ဒလိုင္းလားမားႏွင့္ အေမးအေျဖ ေဆြးေႏြးခန္း ျပဳလုပ္ခဲ့သည့္ ေလဒီဂါဂါကို တ႐ုတ္ပရိသတ္မ်ား ေဒါသထြက္
#Zawgyi
ဘုန္းေတာ္ႀကီး ဒလိုင္းလားမားႏွင့္ အေမးအေျဖ ေဆြးေႏြးခန္းတစ္ခု ျပဳလုပ္ခဲ့သည့္ ေလဒီဂါဂါကို သူမ၏ တ႐ုတ္ပရိသတ္မ်ား ေဒါသထြက္ေနေၾကာင္း သိရသည္။
ကမာၻေက်ာ္ Popဂီတ အဆိုေတာ္ တစ္ဦးျဖစ္သည့္ ဂါဂါသည္ တ႐ုတ္တြင္ ပရိသတ္ အခုိင္အမာ ရရွိထားသူ ျဖစ္သည္။ သို႔ေသာ္ တိဘက္ ဘာသာေရးေခါင္းေဆာင္ ဒလိုင္းလားမားႏွင့္ ၿပီးခဲ့သည့္ သီိတင္းပတ္ကုန္က ေတြ႕ဆံုေဆြးေႏြးမႈ အစီအစဉ္အရ သူမသည္ တ႐ုတ္ႏုိင္ငံတြင္ ေဖ်ာ္ေျဖပြဲမ်ား က်င္းပခြင့္ရရန္ မေရမရာ ျဖစ္လာခဲ့သည္။ တ႐ုတ္အစိုးရသည္ ဂါဂါကို ျပည္ဝင္ခြင့္ ပိတ္ပင္မည့္ အႏုပညာရွင္မ်ား စာရင္းတြင္ ထည့္သြင္းရန္ စီစဉ္ေနၿပီဟုလည္း သတင္းအခ်ိဳ႕က ေဖာ္ျပခဲ့သည္။ ဒလုိင္းလားမားကို တ႐ုတ္အစိုးရက တိဘက္ခြဲထြက္ေရး လႈပ္ရွားမႈ ေခါင္းေဆာင္အျဖစ္ သတ္မွတ္ထားၿပီး ဘုန္းေတာ္ႀကီးမွာ ျပည္ပတြင္ တိမ္းေရွာင္ေနရသည္။
ဂါဂါႏွင့္ ေဆြးေႏြးမႈတြင္ ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုရွင္ ဒလိုင္းလားမားက ၎သည္ တ႐ုတ္အေရးႏွင့္ ပတ္သက္၍ အလယ္အလတ္ နည္းလမ္းမ်ိဳးျဖင့္ ခ်ဉ္းကပ္ေနျခင္းျဖစ္ေၾကာင္း၊ တိဘက္ကို လြတ္လပ္စြာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ေပးရန္သာ ရည္မွန္းၿပီး ခြဲထြက္ရန္ ေတာင္းဆိုေနျခင္း မဟုတ္ေၾကာင္း မိန္႔ၾကားခဲ့သည္။
ဇြန္ ၂၆ ရက္က ကမာၻေက်ာ္ လူပုဂၢိဳလ္ႏွစ္ဦး ေတြ႕ဆံုမႈွႏွင့္ ပတ္သက္၍ တ႐ုတ္ လူမႈကြန္ရက္ဝက္ဘ္ဆိုက္ Weiboတြင္ ဂါဂါအေပၚ အျပင္းအန္ ေဝဖန္မႈမ်ား ရွိခဲ့သည္။ ဂါဂါ၏ ပရိသတ္မ်ား ကိုယ္တုိင္က ထိုကိစၥကို ႐ႈတ္ခ်ခဲ့ၿပီး လူနည္းစု ပရိသတ္ အခ်ိဳ႕ကသာ ေဆြးေႏြးမႈမ်ားသည္ လက္ခံႏုိင္ေလာက္သည့္ အတိုင္းအတာမ်ိဳးသာ ျဖစ္ေၾကာင္း ကာကြယ္ ေျပာဆိုခဲ့သည္။ ပရိသတ္ အမ်ားစုက ဂါဂါသည္ ႐ူးမိုက္သူ၊ စိတ္ႀကီးဝင္သူ အစရွိသည့္ မွတ္ခ်က္မ်ား ေပးခဲ့သည္။ တစ္ဦးက “သူက တ႐ုတ္ပရိသတ္ေတြရဲ႕ သေဘာထားကို စိတ္ဝင္စားပံု မရဘူး”ဟု ဆိုသည္။
ဒလိုင္းလားမားႏွင့္ ဆက္ႏႊယ္မႈသည္ တ႐ုတ္ႏုိင္ငံတြင္ အတိမ္းအေစာင္း မခံသည့္ အေျခအေနတစ္ရပ္အျဖစ္ ရွိေနဆဲဟု သိရသည္။ ၿပီးခဲ့သည့္ ႏွစ္ပိုင္းမ်ားအတြင္း အေနာက္ႏုိင္ငံမ်ားမွ အႏုပညာရွင္ အခ်ိဳ႕တို႔သည္ ထိုကိစၥေၾကာင့္ တ႐ုတ္တြင္ ေဖ်ာ္ေျဖမည့္ အစီအစဉ္မ်ားကို ဖ်က္သိမ္းခဲ့ရဖူးသည္။ ဧၿပီလကလည္း Popအဆိုေတာ္ ဆယ္လီနာဂိုမက္ဇ္သည္ ဒလိုင္းလားမားႏွင့္ အတူတြဲ႐ိုက္ထားသည့္ ဓာတ္ပံုကို လူမႈကြန္ရက္ေပၚ မွ်ေဝမိသည့္ေနာက္ တ႐ုတ္တြင္ ေဖ်ာ္ေျဖမည့္ အစီအစဉ္ကို ဖ်က္သိမ္းရန္ အေၾကာင္းဖန္လာခဲ့သည္။ သူမသည္ အေစာပိုင္းက ဂြမ္ဇူးႏွင့္ ရွန္ဟိုင္းတို႔တြင္ ဩဂုတ္လအတြင္း သြားေရာက္ေဖ်ာ္ေျဖရန္ စီစဉ္ထားျခင္း ျဖစ္သည္။
