Update News
recent

ဟစ္တလာ လက္ခဏာ အေၾကာင္း



#Zawgyi
 ဟစ္တလာ ဘယ္လုိလူစား ဆိုတာကုိေတာ့ လူတိုင္း
သိ႐ွိၿပီးျဖစ္တယ္။

ဒီမွာေတာ့ ကမၻာ့သမိုင္းဝင္ လူဆိုးတစ္ေယာက္ရဲ႕
လက္ခဏာဟာ ဘယ္လုိထူး ျခားခ်က္ေတြ ႐ွိသလဲ လုိ႔
တေစ့တေစာင္း အကဲခတ္ထားျခင္း ျဖစ္ပါတယ္။

1။ ဟစ္တလာရဲ႕ လက္ပုံသ႑ာန္ဟာ သြယ္လ်တဲ့
လက္ေခ်ာင္း႐ွိသည့္ artistic type အႏုပညာလက္ပုံ
သ႑ာန္နဲ႔ elementory type အသားထူထဲ ျဂဳိလ္ခုံ
ျမင့္သည့္ အေျခခံ လက္ ႏွစ္မ်ိဳး ေပါင္းစပ္ထားတဲ့ လက္
ပုံစံ ျဖစ္ပါတယ္။

(ဟစ္တလာဟာ ပန္းခ်ီဆရာျဖစ္ဖို႔ ၾကဳိးစားခဲ့ေသးတယ္
ပန္းခ်ီေက်ာင္း တက္ခြင့္မရခဲ့ပါဘူး။ အကယ္၍ ဟစ္
တလာ ပန္းခ်ီေက်ာင္း တက္ခြင့္ရၿပီး ပန္ခ်ီဆရာ ျဖစ္
ခဲ့ပါက ယခုလုိ အာဏာ႐ွင္တစ္ေယာက္အျဖစ္ လြဲသြား
မယ္ ထင္ပါတယ္)

ဒီလုိ ့အသားထူၿပီး သြယ္လ်ေသာ လက္ေခ်ာင္းေတြ ပိုင္
ဆိုင္သည့္အတြက္ ဟစ္တလာမွာ စိတ္လႈပ္႐ွားမႈ ျပင္း
ထန္ၿပီး တကုိယ္ေကာင္းဆန္သည့္ အတၱစိတ္ ႐ွိေနခဲ့
ပါတယ္။ၿပီးေတာ့ လုိအင္ဆႏၶရမၼက္ ေတြနဲ႔ ျပည့္ႏွက္ေန
တယ္လုိ႔ လည္း ဆိုပါတယ္။

2။ အလြန္ထင္႐ွားအားေကာင္းေနတဲ့ ျဂဳိလ္ခုံႏွစ္ခု ႐ွိပါ
တယ္။ထို ျဂဳိလ္ခုံႏွစ္ခုက လက္ညဳိးေအာက္က ၾကာသ
ပေတး ျဂဳိလ္ခုံနဲ႔ လက္ခလယ္ေအာက္က စေနျဂဳိလ္ခုံ
တို႔ ျဖစ္ပါတယ္။

ၾကာသပေတး ျဂဳိလ္ခုံဟာ ျသဇာအာဏာကုိ ၫႊန္းၿပီး
စေနျဂဳိလ္ခုံကေတာ့ ထင္ေပၚေက်ာ္ၾကားေသာ ဂုဏ္သ
တင္း ကုိ ၫႊန္းပါတယ္။
ဒီမွာေျပာစရာ႐ွိတယ္။ ျဂဳိလ္ခုံေတြ ျမင့္ေမာက္ျခင္းဟာ
မိမိလုိခ်င္ရာကုိ ျပည့္စုံေအာင္ တြန္းပို႔ တတ္ေပမယ့္
မိမိရဲ႕ လုိအင္ ဆႏၵေတြဟာ မိုက္မဲမႈသေဘာ႐ွိပါက
ထို ျမင့္ေမာက္ေသာ ျဂဳိလ္ခုံေတြဟာ အႏၱရာယ္ ေခ်ာက္
ကမ္းပါး အထိ တြန္းပို႔ တတ္ပါတယ္။ ဒါကုိ သတိျပဳ႕ရ
မွာ ပါ။

