လက္ကုိင္ဖုန္းလုယက္သူမ်ားအား ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွ စံုစမ္းေဖာ္ထုတ္ အေရးယူ
#Zawgyi
ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရံုးမွတပ္ဖြဲ႕၀င္မ်ားသည္ လံုျခံဳေရး၊ တရား
ဥပေဒစုိးမုိးေရးႏွင့္ မႈခင္းေလ်ာ့နည္းက်ဆင္းေရးအတြက္ ရက္ ၁၀၀ စီမံခ်က္
အရ နယ္ေျမမ်ားအတြင္း ခိုးမႈ၊ လုယက္မႈ၊ ခါးပုိက္ႏႈိက္မႈက်ဴးလြန္သူမ်ားကုိ
စံုစမ္းေဖာ္ထုတ္ အေရးယူေဆာင္ရြက္လ်က္ရွိပါသည္။
၂၅.၆.၂၀၁၆ ရက္ေန႔ ၀၄၀၀ အခ်ိန္ခန္႔တြင္ ဗဟန္းၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕၀င္
မ်ားသည္ ဗဟန္းၿမိဳ႕နယ္၊ ကမၻာေအးဘုရားလမ္း၊ အင္းလ်ားကန္ေဘာင္တြင္
လုယက္မႈမ်ားက်ဴးလြန္ထားေၾကာင္း မသကၤာသတင္းရရွိထားေသာ မရမ္းကုန္း
ၿမိဳ႕နယ္ေနသူမ်ားျဖစ္သည့္ က်န္ေက်ာင္း(ခ)ခ်စ္ကုိကုိ၊ အာကာမင္း(ခ)ရွဥ့္ေလး
(ခ)ခ်စ္ရင္ထူး၊ လႈိင္ၿမိဳ႕နယ္ေနသူမ်ားျဖစ္သည့္ ခိုင္ျမဲ(ခ)ေဇာ္မင္းကုိ၊ မဇူးဇူးဇင္၊
ဒဂံုၿမိဳ႕သစ္(ေတာင္ပုိင္း)ၿမိဳ႕နယ္ေန ေအာင္မင္းသန္႔ႏွင့္ တာေမြၿမိဳ႕နယ္ေန
ျမတ္ႏုိး(ခ)ရနံ႔မုိးဦးတုိ႔(၆)ဦးအားေတြ႕ရွိသျဖင့္ ထိန္းသိမ္း၍ စစ္ေဆးခဲ့ပါ
သည္။
စစ္ေဆးခ်က္အရ ၎တုိ႔အဖြဲ႕သည္ ေလးဦး/ငါးဦးျဖင့္ လုယက္မႈခုိးမႈမ်ားကုိ
အတူတကြက်ဴးလြန္ခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ ၂၀၁၆ ခုႏွစ္၊ ဇြန္လ တတိယပတ္
အတြင္းက ည ၁၁ နာရီအခ်ိန္ခန္႔တြင္ ေက်ာက္တံတားၿမိဳ႕နယ္၊ ဗုိလ္ခ်ဳပ္လမ္း
ႏွင့္ပန္းဆုိးတန္းလမ္းေထာင့္အနီး၌ ဖုန္းေျပာေနသူ အသက္(၁၉)ႏွစ္ခန္႔ရွိ
အမ်ဳိးသားထံမွ Mi Note 3 အမ်ဳိးအစား အျဖဴေရာင္လက္ကုိင္ဖုန္း(၁)လံုး၊
ဗဟန္းၿမိဳ႕နယ္၊ အင္းလ်ားကန္ေဘာင္တြင္ အသက္(၁၉)ႏွစ္ခန္႔ရွိ ေက်ာပုိး
အိတ္လြယ္ထားေသာ အမ်ဳိးသားတစ္ဦးထံမွ Oppo အမ်ဳိးအစား အျဖဴေရာင္
လက္ကုိင္ဖုန္း(၁)လံုး၊ ဇြန္လဒုတိယပတ္အတြင္းက ည ၁၁ နာရီခြဲအခ်ိန္ခန္႔
တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ ေခ်ာ္တြင္းကုန္းမွတ္တုိင္အနီးတြင္ လမ္းေလွ်ာက္
ေနေသာ အမ်ဳိးသားထံမွ HUAWEI အမ်ဳိးအစား အျဖဴေရာင္လက္ကုိင္ဖုန္း
(၁)လံုး၊ ဇြန္လ ပထမပတ္အတြင္းက ည ၁၀ နာရီ အခ်ိန္ခန္႔တြင္ မရမ္းကုန္း
ၿမိဳ႕နယ္၊ Junction 8 အေနာက္ဘက္လမ္းၾကားတြင္ စကားေျပာေနေသာ
အမ်ဳိးသားႏွင့္အမ်ဳိးသမီးတုိ႔ထံမွ SAMSUNG J 5 အမ်ဳိးအစား ေရႊေရာင္
လက္ကုိင္ဖုန္း(၁)လံုး၊ မတ္လအတြင္းက နံနက္ ၁ နာရီခြဲအခ်ိန္ခန္႔တြင္
ဗဟန္းၿမိဳ႕နယ္၊ အင္းလ်ားကန္ေဘာင္ေပၚတြင္ စကားေျပာေနေသာ
အမ်ဳိးသားႏွင့္အမ်ဳိးသမီးတုိ႔ထံမွ SAMSUNG J 7 အမ်ဳိးအစား အျဖဴေရာင္
လက္ကုိင္ဖုန္း(၁)လံုးတုိ႔အား လုယက္ခဲ့ၾကေၾကာင္း၊ ဇြန္လ ဒုတိယပတ္