_________________________________________________________________________
#Unicode
ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် အမေးအဖြေ ဆွေးနွေးခန်းတစ်ခု ပြုလုပ်ခဲ့သည့် လေဒီဂါဂါကို သူမ၏ တရုတ်ပရိသတ်များ ဒေါသထွက်နေကြောင်း သိရသည်။
ကမ္ဘာကျော် Popဂီတ အဆိုတော် တစ်ဦးဖြစ်သည့် ဂါဂါသည် တရုတ်တွင် ပရိသတ် အခိုင်အမာ ရရှိထားသူ ဖြစ်သည်။ သို့သော် တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနှင့် ပြီးခဲ့သည့် သီိတင်းပတ်ကုန်က တွေ့ဆုံဆွေးနွေးမှု အစီအစဉ်အရ သူမသည် တရုတ်နိုင်ငံတွင် ဖျော်ဖြေပွဲများ ကျင်းပခွင့်ရရန် မရေမရာ ဖြစ်လာခဲ့သည်။ တရုတ်အစိုးရသည် ဂါဂါကို ပြည်ဝင်ခွင့် ပိတ်ပင်မည့် အနုပညာရှင်များ စာရင်းတွင် ထည့်သွင်းရန် စီစဉ်နေပြီဟုလည်း သတင်းအချို့က ဖော်ပြခဲ့သည်။ ဒလိုင်းလားမားကို တရုတ်အစိုးရက တိဘက်ခွဲထွက်ရေး လှုပ်ရှားမှု ခေါင်းဆောင်အဖြစ် သတ်မှတ်ထားပြီး ဘုန်းတော်ကြီးမှာ ပြည်ပတွင် တိမ်းရှောင်နေရသည်။
ဂါဂါနှင့် ဆွေးနွေးမှုတွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒလိုင်းလားမားက ၎င်းသည် တရုတ်အရေးနှင့် ပတ်သက်၍ အလယ်အလတ် နည်းလမ်းမျိုးဖြင့် ချဉ်းကပ်နေခြင်းဖြစ်ကြောင်း၊ တိဘက်ကို လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရန်သာ ရည်မှန်းပြီး ခွဲထွက်ရန် တောင်းဆိုနေခြင်း မဟုတ်ကြောင်း မိန့်ကြားခဲ့သည်။
ဇွန် ၂၆ ရက်က ကမ္ဘာကျော် လူပုဂ္ဂိုလ်နှစ်ဦး တွေ့ဆုံမှုှနှင့် ပတ်သက်၍ တရုတ် လူမှုကွန်ရက်ဝက်ဘ်ဆိုက် Weiboတွင် ဂါဂါအပေါ် အပြင်းအန် ဝေဖန်မှုများ ရှိခဲ့သည်။ ဂါဂါ၏ ပရိသတ်များ ကိုယ်တိုင်က ထိုကိစ္စကို ရှုတ်ချခဲ့ပြီး လူနည်းစု ပရိသတ် အချို့ကသာ ဆွေးနွေးမှုများသည် လက်ခံနိုင်လောက်သည့် အတိုင်းအတာမျိုးသာ ဖြစ်ကြောင်း ကာကွယ် ပြောဆိုခဲ့သည်။ ပရိသတ် အများစုက ဂါဂါသည် ရူးမိုက်သူ၊ စိတ်ကြီးဝင်သူ အစရှိသည့် မှတ်ချက်များ ပေးခဲ့သည်။ တစ်ဦးက “သူက တရုတ်ပရိသတ်တွေရဲ့ သဘောထားကို စိတ်ဝင်စားပုံ မရဘူး”ဟု ဆိုသည်။
ဒလိုင်းလားမားနှင့် ဆက်နွှယ်မှုသည် တရုတ်နိုင်ငံတွင် အတိမ်းအစောင်း မခံသည့် အခြေအနေတစ်ရပ်အဖြစ် ရှိနေဆဲဟု သိရသည်။ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အနောက်နိုင်ငံများမှ အနုပညာရှင် အချို့တို့သည် ထိုကိစ္စကြောင့် တရုတ်တွင် ဖျော်ဖြေမည့် အစီအစဉ်များကို ဖျက်သိမ်းခဲ့ရဖူးသည်။ ဧပြီလကလည်း Popအဆိုတော် ဆယ်လီနာဂိုမက်ဇ်သည် ဒလိုင်းလားမားနှင့် အတူတွဲရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်ပေါ် မျှဝေမိသည့်နောက် တရုတ်တွင် ဖျော်ဖြေမည့် အစီအစဉ်ကို ဖျက်သိမ်းရန် အကြောင်းဖန်လာခဲ့သည်။ သူမသည် အစောပိုင်းက ဂွမ်ဇူးနှင့် ရှန်ဟိုင်းတို့တွင် ဩဂုတ်လအတွင်း သွားရောက်ဖျော်ဖြေရန် စီစဉ်ထားခြင်း ဖြစ်သည်။
#Credit 7DayDaily