Update News
recent

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆံုပြဲသြားခဲ့တဲ့ ျမန္မာ ၄၈ ဦး အလုပ္ထုတ္ခံရ


#Zawgyi
န္လ ၂၃ ရက္ေန႔က ထုိင္းႏုိင္ငံ မဟာခ်ိဳင္ၿမိဳ႕မွာ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြ ေတြ႔ဆံုပြဲကို ခြင့္မတုိင္ဘဲ သြားေရာက္ခဲ့တဲ့  မဟာခ်ဳိင္ ပန္ဖူယိုင္ရပ္ကြက္မွာရွိတဲ့ အထည္ခ်ဳပ္စက္ရံုက ျမန္မာအလုပ္သမား ၄၈ ဦးကုိ စက္ရံုပိုင္ရွင္က အလုပ္ထုတ္ပယ္လုိက္တယ္လို႔ သိရပါတယ္။

ထိုင္းဥပေဒေတြအရ ခြင့္မတုိင္ၾကားဘဲ တစ္ရက္ပ်က္ကြက္တာကို အက်ံဳးမဝင္ဘူးလို႔ ျမန္မာေရြ႕ေျပာင္းအလုပ္သမားေတြကို အကူအညီေပးေနတဲ့ ျမန္မာအလုပ္သမား ကူညီေစာင့္ေရွာက္ေရး မဟာမိတ္ေကာ္မတီ AAC အဖဲြ႔ဝင္ ကိုရဲမင္းက ေျပာပါတယ္။"သူတို႔ကလည္း ျပဳတ္ရင္လည္း ျပဳတ္ပေစဆိုၿပီးေတာ့ အဲ့ဒီသေဘာပါ၊ ထိုင္းဥပေဒမွာ သံုးရက္ဆက္တိုက္နားရင္ေတာ့ အလုပ္ရွင္ဘက္ကေန အလုပ္ျဖဳတ္ခြင့္ရွိတယ္၊  တစ္ရက္ေလာက္နားတာကို ျဖဳတ္တယ္ဆိုတာေတာ့ လက္မခံဘူးေလ၊ ဒီအတြက္ ထိုင္းဥပေဒအတိုင္း က်ေနာ္တို႔က သူတို႔အတြက္ အမႈရင္ဆိုင္ေပးသြားမွာပါ" လို႔  AAC အဖဲြ႔ဝင္ ကိုရဲမင္းက ေျပာပါတယ္။

မဟာခ်ိဳင္မွာရွိတဲ႔ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြကို ေတြ႕ဆုံဖုိ႔သြားခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကုိ ေသာင္းနဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ လာေရာက္ေစာင့္ဆုိင္းခဲ့ေပမယ့္ ထုိင္းအစုိးရက ေရြးခ်ယ္ထားတဲ့ အလုပ္သမားေတြနဲ႔ပဲ ေတြ႔ခြင့္ရခဲ့ပါတယ္။

____________________________________________________________________________
#Unicode
န်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တွေ့ဆုံပွဲကို ခွင့်မတိုင်ဘဲ သွားရောက်ခဲ့တဲ့  မဟာချိုင် ပန်ဖူယိုင်ရပ်ကွက်မှာရှိတဲ့ အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၄၈ ဦးကို စက်ရုံပိုင်ရှင်က အလုပ်ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

ထိုင်းဥပဒေတွေအရ ခွင့်မတိုင်ကြားဘဲ တစ်ရက်ပျက်ကွက်တာကို အကျုံးမဝင်ဘူးလို့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီ AAC အဖွဲ့ဝင် ကိုရဲမင်းက ပြောပါတယ်။"သူတို့ကလည်း ပြုတ်ရင်လည်း ပြုတ်ပစေဆိုပြီးတော့ အဲ့ဒီသဘောပါ၊ ထိုင်းဥပဒေမှာ သုံးရက်ဆက်တိုက်နားရင်တော့ အလုပ်ရှင်ဘက်ကနေ အလုပ်ဖြုတ်ခွင့်ရှိတယ်၊  တစ်ရက်လောက်နားတာကို ဖြုတ်တယ်ဆိုတာတော့ လက်မခံဘူးလေ၊ ဒီအတွက် ထိုင်းဥပဒေအတိုင်း ကျနော်တို့က သူတို့အတွက် အမှုရင်ဆိုင်ပေးသွားမှာပါ" လို့  AAC အဖွဲ့ဝင် ကိုရဲမင်းက ပြောပါတယ်။

မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့ဆုံဖို့သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သောင်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ လာရောက်စောင့်ဆိုင်းခဲ့ပေမယ့် ထိုင်းအစိုးရက ရွေးချယ်ထားတဲ့ အလုပ်သမားတွေနဲ့ပဲ တွေ့ခွင့်ရခဲ့ပါတယ်။

#Credit DUWUN
aung  yein chan

aung yein chan

Powered by Blogger.