အတြင္းက နံနက္ ၂ နာရီ အခ်ိန္ခန္႔တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ ကမၻာေအးဘုရား
လမ္းမွတ္တုိင္တြင္ အိပ္ေပ်ာ္ေနေသာ အသက္(၂၅)ႏွစ္ခန္႔ရွိ အမ်ဳိးသား၏ HUAWEI အမ်ဳိးအစား လက္ကုိင္ဖုန္း(၁)လံုးကုိ ခိုးယူခဲ့ၾကေၾကာင္းႏွင့္
အဆုိပါလက္ကုိင္ဖုန္းမ်ားအား မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ေန ကိုမင္း(ခ)
မင္းမင္းထြန္းထံတြင္ ေရာင္းခ်ထားေၾကာင္း၊ ယင္းသုိ႔က်ဴးလြန္သည့္ အခ်ဳိ႕အမႈ
တြင္ နန္းလြင္ေအာင္ေမာင္းႏွင္သည့္ အငွားယာဥ္အားအသံုးျပဳကာ က်ဴးလြန္
ခဲ့ေၾကာင္း ေပၚေပါက္ခဲ့ပါသည္။
ေပၚေပါက္ခ်က္မ်ားအရ သက္ေသခံပစၥည္းမ်ား ျပန္လည္သိမ္းဆည္းကာ
ဗဟန္းၿမိဳ႕မရဲစခန္းတြင္ ၎တုိ႔(၆)ဦးႏွင့္အတူ ကုိမင္း(ခ)မင္းမင္းထြန္းႏွင့္
နန္းလြင္ေအာင္တုိ႔အား အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္ အျခား
က်ဴးလြန္မႈမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိပါသည္။
အဆုိပါေဖာ္ထုတ္သိမ္းဆည္းရရွိခဲ့ေသာ သက္ေသခံပစၥည္း လက္ကုိင္
ဖုန္းမ်ားကုိ ပုိင္ရွင္မ်ားမွ ျပန္လည္ရရွိႏုိင္ေစေရးအတြက္ ရဲတပ္ဖြဲ႕မွစံုစမ္း
ေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္ ပုိင္ရွင္မ်ားအေနျဖင့္လည္း ဗဟန္းၿမိဳ႕မ
ရဲစခန္းသုိ႔ လာေရာက္ဆက္သြယ္စံုစမ္းႏိုင္ပါေၾကာင္း အသိေပးေဖာ္ျပ
အပ္ပါသည္။
________________________________________________________________________
#Unicode
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် လုံခြုံရေး၊ တရား
ဥပဒေစိုးမိုးရေးနှင့် မှုခင်းလျော့နည်းကျဆင်းရေးအတွက် ရက် ၁၀၀ စီမံချက်
အရ နယ်မြေများအတွင်း ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုကျူးလွန်သူများကို
စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိပါသည်။
၂၅.၆.၂၀၁၆ ရက်နေ့ ၀၄၀၀ အချိန်ခန့်တွင် ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားကန်ဘောင်တွင်
လုယက်မှုများကျူးလွန်ထားကြောင်း မသင်္ကာသတင်းရရှိထားသော မရမ်းကုန်း
မြို့နယ်နေသူများဖြစ်သည့် ကျန်ကျောင်း(ခ)ချစ်ကိုကို၊ အာကာမင်း(ခ)ရှဥ့်လေး
(ခ)ချစ်ရင်ထူး၊ လှိုင်မြို့နယ်နေသူများဖြစ်သည့် ခိုင်မြဲ(ခ)ဇော်မင်းကို၊ မဇူးဇူးဇင်၊
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အောင်မင်းသန့်နှင့် တာမွေမြို့နယ်နေ
မြတ်နိုး(ခ)ရနံ့မိုးဦးတို့(၆)ဦးအားတွေ့ရှိသဖြင့် ထိန်းသိမ်း၍ စစ်ဆေးခဲ့ပါ
သည်။
စစ်ဆေးချက်အရ ၎င်းတို့အဖွဲ့သည် လေးဦး/ငါးဦးဖြင့် လုယက်မှုခိုးမှုများကို
အတူတကွကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ တတိယပတ်
အတွင်းက ည ၁၁ နာရီအချိန်ခန့်တွင် ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်း
