ႏုိင္ငံ့လက္ေရြးစင္ ကစားသမားဘ၀ အနားယူမည္ဟု မက္ဆီေၾကညာ
#Zawgyi
ကိုပါအေမရိကဗိုလ္လုပြဲတြင္ ခ်ီလီအသင္းကို အေရးနိမ့္ခဲ့ၿပီးေနာက္ လက္ေရြးစင္ကစားသ မားဘဝမွ အနားယူေတာ့မည္ဟု အာဂ်င္တီးနား အသင္းေခါင္း ေဆာင္ မက္ဆီက အံ့အားသင့္ဖြယ္ထုတ္ေဖာ္ေၾကညာခဲ့သည္။
အသက္ (၂၉) ႏွစ္အရြယ္ရွိဘာစီလိုနာတိုက္စစ္မွဴးသည္ ပင္ နယ္တီအဆံုးအျဖတ္တြင္ ဦးဆံုး တာဝန္ယူကန္သြင္းေသာ္လည္း ၎၏ကန္ခ်က္ ဂိုးဘားတန္းေပၚ ေက်ာ္ထြက္သြားခဲ့သည္။ မက္ဆီ သည္ ၂၀၁၄ ကမၻာ့ဖလား၊ ၂၀၁၅ ႏွင့္ ၂၀၁၆ ကိုပါအေမရိကဖလား ဗိုလ္လုပြဲမ်ား ေရာက္ရွိေအာင္ အာဂ်င္တီးနားကို ဦးေဆာင္ေပး ခဲ့ေသာ္လည္း ဒုတိယဆုမ်ားျဖင့္သာ ေက်နပ္ခဲ့ရ၍ လက္ေရြးစင္ကစားသမားဘဝကို လက္ေလွ်ာ့ လိုက္ၿပီဟု ဖြင့္ဟခဲ့သည္။
ပြဲအၿပီး သတင္းေထာက္ မ်ားႏွင့္ ေတြ႕ဆံုခ်ိန္တြင္ မက္ဆီက ‘‘အေျခအေနေတြက ကြၽန္ ေတာ့္အတြက္ မဟုတ္ခဲ့ဘူး။ ကြၽန္ေတာ့္အတြက္ေတာ့ လက္ေရြးစင္အသင္းသားဘဝဟာ ၿပီးဆံုးသြား ၿပီ။ ကြၽန္ေတာ္လုပ္ေပးႏုိင္သမွ် လုပ္ခဲ့ၿပီးၿပီ။ ခ်န္ပီယံမျဖစ္ဖူးခဲ့ တာ နာက်င္စရာပါ’’ဟု ေျပာၾကားခဲ့သည္။ ၎က ‘‘ကြၽန္ေတာ္ဗိုလ္ လုပြဲေလးႀကိမ္ ကစားဖူးတယ္။ ႀကိဳးလည္းႀကိဳးစားခဲ့တယ္။ ကြၽန္ေတာ္ အလိုခ်င္ဆံုးအျဖစ္ခ်င္ ဆံုးက လက္ေရြးစင္အသင္းနဲ႔ အတူ ဖလားရဖို႔ပါ။ ဒါေပမဲ့ ကြၽန္ေတာ္ျဖစ္ေအာင္ မလုပ္ႏုိင္ခဲ့ဘူး’’ ဟု ဆိုသည္။ မက္ဆီသည္ ယခုႏွစ္ ကိုပါၿပိဳင္ပြဲတြင္ ႏုိင္ငံအတြက္ (၅၅) ဂိုးသြင္းေပးခဲ့ၿပီး အာဂ်င္တီးနား၏ ထာဝရဂိုးသြင္း အမ်ားဆံုးစံခ်ိန္ရွင္လည္း ျဖစ္လာခဲ့သည္။
မက္ဆီက သတင္းေထာက္ မ်ားကို အနားယူမည္ဟု ေျပာဆိုခဲ့သလုိ မာေရွယာႏို၊ အဂူ႐ို၊ဟီဂူအင္ တို႔အပါအဝင္ ၎၏ အသင္းေဖာ္အခ်ိဳ႕လည္း လက္ေရြးစင္ဘဝကို စြန္႔ခြာေတာ့မည္ဟု သတင္းမ်ားထြက္ေပၚေနသည္။
အာဂ်င္တီးနားဂိုးသမား ယိုမဲ႐ိုးကမူ မက္ဆီသည္ ေသြးပူေန သည့္အခ်ိန္တြင္ ခံစားခ်က္ေပါက္ကြဲခဲ့ျခင္းျဖစ္ႏုိင္ၿပီး လက္ေရြးစင္ အတြက္ ဆက္ကစားေပးမည္ဟု ေမွ်ာ္လင့္ေၾကာင္း ဖြင့္ဟသည္။
‘‘အရမ္းေသြးပူေနတဲ့ အခ်ိန္မွာ သူအခုလိုေျပာျဖစ္သြားတာလုိ႔ ကြၽန္ေတာ္ထင္တယ္။ သိပ္ကို လွပတဲ့ အခြင့္အလမ္းေကာင္းတစ္
ခုကို ကြၽန္ေတာ္တုိ႔ ဆံုး႐ံႈးလိုက္ရတာေလ။ ဒီဒဏ္ကိုေတာင့္ခံဖို႔ ခက္လြန္းပါတယ္။ မက္ဆီမပါတဲ့ အာဂ်င္တီးနား လက္ေရြးစင္အသင္းကို ကြၽန္ေတာ္ျမင္ေယာင္ၾကည့္လုိ႔ေတာင္မရဘူး။ သူ႔စကားကို သူ ျပန္ျပင္ဖုိ႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါ တယ္’’ဟု ယိုမဲ႐ိုးက ေျပာၾကား သည္။
_________________________________________________________________________
#Unicode