ဒီေတာ့ ဟစ္တလာလုိ႔ အာဏာ႐ွင္ျဖစ္ဖို႔ ၾကဳိးစားေသာ
လူတစ္ေယာက္အတြက္ ျမင့္ေသာၾကာသပေတး ျဂဳိလ္
ခုံဟာ ေကာင္းသည့္ သေဘာကုိမေဆာင္ေတာ့ပဲ
သူတပါးအေပၚ အတင္းအက်ပ္ လႊမ္းမိုးလုိျခင္း ၊
အႏိုင္က်င့္ လုိျခင္း၊ အစီအစဥ္မက်ေသာ ကိစၥရပ္ေတြ
မွာ ေခါင္းညိမ့္ေစလုိျခင္း၊မိမိရဲ႕ ထူးျခားေသာ ေခါင္း
ေဆာင္မႈ စြမ္းရည္ကုိ မွားယြင္းစြာ အသုံးခ်မိျခင္း မ်ား
ျဖစ္ေပၚလာပါတယ္။

ေနာက္တစ္ခါ စေနျဂဳိလ္ခုံ ျမင့္ေမာက္ျခင္းဟာ စိတ္ခံစား
ခ်က္ ျပင္းထန္ျခင္း၊အျခားသူရဲ႕ အထင္အျမင္အေပၚ
အေကာက္အယူ လြဲျခင္း၊ မိမိကုိယ္ကုိ သိမ္ငယ္စိတ္
ထားျခင္း၊ဆန္႔က်င့္ဘက္ ခံစားခ်က္ကုိ ႐ုတ္ခ်ည္း
ေျပာင္း လဲေစတတ္ျခင္း၊ စိတ္က်လုိ႔ ငုိေႂကြးေနရာမွ
႐ုတ္ခ်ည္း ျပန္ထသတ္ လုိျခင္း၊
(သတ္ရဲ ေသရဲစိတ္ ႐ွိျခင္း)

တစ္ခ်ိန္ထဲမွာပင္ မိမိကုိယ္ကုိ အထင္ႀကီးစိတ္႐ွိေန
တတ္ျခင္း။ အာဏာကုိ တက္မက္ျခင္း၊တယူသန္စိတ္
႐ိွျခင္း၊အရာရာတိုင္းကုိ မိမိက စြမ္းႏိုင္တယ္ဟု ထင္
မွတ္ျခင္း (သူကုိယ့္သူ ဂ်ာမန္လူမ်ိဳးေတြအတြက္
ဘုရားသခင္မွ ေစလႊတ္ျခင္း ခံရသူဟု ထင္မွတ္ ေန
ျခင္း ) ျဖစ္ပါတယ္။

3။အသက္လမ္းေၾကာင္းအဆုံးဟာ ၾကက္ေျခခတ္နဲ႔
အဆုံးသတ္ေနပါတယ္။(လက္ေကာက္ဝတ္ အထက္
နား ကုိ ၾကည့္ပါ)
ဒီ လုိအမွတ္းအသားဟာ မေကာင္းေသာ ထိတ္လန္႔
ဖြယ္ ဘဝအဆုံးသတ္ကုိ ေဖာ္ျပေနတယ္လုိ႔ ဆိုႏိုင္
တယ္။

4။ ညဏ္လမ္းေၾကာင္း အဆုံးသတ္ က ကြၽန္းပုံစံတစ္ခု
နဲ႔ အဆုံးသတ္ေနပါတယ္။
ဒါဟာ ဦးေႏွာက္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္႐ွိတယ္။
တနည္းအားျဖင့္ မူမွန္ေသာ စိတ္မ႐ွိျခင္း ကုိ ဆိုလုိ
တာ ျဖစ္တယ္။
ေနာက္ၿပီး ဦးေခါင္း ထိခိုက္မႈ ဒဏ္ရာ ရတတ္ျခင္း ကုိ
လည္း တင္ၾကဳိသတိေပး ပါတယ္။
ဒီလုိ ဥာဏ္လမ္းေၾကာင္း ကြၽန္း႐ွိေနတာနဲ႔ စေနျဂဳိလ္
ခုံရဲ႕ သတ္ရဲေသရဲစိတ္ကုိ ေပါင္းစပ္ရလ်ွင္ ဟစ္တလာ
ဟာ မိမိကုိယ္ကုိ သတ္မေသခင္ စိတ္ေဝဒနာ ရ႐ွိႏိုင္
တယ္။

အျပင္မွာလည္း သတင္းထြက္ခဲ့ပါတယ္။ ဟစ္တလာ
ရဲ႕ စိတ္ဟာ မိမိကုိယ္ကုိ စိတ္ႀကီးဝင္ ဘဝင္ျမင့္ စိတ္
႐ွိေနတယ္ဟု။ ဟစ္တလာရဲ႕ ျဖစ္ရပ္မွန္ ႐ုပ္႐ွင္ျပကြက္
တစ္ခုထဲမွာ သူ႔လက္ေတြ တုန္ေနတာဟာ အာ႐ုံ
ေၾကာ ခ်ိဳ႕ယြင္းမႈေၾကာင့္ လုိ႔ ဆိုၾကပါတယ္။

