KIA ႏွင့္ TNLA သူပုန္ ပူးေပါင္းအဖြဲ႕မွ ေဒသခံ ေျပာင္းႏွင့္နာနတ္ၿခံလုပ္သား ၅ ဦးအား ဖမ္းဆီး ေခၚေဆာင္
#Zawgyi
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕နယ္၊ မုိင္းေယာ္ ေက်းရြာအနီး ေျပာင္းၿခံႏွင့္နာနတ္ၿခံလုပ္သား ၅ ဦးအား ဇြန္လ ၂၆ ရက္ေန႔တြင္ KIA ႏွင့္ TNLA သူပုန္ ပူးေပါင္း အဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ေဒသခံအႀကီး အကဲတစ္ဦးမွ ေျပာျပပါသည္။
“ ကၽြန္ေတာ္တို႔ မိုင္းေယာ္ေက်းရြာထဲမွာ မန္ပန္ျပည္သူ႔ စစ္ရွိတယ္၊ အစုိးရရဲ
လည္းရွိတယ္၊ သူပုန္ဆို တစ္ခါမွ မျမင္ဖူူးဘူး၊ မေန႔က တိုက္ပြဲျဖစ္ၿပီးမွ သူပုန္ဆိုတာကို ျမင္ဖူးေတာ့တယ္၊ ယခုလည္း မိုင္းေယာ္ေက်းရြာအနီးမွာ ေျပာင္းနဲ႔နာ
နတ္ၿခံလုပ္သား ရွမ္း ၂ ေယာက္နဲ႔ ပေလာင္ ၃ ေယာက္ကို ဖမ္းေခၚသြားတယ္၊ ရပ္ရြာလူႀကီးေတြ သြားေမးေတာ့ ျပန္လႊတ္ေပးလိုက္ၿပီလို႔ေျပာတယ္၊ ဒါေပမယ့္ ခုထိ အိမ္မေရာက္ေသးဘူး ” ဟု ေဒသခံတစ္ဦးမွ ေျပာျပပါသည္။
အဆိုပါ KIA ႏွင့္ TNLA သူပုန္ ပူးေပါင္းအဖြဲ႕သည္ မိုင္းေယာ္ေက်းရြာအနီး ေျပာင္းခင္းေပါင္းရွင္းေနသည့္ ရြာသူ/ရြာသား ၃၀ ေယာက္ကိုလည္း လမ္းမႀကီး
တစ္ေလွ်ာက္ ထိုင္ခိုင္းၿပီး တစ္ေယာက္ခ်င္းစီ စစ္ေဆးေမးျမန္း ကာ ည ၇
နာရီေက်ာ္မွ ျပန္လႊတ္ေပးခဲ့တယ္။ “ ဒီသူပုန္အဖြဲ႕က ေတာ္ေတာ္ဆိုးတဲ့အဖြဲ႕ပဲ။ အစိုးရစစ္ေၾကာင္းကို ေခ်ာင္းပစ္လိုက္၊ RCSS/SSA အဖြဲ႕နဲ႔ တိုက္ပြဲျဖစ္လိုက္နဲ႔ အမ်ိဳးမ်ိဳးကို ျပႆနာလိုက္ရွာေနတာ၊ အခုလည္း မိုင္းေယာ္ျပည္သူ႔စစ္ပိုင္ မန္မတ္၊ ပန္ကိန္လံု၊ ပန္ကိန္အြန္ စတဲ့ေက်းရြာေတြမွာ ၎တို႔ရဲ႕စခန္းမ်ား နယ္ေျမ တိုးခ်ဲ႕ခ်ထားေသးတယ္ ” ဟု မိုင္းေယာ္ျပည္သူစစ္အဖြဲ႕၀င္တစ္ဦးမွ ေျပာျပပါ
သည္။
“ ဒီသူပုန္အဖြဲ႕က နည္းမ်ိဳးစံုနဲ႔ ျပႆနာရွာေနတာ NCA မွာ ၿငိမ္းခ်မ္းေရးလက္မွတ္မထိုးဘဲ အစိုးရကို ဘယ္လို မ်ိဳး ဒုကၡေပးရင္ေကာင္းမလဲ စဥ္းစားေနတာ၊ အခုလည္း ရြာသား ၅ ဦး ဖမ္းသြားတဲ့အျပင္၊ ေဒသခံေတြကို သူတို႔ထင္တိုင္းလုပ္ေနတာ၊ နယ္ေျမဖံြ႕ၿဖိဳးတိုးတက္ေရးအတြက္ ဘာတစ္ခုမွ လုပ္ေဆာင္မေပးတဲ့
အျပင္ ကိုယ့္ လူမ်ိဳးကိုယ္ျပန္ၿပီး ဒုကၡမ်ိဳးစံုေပးေနတာေလ ” ဟု လား႐ိႈးၿမိဳ႕ခံ ေရွ႕ေနတစ္ဦးမွ ေျပာျပပါသည္။
