Update News
recent

မန္စီၿမိဳ႕နယ္တြင္ သစ္ခိုးလုပ္ငန္းမ်ားကို ရွင္းလင္းစဥ္ ေကအုိင္ေအႏွင့္ တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္


#Zawgyi
မန္စီၿမိဳ႕နယ္အတြင္း တရားမ၀င္ သစ္ခိုးထုတ္လုပ္မႈ မ်ားကို နယ္ေျမရွင္းလင္းစဥ္ သစ္ ခုိးထုတ္မႈအား အကာအကြယ္ေပး ေနေသာ ေကအိုင္ေအႏွင့္ထိေတြ႕ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး ကြၽန္းသစ္ ႏွင့္ သစ္တင္ယာဥ္မ်ား သိမ္း ဆည္းမိခဲ့ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္သည္။


တပ္မေတာ္ရဟတ္ယာဥ္ မ်ားက မန္စီၿမိဳ႕နယ္အတြင္း ေလ့ က်င့္ပ်ံသန္းစဥ္ တရားမ၀င္ သစ္ ခိုးထုတ္ေနသည့္ ယာဥ္တန္းကို ေတြ႕ရွိသျဖင့္ ကင္းေထာက္မႈမ်ား ျပဳလုပ္ရာမွ ယာဥ္တန္းအားလံု ၿခံဳေရးလိုက္ပါေနသည့္ ေကအုိင္ ေအလက္နက္ကိုင္အဖြဲ႕က ပစ္ ခတ္ခဲ့ၿပီး ထိေတြ႕မႈမ်ား စတင္ျဖစ္ ပြားေၾကာင္း ထုတ္ျပန္ခ်က္ကဆို သည္။

တပ္မေတာ္စစ္ေၾကာင္းမ်ား က နယ္ေျမရွင္းလင္းမႈမ်ားေဆာင္ရြက္ရာမွ ေမလ ၂၄ ရက္တြင္ မိုင္းေခါင္ေက်းရြာေတာင္ဘက္ေနရာ ႏွစ္ေနရာ၌ ပိုင္ရွင္မဲ့သစ္တင္ယာဥ္မ်ား၊ ကြၽန္းသစ္လံုးမ်ား သိမ္းဆည္းရမိခဲ့သည္။ေမလ ၂၅ ရက္တြင္လည္း နယ္ေျမရွင္းမႈမ်ားအတြင္း ေကအိုင္ေအအဖဲြ႕ႏွင့္ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားၿပီး ယမ္းေဖာင္ေျခာက္ဘီး သစ္တင္ ယာဥ္မ်ား၊ ကြၽန္းသစ္လံုးမ်ား၊သစ္ ခြဲသားမ်ား သိမ္းဆည္းရမိကာ ေမလ ၂၇ ရက္တြင္လည္း ဆက္ လက္ သိမ္းဆည္းရမိေၾကာင္း ထုတ္ျပန္သည္။

ရွင္းလင္းမႈမ်ားအတြင္း စုစု ေပါင္း ကြၽန္းသစ္ ၁၃၆ တန္ႏွင့္ သစ္တင္ယာဥ္ ၃၀ စီးသိမ္းဆည္း ရမိၿပီး သက္ဆိုင္ရာဌာနမ်ားသို႔ စနစ္တက် လႊဲေျပာင္းႏိုင္ရန္ ေဆာင္ရြက္ေနေၾကာင္းႏွင့္ နယ္ ေျမရွင္းလင္းမႈမ်ား ဆက္လက္ ေဆာင္ရြက္ေနေၾကာင္း သတင္း ထုတ္ျပန္သည္။

မန္စီၿမိဳ႕နယ္အတြင္း ျဖစ္ ပြားခဲ့ေသာ တိုက္ပြဲမ်ားႏွင့္ပတ္ သက္၍ တပ္မေတာ္ကသစ္ေမွာင္ ခိုကိစၥအေၾကာင္းျပဳကာ ေဒသ တြင္း စစ္ဆင္ေရးမ်ားျပဳလုပ္ျခင္း ေၾကာင့္ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ ပြားခဲ့ေၾကာင္း ေကအိုင္ေအ ထိပ္ ပိုင္းအရာရွိတစ္ဦးက ေျပာသည္။

‘‘သစ္ေမွာင္ခိုအေၾကာင္းျပ ခ်က္နဲ႔ စစ္ေၾကာင္းေတြ လႈပ္ရွား လာလို႔ တိုက္ပြဲေတြျဖစ္ရတာလို႔ ျမင္မိပါတယ္။ ဒီအတိုင္းပဲ ဆက္ လႈပ္ရွားေနရင္ေတာ့ ျပင္းထန္လာ ဖို႔ အေနအထားရွိပါတယ္’’ဟုေက အိုင္ေအထိပ္ပိုင္းတာ၀န္ရွိသူတစ္ ဦးကေျပာသည္။

ဆက္လက္၍ ‘‘NLD အစိုးရ နဲ႔ တပ္မေတာ္တို႔အားၿပိဳင္ေနတဲ့ ပံုစံမ်ိဳးမွာ ဘယ္ဘက္ကဘာလုပ္ ႏိုင္မလဲဆိုတာကို ျပသခ်င္လို႔ တိုက္ပြဲေတြျဖစ္တယ္လို႔ ျမင္မိပါ တယ္’’ဟု ၎ကဆိုသည္။