စာ႐ွည္ေနမွာ စုိးလုိ႔ ဒီေနရာတြင္ နားပါၿပီ.....
မနက္ျဖန္ လက္က်န္တဝက္ကုိ အၿပီး တင္ေပးပါမည္။
ဝါသနာ႐ွင္မ်ား က်မ္းမာ ခ်မ္းသာၾကပါ ေစသတည္း၊
______________________________________________________________________
#Unicode
 ဟစ်တလာ ဘယ်လိုလူစား ဆိုတာကိုတော့ လူတိုင်း
သိရှိပြီးဖြစ်တယ်။

ဒီမှာတော့ ကမ္ဘာ့သမိုင်းဝင် လူဆိုးတစ်ယောက်ရဲ့
လက်ခဏာဟာ ဘယ်လိုထူး ခြားချက်တွေ ရှိသလဲ လို့
တစေ့တစောင်း အကဲခတ်ထားခြင်း ဖြစ်ပါတယ်။

1။ ဟစ်တလာရဲ့ လက်ပုံသဏ္ဍာန်ဟာ သွယ်လျတဲ့
လက်ချောင်းရှိသည့် artistic type အနုပညာလက်ပုံ
သဏ္ဍာန်နဲ့ elementory type အသားထူထဲ ဂြိုလ်ခုံ
မြင့်သည့် အခြေခံ လက် နှစ်မျိုး ပေါင်းစပ်ထားတဲ့ လက်
ပုံစံ ဖြစ်ပါတယ်။

(ဟစ်တလာဟာ ပန်းချီဆရာဖြစ်ဖို့ ကြိုးစားခဲ့သေးတယ်
ပန်းချီကျောင်း တက်ခွင့်မရခဲ့ပါဘူး။ အကယ်၍ ဟစ်
တလာ ပန်းချီကျောင်း တက်ခွင့်ရပြီး ပန်ချီဆရာ ဖြစ်
ခဲ့ပါက ယခုလို အာဏာရှင်တစ်ယောက်အဖြစ် လွဲသွား
မယ် ထင်ပါတယ်)

ဒီလို ့အသားထူပြီး သွယ်လျသော လက်ချောင်းတွေ ပိုင်
ဆိုင်သည့်အတွက် ဟစ်တလာမှာ စိတ်လှုပ်ရှားမှု ပြင်း
ထန်ပြီး တကိုယ်ကောင်းဆန်သည့် အတ္တစိတ် ရှိနေခဲ့
ပါတယ်။ပြီးတော့ လိုအင်ဆန္ဓရမ္မက် တွေနဲ့ ပြည့်နှက်နေ
တယ်လို့ လည်း ဆိုပါတယ်။

2။ အလွန်ထင်ရှားအားကောင်းနေတဲ့ ဂြိုလ်ခုံနှစ်ခု ရှိပါ
တယ်။ထို ဂြိုလ်ခုံနှစ်ခုက လက်ညိုးအောက်က ကြာသ
ပတေး ဂြိုလ်ခုံနဲ့ လက်ခလယ်အောက်က စနေဂြိုလ်ခုံ
တို့ ဖြစ်ပါတယ်။

ကြာသပတေး ဂြိုလ်ခုံဟာ သြဇာအာဏာကို ညွှန်းပြီး
စနေဂြိုလ်ခုံကတော့ ထင်ပေါ်ကျော်ကြားသော ဂုဏ်သ
တင်း ကို ညွှန်းပါတယ်။
ဒီမှာပြောစရာရှိတယ်။ ဂြိုလ်ခုံတွေ မြင့်မောက်ခြင်းဟာ
မိမိလိုချင်ရာကို ပြည့်စုံအောင် တွန်းပို့ တတ်ပေမယ့်
မိမိရဲ့ လိုအင် ဆန္ဒတွေဟာ မိုက်မဲမှုသဘောရှိပါက
ထို မြင့်မောက်သော ဂြိုလ်ခုံတွေဟာ အန္တရာယ် ချောက်
ကမ်းပါး အထိ တွန်းပို့ တတ်ပါတယ်။ ဒါကို သတိပြု့ရ
မှာ ပါ။