________________________________________________________________________
#Unicode
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော် ကျေးရွာအနီး ပြောင်းခြံနှင့်နာနတ်ခြံလုပ်သား ၅ ဦးအား ဇွန်လ ၂၆ ရက်နေ့တွင် KIA နှင့် TNLA သူပုန် ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံအကြီး အကဲတစ်ဦးမှ ပြောပြပါသည်။
“ ကျွန်တော်တို့ မိုင်းယော်ကျေးရွာထဲမှာ မန်ပန်ပြည်သူ့ စစ်ရှိတယ်၊ အစိုးရရဲ
လည်းရှိတယ်၊ သူပုန်ဆို တစ်ခါမှ မမြင်ဖူူးဘူး၊ မနေ့က တိုက်ပွဲဖြစ်ပြီးမှ သူပုန်ဆိုတာကို မြင်ဖူးတော့တယ်၊ ယခုလည်း မိုင်းယော်ကျေးရွာအနီးမှာ ပြောင်းနဲ့နာ
နတ်ခြံလုပ်သား ရှမ်း ၂ ယောက်နဲ့ ပလောင် ၃ ယောက်ကို ဖမ်းခေါ်သွားတယ်၊ ရပ်ရွာလူကြီးတွေ သွားမေးတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ပြောတယ်၊ ဒါပေမယ့် ခုထိ အိမ်မရောက်သေးဘူး ” ဟု ဒေသခံတစ်ဦးမှ ပြောပြပါသည်။
အဆိုပါ KIA နှင့် TNLA သူပုန် ပူးပေါင်းအဖွဲ့သည် မိုင်းယော်ကျေးရွာအနီး ပြောင်းခင်းပေါင်းရှင်းနေသည့် ရွာသူ/ရွာသား ၃၀ ယောက်ကိုလည်း လမ်းမကြီး
တစ်လျှောက် ထိုင်ခိုင်းပြီး တစ်ယောက်ချင်းစီ စစ်ဆေးမေးမြန်း ကာ ည ရ
နာရီကျော်မှ ပြန်လွှတ်ပေးခဲ့တယ်။ “ ဒီသူပုန်အဖွဲ့က တော်တော်ဆိုးတဲ့အဖွဲ့ပဲ။ အစိုးရစစ်ကြောင်းကို ချောင်းပစ်လိုက်၊ RCSS/SSA အဖွဲ့နဲ့ တိုက်ပွဲဖြစ်လိုက်နဲ့ အမျိုးမျိုးကို ပြဿနာလိုက်ရှာနေတာ၊ အခုလည်း မိုင်းယော်ပြည်သူ့စစ်ပိုင် မန်မတ်၊ ပန်ကိန်လုံ၊ ပန်ကိန်အွန် စတဲ့ကျေးရွာတွေမှာ ၎င်းတို့ရဲ့စခန်းများ နယ်မြေ တိုးချဲ့ချထားသေးတယ် ” ဟု မိုင်းယော်ပြည်သူစစ်အဖွဲ့ဝင်တစ်ဦးမှ ပြောပြပါ
သည်။
“ ဒီသူပုန်အဖွဲ့က နည်းမျိုးစုံနဲ့ ပြဿနာရှာနေတာ NCA မှာ ငြိမ်းချမ်းရေးလက်မှတ်မထိုးဘဲ အစိုးရကို ဘယ်လို မျိုး ဒုက္ခပေးရင်ကောင်းမလဲ စဉ်းစားနေတာ၊ အခုလည်း ရွာသား ၅ ဦး ဖမ်းသွားတဲ့အပြင်၊ ဒေသခံတွေကို သူတို့ထင်တိုင်းလုပ်နေတာ၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာတစ်ခုမှ လုပ်ဆောင်မပေးတဲ့
အပြင် ကိုယ့် လူမျိုးကိုယ်ပြန်ပြီး ဒုက္ခမျိုးစုံပေးနေတာလေ ” ဟု လားရှိုးမြို့ခံ ရှေ့နေတစ်ဦးမှ ပြောပြပါသည်။
#Credit YGN media