မန္စီၿမိဳ႕နယ္အတြင္း ျဖစ္ ပြားသည့္ တုိက္ပြဲမ်ားေၾကာင့္ ေဒသခံတစ္ရာခန္႔မွာ မိုင္းေခါင္ ဒုကၡသည္စခန္း၌ ယာယီခိုလံႈေန ရေၾကာင္း သတင္းရရွိသည္။
________________________________________________________________________
#Unicode
မန်စီမြို့နယ်အတွင်း တရားမဝင် သစ်ခိုးထုတ်လုပ်မှု များကို နယ်မြေရှင်းလင်းစဉ် သစ် ခိုးထုတ်မှုအား အကာအကွယ်ပေး နေသော ကေအိုင်အေနှင့်ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကျွန်းသစ် နှင့် သစ်တင်ယာဉ်များ သိမ်း ဆည်းမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။


တပ်မတော်ရဟတ်ယာဉ် များက မန်စီမြို့နယ်အတွင်း လေ့ ကျင့်ပျံသန်းစဉ် တရားမဝင် သစ် ခိုးထုတ်နေသည့် ယာဉ်တန်းကို တွေ့ရှိသဖြင့် ကင်းထောက်မှုများ ပြုလုပ်ရာမှ ယာဉ်တန်းအားလုံ ခြုံရေးလိုက်ပါနေသည့် ကေအိုင် အေလက်နက်ကိုင်အဖွဲ့က ပစ် ခတ်ခဲ့ပြီး ထိတွေ့မှုများ စတင်ဖြစ် ပွားကြောင်း ထုတ်ပြန်ချက်ကဆို သည်။

တပ်မတော်စစ်ကြောင်းများ က နယ်မြေရှင်းလင်းမှုများဆောင်ရွက်ရာမှ မေလ ၂၄ ရက်တွင် မိုင်းခေါင်ကျေးရွာတောင်ဘက်နေရာ နှစ်နေရာ၌ ပိုင်ရှင်မဲ့သစ်တင်ယာဉ်များ၊ ကျွန်းသစ်လုံးများ သိမ်းဆည်းရမိခဲ့သည်။မေလ ၂၅ ရက်တွင်လည်း နယ်မြေရှင်းမှုများအတွင်း ကေအိုင်အေအဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီး ယမ်းဖောင်ခြောက်ဘီး သစ်တင် ယာဉ်များ၊ ကျွန်းသစ်လုံးများ၊သစ် ခွဲသားများ သိမ်းဆည်းရမိကာ မေလ ၂၇ ရက်တွင်လည်း ဆက် လက် သိမ်းဆည်းရမိကြောင်း ထုတ်ပြန်သည်။

ရှင်းလင်းမှုများအတွင်း စုစု ပေါင်း ကျွန်းသစ် ၁၃၆ တန်နှင့် သစ်တင်ယာဉ် ၃၀ စီးသိမ်းဆည်း ရမိပြီး သက်ဆိုင်ရာဌာနများသို့ စနစ်တကျ လွှဲပြောင်းနိုင်ရန် ဆောင်ရွက်နေကြောင်းနှင့် နယ် မြေရှင်းလင်းမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း သတင်း ထုတ်ပြန်သည်။

မန်စီမြို့နယ်အတွင်း ဖြစ် ပွားခဲ့သော တိုက်ပွဲများနှင့်ပတ် သက်၍ တပ်မတော်ကသစ်မှောင် ခိုကိစ္စအကြောင်းပြုကာ ဒေသ တွင်း စစ်ဆင်ရေးများပြုလုပ်ခြင်း ကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ် ပွားခဲ့ကြောင်း ကေအိုင်အေ ထိပ် ပိုင်းအရာရှိတစ်ဦးက ပြောသည်။

‘‘သစ်မှောင်ခိုအကြောင်းပြ ချက်နဲ့ စစ်ကြောင်းတွေ လှုပ်ရှား လာလို့ တိုက်ပွဲတွေဖြစ်ရတာလို့ မြင်မိပါတယ်။ ဒီအတိုင်းပဲ ဆက် လှုပ်ရှားနေရင်တော့ ပြင်းထန်လာ ဖို့ အနေအထားရှိပါတယ်’’ဟုကေ အိုင်အေထိပ်ပိုင်းတာဝန်ရှိသူတစ် ဦးကပြောသည်။

ဆက်လက်၍ ‘‘NLD အစိုးရ နဲ့ တပ်မတော်တို့အားပြိုင်နေတဲ့ ပုံစံမျိုးမှာ ဘယ်ဘက်ကဘာလုပ် နိုင်မလဲဆိုတာကို ပြသချင်လို့ တိုက်ပွဲတွေဖြစ်တယ်လို့ မြင်မိပါ တယ်’’ဟု ၎င်းကဆိုသည်။

မန်စီမြို့နယ်အတွင်း ဖြစ် ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံတစ်ရာခန့်မှာ မိုင်းခေါင် ဒုက္ခသည်စခန်း၌ ယာယီခိုလှုံနေ ရကြောင်း သတင်းရရှိသည်။
#Credit   7DayDaily
aung  yein chan

aung yein chan

Powered by Blogger.