Update News
recent

ေနျပည္ေတာ္တြင္ ေဆြးေႏြးပဲြ လာတက္သည့္ အိႏၵိယစိုက္ပ်ိဳးေရးပညာရွင္ ႏွလုံးေသြးေၾကာပိတ္၍ ေသဆုံး


#Zawgyi
ေနျပည္ေတာ္၊ မိုးေလဝသႏွင့္ ဇလေဗဒဦးစီးဌာန က ျပဳလုပ္သည့္ အလုပ္ရုံေဆြးေႏြးပဲြသို႔ တက္ရန္ ေရာက္ရွိေနသည့္ အိႏၵိယႏုိင္ငံသား စိုက္ပ်ိဳးေရး ပညာ
ရွင္မွာ ႏွလုံး အဓိကေသြးေၾကာမ်ား ပိတ္ဆို႔မႈျဖင့္ ေသဆုံးသြားေၾကာင္း သိရသည္။ရဲတပ္ဖဲြ႔၏ အဆိုအရ အသက္ ၅၉ ႏွစ္အရြယ္ရွိ အိႏၵိယနုိင္ငံသား စိုက္ပ်ိဳးေရး ပညာရွင္ မစၥတာ Nageswara Rao Vajaha သည္ ဒကိၡဏသီရိၿမိဳ႕နယ္ ရွိ Royal Ace Hotel အခန္းအမွတ္ ၁၆၃၃ တြင္ တည္းခိုေနထို္င္စဥ္ အခန္းတြင္းရွိ ကုတင္ေပၚတြင္ လဲက်ေနကာ ႏွာေခါင္းေသြးမ်ား ယိုစီးလ်က္ ေသဆုံးေနျခင္းျဖစ္သည္။

“မႈခင္းဆရာဝန္ေတြရဲ႕ ရင္ခဲြစစ္ေဆးခ်က္အရ ေသဆုံးသူဟာ ႏွလုံးရဲ႕ အဓိက ေသြးေၾကာေတြ ပိိတ္ဆို႔သြားရာက ေသဆုံးတယ္လို႔ သိရပါတယ္။ ေသမႈေသခင္းနဲ႔ အမႈဖြင့္ထားပါတယ္။ မေန႔ကတည္းက သူ႔ရဲ႕ မိသားစုဝင္ေတြကိုေရာ၊ အိႏၵိယသံရုံးကုိပါ အေၾကာင္းၾကားၿပီးသြားပါၿပီ”ဟု ဒကိၡဏသီရိၿမိဳ႕နယ္ ရဲစခန္းမႉး ရဲအုပ္ေက်ာ္ခိုင္က ဧရာဝတီသို႔ ေျပာသည္။

ေသဆုံးသူ Mr. Nageswara Rao Vajaha သည္ မိုးေလဝသႏွင့္ ဇလေဗဒ ဦးစီးဌာနက ျပဳလုပ္သည့္ အလုပ္ရုံေဆြးေႏြးပဲြသို႔ တက္ေရာက္ရန္ ဇြန္ ၂၇ ရက္ေန႔ကတည္းက ဟိုတယ္တြင္ တည္းခိုရန္ ေရာက္ရွိေနျခင္းျဖစ္ေၾကာင္း၊ ဇြန္ ၂၉ ရက္တြင္ အစည္းအေဝး မတက္ေရာက္သည့္အတြက္ ေသဆုံးသူႏွင့္ အတူ အစည္းအေဝး တက္ေရာက္သည့္ ၿဗိတိန္ႏုိင္ငံသား Mr. Steven Davis ႏွင့္ ဟိုတယ္ဝန္ထမ္းက သြားေရာက္ၾကည့္ရႈ႕မွ ေသဆုံးေနသည္ကုိ သိရေၾကာင္း ရဲတပ္ဖဲြ႔ထံက သိရသည္။
_______________________________________________________________________
#Unicode
နေပြည်တော်၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန က ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရန် ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသား စိုက်ပျိုးရေး ပညာရှင်မှာ နှလုံး အဓိကသွေးကြောများ ပိတ်ဆို့မှုဖြင့် သေဆုံးသွားကြောင်း သိရသည်။ရဲတပ်ဖွဲ့၏ အဆိုအရ အသက် ၅၉ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံသား စိုက်ပျိုးရေး ပညာရှင် မစ္စတာ Nageswara Rao Vajaha သည် ဒက္ခိဏသီရိမြို့နယ် ရှိ Royal Ace Hotel အခန်းအမှတ် ၁၆၃၃ တွင် တည်းခိုနေထို်င်စဉ် အခန်းတွင်းရှိ ကုတင်ပေါ်တွင် လဲကျနေကာ နှာခေါင်းသွေးများ ယိုစီးလျက် သေဆုံးနေခြင်းဖြစ်သည်။

“မှုခင်းဆရာဝန်တွေရဲ့ ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူဟာ နှလုံးရဲ့ အဓိက သွေးကြောတွေ ပိိတ်ဆို့သွားရာက သေဆုံးတယ်လို့ သိရပါတယ်။ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်။ မနေ့ကတည်းက သူ့ရဲ့ မိသားစုဝင်တွေကိုရော၊ အိန္ဒိယသံရုံးကိုပါ အကြောင်းကြားပြီးသွားပါပြီ”ဟု ဒက္ခိဏသီရိမြို့နယ် ရဲစခန်းမှူး ရဲအုပ်ကျော်ခိုင်က ဧရာဝတီသို့ ပြောသည်။

သေဆုံးသူ Mr. Nageswara Rao Vajaha သည် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ဇွန် ၂၇ ရက်နေ့ကတည်းက ဟိုတယ်တွင် တည်းခိုရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ဇွန် ၂၉ ရက်တွင် အစည်းအဝေး မတက်ရောက်သည့်အတွက် သေဆုံးသူနှင့် အတူ အစည်းအဝေး တက်ရောက်သည့် ဗြိတိန်နိုင်ငံသား Mr. Steven Davis နှင့် ဟိုတယ်ဝန်ထမ်းက သွားရောက်ကြည့်ရှု့မှ သေဆုံးနေသည်ကို သိရကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။
#Credit Irawaddy
aung  yein chan

aung yein chan

Powered by Blogger.