Update News
recent

G20 ကို လုံခြုံမှုပေးမယ့် ရဲမေ အချောအလှများ

#Zawgyi
ငယ်ရွယ်ပြီး ချောမောလှပတဲ့ အမျိုးသမီး ရဲတပ်ဖွဲ့ဝင် ၂၁ ဦး ပါဝင်ပါတယ်။
 

ယခုနှစ် G20 Summit အစည်းအဝေး ကျင်းပပြုလုပ်သွားမယ့် တရုတ်နိုင်ငံ ဟန်ဇူးမြို့မှာ လုံခြုံရေးတာဝန်ယူရန်နဲ့ တက်ရေက်လာတဲ့ ဧည့်သည်တော်များကို ကြိုဆိုရန် အမျိုးသမီးသီးသန့် တရုတ်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ ငယ်ရွယ်ပြီး ချောမောလှပတဲ့ အမျိုးသမီး ရဲတပ်ဖွဲ့ဝင် ၂၁ ဦး ပါဝင်ပါတယ်။
 

အမျိုးသမီး တရုတ်ရဲမေတပ်ဖွဲ့က ဟန်ဇူးမြို့ရှိ လူအများအပြား သွားလာလေ့ရှိပြီး ထင်ရှားတဲ့ နေရာတွေမှာ အဖွဲ့ ၄ ဖွဲ့ခွဲကာ လုံခြုံရေးတာဝန်ယူသွားမယ်လို့ သိရပါတယ်။ ထင်ရှားတဲ့ နိုင်ငံခေါင်းဆောင်များ တက်ရောက်ကြမယ့် G20 အစည်းအဝေးကို လာမယ့် စက်တင်ဘာလ ၄ ရက်နဲ့ ၅ ရက်နေ့တို့မှာ တရုတ်နိုင်ငံ ဟန်ဇူးမြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
 

အစည်းအဝေးကို G20 အဖွဲ့ဝင်များဖြစ်ကြတဲ့ အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ မက္ကစီကို၊ ရုရှား၊ ဆော်ဒီအာရေဗီးယား၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ တူရကီ၊ ဗြိတိန်၊ အမေရိကန်၊ ဥရောပါသမဂ္ဂတို့မှ သက်ဆိုင်ရာ ခေါင်းဆောင်များ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
 

ဒါ့အပြင် ယခုနှစ် G20 အစည်းအဝေးကို ဧည့်သည်အဖြစ် တက်ရောက်ရန်အတွက် စင်ကာပူ၊ ချတ်ဒ်၊ အီဂျစ်၊ ကာဇက်စတန်၊ လာအို၊ ဆီနီဂေါနဲ့ စပိန်နိုင်ငံတို့ကိုလည်း ဖိတ်ကြားထားကြောင်း သိရပါတယ်။
#Credit  Duwun
aung  yein chan

aung yein chan

Powered by Blogger.