလည္းပဲ သူ႔ကြန္ျပဴတာ webcam ကို တိပ္နဲ႔ ကပ္ေလ့ရွိေၾကာင္း ၀န္ခံေျပာၾကားထားတာပါ။
_______________________________________________________________________
#Unicode
Facebook တည်ထောင်သူ Mark Zuckerberg ကိုယ်တိုင်လည်း စပိုင်တွေရန်ကို ကြောက်နေရတာကို မနေ့က သူတင်ခဲ့တဲ့ပုံမှာ မမျှော်လင့်ဘဲ တွေ့လိုက်ရပါတယ်။Instagram ကို လစဉ်အသုံးပြုသူပေါင်း သန်း (၅၀၀) ပြည့်တဲ့အထိမ်းအမှတ်နဲ့ Mark Zuckerberg ဟာ Instagram ပုံစံဖရိန်ကြီးတစ်ခုကို ကိုင်ကာရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို မနေ့က Facebook မှာ တင်ခဲ့ပါတယ်။
အဆိုပါဓာတ်ပုံကို ကြည့်ကြသူတွေထဲမှာ တကယ်မျက်စိရှင်တဲ့လူတစ်ချို့က Mark Zuckerberg ဟာ သူ့ရဲ့ Macbook လက်ပ်တော့ webcam နဲ့ mic အပေါက်တွေကို တိပ်နဲ့ကပ်ထားတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
ကွန်ပြူတာသမားတွေ ပြောလေ့ရှိတဲ့ ကောဟဟာလတစ်ခုအရဆိုရင်၊ တကယ်အရည်အချင်းရှိတဲ့ ဟက်ကာတွေဟာ လက်ပ်တေ့ာမှာပါတဲ့ webcam ကို ဟက်ပြီး၊ user တွေကို စောင့်ကြည့်နိုင်တယ်ဆိုတာကြောင့်၊ Mark Zuckerberg ကိုယ်တိုင်လည်း ရှေးရိုးနည်းအတိုင်း webcam ကို တိပ်နဲ့ ကပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် Mic အပေါက််ကိုကော ဘာကြောင့်တိပ်နဲ့ ကပ်ထားတာလဲဆိုတာ တော့ မသိပါဘူး။
ယခုဓာတ်ပုံမှာပါတဲ့ အလုပ်စားပွဲဟာ လွန်ခဲ့တဲ့ကိုးလခန့်တုန်းက Mark Zuckerberg ကိုယ်တိုင်ပြသခဲ့တဲ့ သူ့အလုပ်စားပွဲနဲ့ တစ်ထေရာတည်းတူညီတာကြောင့်၊ အခုတိပ်ကပ်ထားတဲ့ Macbook ဟာ Mark ရဲ့ လက်ပ်တော့ပဲဖြစ်ဖို့ သေချာပါတယ်။
မကြာသေးခင်ကလည်း Mark Zuckerberg ရဲ့ တခြားဆိုရှယ်အကောင့်တွေ အဟက်ခံခဲ့ရတာကြောင့်၊ သူ့အနေနဲ့ အခုလို လုံခြုံရေးပိုမိုဂရုစိုက်မှုတွေ လုပ်ထားတာဖြစ်နိုင်ပါတယ်။
ကွန်ပြူတာလုံခြုံရေးဟာ ဒီဘက်ခေတ်မှာ တော်တေ်ာအရေးပါ၊သတိထားရမယ့်အရာတစ်ခုဖြစ်လာပြီး၊ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ မသမာသူလက်ထဲ မပါသွားဖို့ လူတိုင်းသတိထားသင့်ပါတယ်။
ကိုယ့်ရဲ့ webcam ကို မသိအောင်ဟက်ပြီး၊ ကိုယ့်ကို ထိုင်စောင့်ကြည့်နေတာမျိုးကို မလိုချင်ဘူးဆိုရင်တော့၊ သင်လည်း သင့် လက်ပ်တော့ ကင်မရာနဲ့ မိုက်ပေါက်တွေကို Mark Zuckerberg အတိုင်း တိပ်နဲ့ကပ်ထားသင့်ပါတယ်။ FBI ဒါရိုက်တာ James Comey တောင်မှ သူလည်းပဲ သူ့ကွန်ပြူတာ webcam ကို တိပ်နဲ့ ကပ်လေ့ရှိကြောင်း ၀န်ခံပြောကြားထားတာပါ။
#Credit Digital Times