နှင့်ပန်းဆိုးတန်းလမ်းထောင့်အနီး၌ ဖုန်းပြောနေသူ အသက်(၁၉)နှစ်ခန့်ရှိ
အမျိုးသားထံမှ Mi Note 3 အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း(၁)လုံး၊
ဗဟန်းမြို့နယ်၊ အင်းလျားကန်ဘောင်တွင် အသက်(၁၉)နှစ်ခန့်ရှိ ကျောပိုး
အိတ်လွယ်ထားသော အမျိုးသားတစ်ဦးထံမှ Oppo အမျိုးအစား အဖြူရောင်
လက်ကိုင်ဖုန်း(၁)လုံး၊ ဇွန်လဒုတိယပတ်အတွင်းက ည ၁၁ နာရီခွဲအချိန်ခန့်
တွင် မရမ်းကုန်းမြို့နယ်၊ ချော်တွင်းကုန်းမှတ်တိုင်အနီးတွင် လမ်းလျှောက်
နေသော အမျိုးသားထံမှ HUAWEI အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း
(၁)လုံး၊ ဇွန်လ ပထမပတ်အတွင်းက ည ၁၀ နာရီ အချိန်ခန့်တွင် မရမ်းကုန်း
မြို့နယ်၊ Junction 8 အနောက်ဘက်လမ်းကြားတွင် စကားပြောနေသော
အမျိုးသားနှင့်အမျိုးသမီးတို့ထံမှ SAMSUNG J 5 အမျိုးအစား ရွှေရောင်
လက်ကိုင်ဖုန်း(၁)လုံး၊ မတ်လအတွင်းက နံနက် ၁ နာရီခွဲအချိန်ခန့်တွင်
ဗဟန်းမြို့နယ်၊ အင်းလျားကန်ဘောင်ပေါ်တွင် စကားပြောနေသော
အမျိုးသားနှင့်အမျိုးသမီးတို့ထံမှ SAMSUNG J 7 အမျိုးအစား အဖြူရောင်
လက်ကိုင်ဖုန်း(၁)လုံးတို့အား လုယက်ခဲ့ကြကြောင်း၊ ဇွန်လ ဒုတိယပတ်
အတွင်းက နံနက် ၂ နာရီ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရား
လမ်းမှတ်တိုင်တွင် အိပ်ပျော်နေသော အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသား၏ HUAWEI အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးကို ခိုးယူခဲ့ကြကြောင်းနှင့်
အဆိုပါလက်ကိုင်ဖုန်းများအား မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုမင်း(ခ)
မင်းမင်းထွန်းထံတွင် ရောင်းချထားကြောင်း၊ ယင်းသို့ကျူးလွန်သည့် အချို့အမှု
တွင် နန်းလွင်အောင်မောင်းနှင်သည့် အငှားယာဉ်အားအသုံးပြုကာ ကျူးလွန်
ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
ပေါ်ပေါက်ချက်များအရ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းကာ
ဗဟန်းမြို့မရဲစခန်းတွင် ၎င်းတို့(၆)ဦးနှင့်အတူ ကိုမင်း(ခ)မင်းမင်းထွန်းနှင့်
နန်းလွင်အောင်တို့အား အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အခြား
ကျူးလွန်မှုများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပါသည်။
အဆိုပါဖော်ထုတ်သိမ်းဆည်းရရှိခဲ့သော သက်သေခံပစ္စည်း လက်ကိုင်
ဖုန်းများကို ပိုင်ရှင်များမှ ပြန်လည်ရရှိနိုင်စေရေးအတွက် ရဲတပ်ဖွဲ့မှစုံစမ်း
ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပိုင်ရှင်များအနေဖြင့်လည်း ဗဟန်းမြို့မ
ရဲစခန်းသို့ လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးဖော်ပြ
အပ်ပါသည်။
#Credit Yangon Police