Update News
recent

ၿမိဳ႕ေတာ္ေပက်င္း တစ္ႏွစ္လွ်င္ ၁၁ စင္တီမီတာ ေျမသားနိမ့္ဆင္းလ်က္ရွိ


#Zawgyi
တ႐ုတ္ႏိုင္ငံ ၿမိဳ႕ေတာ္ ေပက်င္းၿမိဳ႕သည္ ေျမေအာက္ေရ သံုးစြဲမႈ မ်ားျပား ေသာေၾကာင့္ ယခုအခါ တစ္ႏွစ္လွ်င္ ၁၁ စင္တီမီတာ ေျမသား နိမ့္ဆင္းလ်က္ ရွိေၾကာင္း ေလ့လာခ်က္ မ်ားအရ သိရသည္။
.
ေပက်င္းၿမိဳ႕သည္ ေရသံုးစြဲမႈ အလြန္မ်ားေသာ ထိပ္တန္းႏုိင္ငံ ၁ဝ ႏိုင္ငံတြင္ ပါဝင္ၿပီး ၿမိဳ႕ေနလူထု၏ ေရသံုးစြဲမႈမွာ ေျမဆီလႊာႏွင့္ ေက်ာက္သားမ်ား အတြင္းရွိ ေျမေအာက္ေရ ပမာဏထက္ ပိုမိုမ်ားျပား ေနေၾကာင္း သိရသည္။
.
ေပက်င္းၿမိဳ႕ရွိ စက္မႈႏွင့္ စိုက္ပ်ဳိးေရး လုပ္ငန္းမ်ားႏွင့္ လူဦးေရ ထူထပ္ လာမႈေၾကာင့္ ေရသံုးစြဲမႈ မ်ားျပားလာၿပီး ၁၉၃၅ ခုႏွစ္မွစ၍ ၿမိဳ႕ေတာ္၏ ေျမသား နိမ့္ဆင္းမႈမွာ ပိုမိုျမင့္တက္ လာခဲ့သည္။
.
မၾကာေသးမီ ႏွစ္မ်ားအတြင္း ေက်းလက္ ေဒသမ်ားမွ ၿမိဳ႕ျပသို႔ အေျခခ် ေနထိုင္မႈ တိုးျမင့္လာၿပီး ၂ဝ၁၆ ခုႏွစ္တြင္ ေပက်င္းၿမိဳ႕၏ လူဦးေရ မွာ ၂၁ ဒသမ ၇ သန္း အထိရွိခဲ့ကာ ၂ဝ၁ဝ ျပည့္ႏွစ္က လူဦးေရ ၁၉ ဒသမ ၆ သန္းႏွင့္ႏိႈင္းယွဥ္ပါက ပိုမိုျမင့္တက္ ခဲ့သည္။
.
ႏိုင္ငံတကာ သုေတသီ အဖြဲ႕၏ ေလ့လာခ်က္ အရ ေပက်င္း၏ ေျမမ်က္ႏွာျပင္ သည္ ၁၉၃၅ ခုႏွစ္မွစ၍ ေျမေအာက္ေရ အလြန္အကြၽံ သံုးစြဲမႈေၾကာင့္ တျဖည္းျဖည္း နိမ့္ဆင္းလာျပီး ယင္း ေျမသား နိမ့္ဆင္းမႈသည္ ျပည္သူမ်ားႏွင့္
ၿမိဳ႕ျပ အေဆာက္အအံု မ်ား၏ လုံၿခံဳေရးကို ၿခိမ္းေျခာက္ ေနေၾကာင္း သိရသည္။
.
ထို႔ျပင္ ရွန္ဟိုင္း၊ ထ်န္းက်င္းႏွင့္ တိုင္ယြမ္ၿမိဳ႕ တို႔သည္လည္း ေျမေအာက္ေရ သံုးစြဲမႈ မ်ားျပား ေသာေၾကာင့္ ၁၉ဝဝ ျပည့္ႏွစ္ အေစာပိုင္း ကတည္းက ၂ မီတာေက်ာ္ ေျမသား နိမ့္ဆင္း လာလ်က္ ရွိေၾကာင္း သိရသည္။

_________________________________________________________________________
#Unicode
တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့သည် မြေအောက်ရေ သုံးစွဲမှု များပြား သောကြောင့် ယခုအခါ တစ်နှစ်လျှင် ၁၁ စင်တီမီတာ မြေသား နိမ့်ဆင်းလျက် ရှိကြောင်း လေ့လာချက် များအရ သိရသည်။
.
ပေကျင်းမြို့သည် ရေသုံးစွဲမှု အလွန်များသော ထိပ်တန်းနိုင်ငံ ၁ဝ နိုင်ငံတွင် ပါဝင်ပြီး မြို့နေလူထု၏ ရေသုံးစွဲမှုမှာ မြေဆီလွှာနှင့် ကျောက်သားများ အတွင်းရှိ မြေအောက်ရေ ပမာဏထက် ပိုမိုများပြား နေကြောင်း သိရသည်။
.
ပေကျင်းမြို့ရှိ စက်မှုနှင့် စိုက်ပျိုးရေး လုပ်ငန်းများနှင့် လူဦးရေ ထူထပ် လာမှုကြောင့် ရေသုံးစွဲမှု များပြားလာပြီး ၁၉၃၅ ခုနှစ်မှစ၍ မြို့တော်၏ မြေသား နိမ့်ဆင်းမှုမှာ ပိုမိုမြင့်တက် လာခဲ့သည်။
.
မကြာသေးမီ နှစ်များအတွင်း ကျေးလက် ဒေသများမှ မြို့ပြသို့ အခြေချ နေထိုင်မှု တိုးမြင့်လာပြီး ၂ဝ၁၆ ခုနှစ်တွင် ပေကျင်းမြို့၏ လူဦးရေ မှာ ၂၁ ဒသမ ရ သန်း အထိရှိခဲ့ကာ ၂ဝ၁ဝ ပြည့်နှစ်က လူဦးရေ ၁၉ ဒသမ ၆ သန်းနှင့်နှိုင်းယှဉ်ပါက ပိုမိုမြင့်တက် ခဲ့သည်။
.
နိုင်ငံတကာ သုတေသီ အဖွဲ့၏ လေ့လာချက် အရ ပေကျင်း၏ မြေမျက်နှာပြင် သည် ၁၉၃၅ ခုနှစ်မှစ၍ မြေအောက်ရေ အလွန်အကျွံ သုံးစွဲမှုကြောင့် တဖြည်းဖြည်း နိမ့်ဆင်းလာပြီး ယင်း မြေသား နိမ့်ဆင်းမှုသည် ပြည်သူများနှင့်
မြို့ပြ အဆောက်အအုံ များ၏ လုံခြုံရေးကို ခြိမ်းခြောက် နေကြောင်း သိရသည်။
.
ထို့ပြင် ရှန်ဟိုင်း၊ ထျန်းကျင်းနှင့် တိုင်ယွမ်မြို့ တို့သည်လည်း မြေအောက်ရေ သုံးစွဲမှု များပြား သောကြောင့် ၁၉ဝဝ ပြည့်နှစ် အစောပိုင်း ကတည်းက ၂ မီတာကျော် မြေသား နိမ့်ဆင်း လာလျက် ရှိကြောင်း သိရသည်။

#Credit  Pyi chit thar
aung  yein chan

aung yein chan

Powered by Blogger.