ဒီတော့ ဟစ်တလာလို့ အာဏာရှင်ဖြစ်ဖို့ ကြိုးစားသော
လူတစ်ယောက်အတွက် မြင့်သောကြာသပတေး ဂြိုလ်
ခုံဟာ ကောင်းသည့် သဘောကိုမဆောင်တော့ပဲ
သူတပါးအပေါ် အတင်းအကျပ် လွှမ်းမိုးလိုခြင်း ၊
အနိုင်ကျင့် လိုခြင်း၊ အစီအစဉ်မကျသော ကိစ္စရပ်တွေ
မှာ ခေါင်းညိမ့်စေလိုခြင်း၊မိမိရဲ့ ထူးခြားသော ခေါင်း
ဆောင်မှု စွမ်းရည်ကို မှားယွင်းစွာ အသုံးချမိခြင်း များ
ဖြစ်ပေါ်လာပါတယ်။

နောက်တစ်ခါ စနေဂြိုလ်ခုံ မြင့်မောက်ခြင်းဟာ စိတ်ခံစား
ချက် ပြင်းထန်ခြင်း၊အခြားသူရဲ့ အထင်အမြင်အပေါ်
အကောက်အယူ လွဲခြင်း၊ မိမိကိုယ်ကို သိမ်ငယ်စိတ်
ထားခြင်း၊ဆန့်ကျင့်ဘက် ခံစားချက်ကို ရုတ်ချည်း
ပြောင်း လဲစေတတ်ခြင်း၊ စိတ်ကျလို့ ငိုကြွေးနေရာမှ
ရုတ်ချည်း ပြန်ထသတ် လိုခြင်း၊
(သတ်ရဲ သေရဲစိတ် ရှိခြင်း)

တစ်ချိန်ထဲမှာပင် မိမိကိုယ်ကို အထင်ကြီးစိတ်ရှိနေ
တတ်ခြင်း။ အာဏာကို တက်မက်ခြင်း၊တယူသန်စိတ်
ရှိခြင်း၊အရာရာတိုင်းကို မိမိက စွမ်းနိုင်တယ်ဟု ထင်
မှတ်ခြင်း (သူကိုယ့်သူ ဂျာမန်လူမျိုးတွေအတွက်
ဘုရားသခင်မှ စေလွှတ်ခြင်း ခံရသူဟု ထင်မှတ် နေ
ခြင်း ) ဖြစ်ပါတယ်။

3။အသက်လမ်းကြောင်းအဆုံးဟာ ကြက်ခြေခတ်နဲ့
အဆုံးသတ်နေပါတယ်။(လက်ကောက်ဝတ် အထက်
နား ကို ကြည့်ပါ)
ဒီ လိုအမှတ်းအသားဟာ မကောင်းသော ထိတ်လန့်
ဖွယ် ဘဝအဆုံးသတ်ကို ဖော်ပြနေတယ်လို့ ဆိုနိုင်
တယ်။

4။ ညဏ်လမ်းကြောင်း အဆုံးသတ် က ကျွန်းပုံစံတစ်ခု
နဲ့ အဆုံးသတ်နေပါတယ်။
ဒါဟာ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိတယ်။
တနည်းအားဖြင့် မူမှန်သော စိတ်မရှိခြင်း ကို ဆိုလို
တာ ဖြစ်တယ်။
နောက်ပြီး ဦးခေါင်း ထိခိုက်မှု ဒဏ်ရာ ရတတ်ခြင်း ကို
လည်း တင်ကြိုသတိပေး ပါတယ်။
ဒီလို ဉာဏ်လမ်းကြောင်း ကျွန်းရှိနေတာနဲ့ စနေဂြိုလ်
ခုံရဲ့ သတ်ရဲသေရဲစိတ်ကို ပေါင်းစပ်ရလျှင် ဟစ်တလာ
ဟာ မိမိကိုယ်ကို သတ်မသေခင် စိတ်ဝေဒနာ ရရှိနိုင်
တယ်။

အပြင်မှာလည်း သတင်းထွက်ခဲ့ပါတယ်။ ဟစ်တလာ
ရဲ့ စိတ်ဟာ မိမိကိုယ်ကို စိတ်ကြီးဝင် ဘဝင်မြင့် စိတ်
ရှိနေတယ်ဟု။ ဟစ်တလာရဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ပြကွက်
တစ်ခုထဲမှာ သူ့လက်တွေ တုန်နေတာဟာ အာရုံ
ကြော ချို့ယွင်းမှုကြောင့် လို့ ဆိုကြပါတယ်။

စာရှည်နေမှာ စိုးလို့ ဒီနေရာတွင် နားပါပြီ.....
မနက်ဖြန် လက်ကျန်တဝက်ကို အပြီး တင်ပေးပါမည်။
ဝါသနာရှင်များ ကျမ်းမာ ချမ်းသာကြပါ စေသတည်း၊
#Credit  Oo Thaw
aung  yein chan

aung yein chan

Powered by Blogger.