ကိုပါအမေရိကဗိုလ်လုပွဲတွင် ချီလီအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် လက်ရွေးစင်ကစားသ မားဘဝမှ အနားယူတော့မည်ဟု အာဂျင်တီးနား အသင်းခေါင်း ဆောင် မက်ဆီက အံ့အားသင့်ဖွယ်ထုတ်ဖော်ကြေညာခဲ့သည်။
အသက် (၂၉) နှစ်အရွယ်ရှိဘာစီလိုနာတိုက်စစ်မှူးသည် ပင် နယ်တီအဆုံးအဖြတ်တွင် ဦးဆုံး တာဝန်ယူကန်သွင်းသော်လည်း ၎င်း၏ကန်ချက် ဂိုးဘားတန်းပေါ် ကျော်ထွက်သွားခဲ့သည်။ မက်ဆီ သည် ၂၀၁၄ ကမ္ဘာ့ဖလား၊ ၂၀၁၅ နှင့် ၂၀၁၆ ကိုပါအမေရိကဖလား ဗိုလ်လုပွဲများ ရောက်ရှိအောင် အာဂျင်တီးနားကို ဦးဆောင်ပေး ခဲ့သော်လည်း ဒုတိယဆုများဖြင့်သာ ကျေနပ်ခဲ့ရ၍ လက်ရွေးစင်ကစားသမားဘဝကို လက်လျှော့ လိုက်ပြီဟု ဖွင့်ဟခဲ့သည်။
ပွဲအပြီး သတင်းထောက် များနှင့် တွေ့ဆုံချိန်တွင် မက်ဆီက ‘‘အခြေအနေတွေက ကျွန် တော့်အတွက် မဟုတ်ခဲ့ဘူး။ ကျွန်တော့်အတွက်တော့ လက်ရွေးစင်အသင်းသားဘဝဟာ ပြီးဆုံးသွား ပြီ။ ကျွန်တော်လုပ်ပေးနိုင်သမျှ လုပ်ခဲ့ပြီးပြီ။ ချန်ပီယံမဖြစ်ဖူးခဲ့ တာ နာကျင်စရာပါ’’ဟု ပြောကြားခဲ့သည်။ ၎င်းက ‘‘ကျွန်တော်ဗိုလ် လုပွဲလေးကြိမ် ကစားဖူးတယ်။ ကြိုးလည်းကြိုးစားခဲ့တယ်။ ကျွန်တော် အလိုချင်ဆုံးအဖြစ်ချင် ဆုံးက လက်ရွေးစင်အသင်းနဲ့ အတူ ဖလားရဖို့ပါ။ ဒါပေမဲ့ ကျွန်တော်ဖြစ်အောင် မလုပ်နိုင်ခဲ့ဘူး’’ ဟု ဆိုသည်။ မက်ဆီသည် ယခုနှစ် ကိုပါပြိုင်ပွဲတွင် နိုင်ငံအတွက် (၅၅) ဂိုးသွင်းပေးခဲ့ပြီး အာဂျင်တီးနား၏ ထာဝရဂိုးသွင်း အများဆုံးစံချိန်ရှင်လည်း ဖြစ်လာခဲ့သည်။
မက်ဆီက သတင်းထောက် များကို အနားယူမည်ဟု ပြောဆိုခဲ့သလို မာရှေယာနို၊ အဂူရို၊ဟီဂူအင် တို့အပါအဝင် ၎င်း၏ အသင်းဖော်အချို့လည်း လက်ရွေးစင်ဘဝကို စွန့်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေသည်။
အာဂျင်တီးနားဂိုးသမား ယိုမဲရိုးကမူ မက်ဆီသည် သွေးပူနေ သည့်အချိန်တွင် ခံစားချက်ပေါက်ကွဲခဲ့ခြင်းဖြစ်နိုင်ပြီး လက်ရွေးစင် အတွက် ဆက်ကစားပေးမည်ဟု မျှော်လင့်ကြောင်း ဖွင့်ဟသည်။
‘‘အရမ်းသွေးပူနေတဲ့ အချိန်မှာ သူအခုလိုပြောဖြစ်သွားတာလို့ ကျွန်တော်ထင်တယ်။ သိပ်ကို လှပတဲ့ အခွင့်အလမ်းကောင်းတစ်
ခုကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ရတာလေ။ ဒီဒဏ်ကိုတောင့်ခံဖို့ ခက်လွန်းပါတယ်။ မက်ဆီမပါတဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းကို ကျွန်တော်မြင်ယောင်ကြည့်လို့တောင်မရဘူး။ သူ့စကားကို သူ ပြန်ပြင်ဖို့ ကျွန်တော်မျှော်လင့်ပါ တယ်’’ဟု ယိုမဲရိုးက ပြောကြား သည်။
#Credit 7DayDaily