သတင္းထက္ သူငယ္ခ်င္းေတြရဲ႕ ပုိ႕စ္မ်ားကုိ ဦးစားေပးသြားမယ္လုိ႕ ေဖ့စ္ဘြတ္ေျပာ
#Zawgyi
ေဖ့စ္ဘြတ္ News Feed မွာ ပုိ႕စ္မ်ားေဖာ္ျပရာတြင္ သတင္းဌာနပုုိ႕စ္မ်ားထက္ အသုံးျပဳသူရဲ႕ သူငယ္ခ်င္းနဲ႕ မိသားစုေတြ လႊင့္တင္တဲ့ ပုိ႕စ္မ်ားကုိ အသားေပး ေဖာ္ျပသြားမယ္လုိ႕ ေဖ့စ္ဘြတ္က ယေန႕ (ဇြန္လ ၃၀ ရက္) ေျပာၾကားလုိက္ပါတယ္။ ေဖ့စ္ဘြတ္ရဲ႕ ယခု အေျပာင္းအလဲက ၎အေပၚ အမွီျပဳၿပီး စာဖတ္သူေတြကုိ ဆြဲေဆာင္ေနတဲ့ သတင္းဌာနမ်ားအတြက္ ထိခုိက္မႈ႐ွိႏုိင္ေၾကာင္း သုံးသပ္ၾကပါတယ္။ အသုံးျပဳသူက Log In ဝင္ေရာက္လုိက္တဲ့အခါ ျမင္ေတြ႕ရမယ့္ News Feed မွာ ၎နဲ႕သက္ဆုိင္တဲ့ သူငယ္ခ်င္းနဲ႕ မိသားစု စတဲ့လူပုဂၢဳိလ္ေတြရဲ႕ ပုိ႕စ္ေတြကုိသာ အသားေပးေဖာ္ျပသြားမယ္လုိ႕ ေဖ့စ္ဘြတ္က ထုတ္ျပန္ ေျပာၾကားပါတယ္။ ေဖ့စ္ဘြတ္ News Feed ေဖာ္ျပမႈ အစီအစဥ္ အေျပာင္းအလဲကုိ ဒုတိယဥကၠ႒ အဒမ္ေမာ့ဆာရီက ဘေလာ့ဂ္ပုိ႕စ္မွာ ေျပာၾကားထားပါတယ္။ ယခု အေျပာင္းအလဲအရ အသုံးျပဳသူေတြ အေနနဲ႕ ေဖ့စ္ဘြတ္မွာ သတင္းဌာနေတြရဲ႕ ပုိ႕စ္ေတြထက္ ၎တုိ႕ရဲ႕ သူငယ္ခ်င္းနဲ႕ မိသားစုေတြ တင္လုိက္တဲ့ ပုိ႕စ္ေတြကုိ ပုိမုိျမင္ေတြ႕လာႏုိင္မွာျဖစ္ေၾကာင္း သိရပါတယ္။
__________________________________________________________________________
#Unicode
ဖေ့စ်ဘွတ် News Feed မှာ ပို့စ်များဖော်ပြရာတွင် သတင်းဌာနပုုိ့စ်များထက် အသုံးပြုသူရဲ့ သူငယ်ချင်းနဲ့ မိသားစုတွေ လွှင့်တင်တဲ့ ပို့စ်များကို အသားပေး ဖော်ပြသွားမယ်လို့ ဖေ့စ်ဘွတ်က ယနေ့ (ဇွန်လ ၃၀ ရက်) ပြောကြားလိုက်ပါတယ်။ ဖေ့စ်ဘွတ်ရဲ့ ယခု အပြောင်းအလဲက ၎င်းအပေါ် အမှီပြုပြီး စာဖတ်သူတွေကို ဆွဲဆောင်နေတဲ့ သတင်းဌာနများအတွက် ထိခိုက်မှုရှိနိုင်ကြောင်း သုံးသပ်ကြပါတယ်။ အသုံးပြုသူက Log In ဝင်ရောက်လိုက်တဲ့အခါ မြင်တွေ့ရမယ့် News Feed မှာ ၎င်းနဲ့သက်ဆိုင်တဲ့ သူငယ်ချင်းနဲ့ မိသားစု စတဲ့လူပုဂ္ဂိုလ်တွေရဲ့ ပို့စ်တွေကိုသာ အသားပေးဖော်ပြသွားမယ်လို့ ဖေ့စ်ဘွတ်က ထုတ်ပြန် ပြောကြားပါတယ်။ ဖေ့စ်ဘွတ် News Feed ဖော်ပြမှု အစီအစဉ် အပြောင်းအလဲကို ဒုတိယဥက္ကဋ္ဌ အဒမ်မော့ဆာရီက ဘလော့ဂ်ပို့စ်မှာ ပြောကြားထားပါတယ်။ ယခု အပြောင်းအလဲအရ အသုံးပြုသူတွေ အနေနဲ့ ဖေ့စ်ဘွတ်မှာ သတင်းဌာနတွေရဲ့ ပို့စ်တွေထက် ၎င်းတို့ရဲ့ သူငယ်ချင်းနဲ့ မိသားစုတွေ တင်လိုက်တဲ့ ပို့စ်တွေကို ပိုမိုမြင်တွေ့လာနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
#Credit DUWUN