Update News
recent

သမီးအရငး္ျဖစ္သူက ဖခင္အား အိပ္ေဆးခတ္ၿပီးသိန္း ၃၀၀ ေက်ာ္ ခိုးယူ


#Zawgyi
ပဲခူးတိုင္းေဒသႀကီး ဘုရားႀကီးေက်းရြာမွာ သမီးအရငး္ျဖစ္သူက ဖခင္အား အိပ္ေဆးခတ္ၿပီး ေငြက်ပ္ သိန္း ၃၀၀ ေက်ာ္ ခိုးယူမႈျဖစ္ပြားခဲ့တဲ့အတြက္ ထန္းေတာႀကီးနယ္ေျမ ရဲစခန္းက အမႈဖြင့္အေရး ယူထားတယ္လို႔ သိရပါတယ္။

ဧၿပီလ ၁၄ ရက္ေန႔က ပဲခူးၿမိဳ႕နယ္ ဘုရားႀကီးေက်းရြာရွိ ဦးေက်ာ္ျမင့္ ေနအိမ္ ဘုရားစဥ္ေအာက္ ဘီဒိုထဲမွာ ထည့္ထားတဲ့ ေငြက်ပ္ သိန္း ၃၀၀ ေက်ာ္ကို သူ႔ရဲ႕ သမီးအရင္းျဖစ္သူ မ၀င္း၀င္းခိုင္ တိုက္တဲ့ႏြားနို႔ကို ေသာက္ၿပီး အိပ္ေပ်ာ္သြားစဥ္ ေနာက္ပိုင္း ေပ်ာက္ဆံုးသြားတယ္လို႔ သိရပါ တယ္။

ေငြေပ်ာက္ဆံုးသူ ဦးေက်ာ္ျမင့္ က သူရဲ႕ လယ္ေတြကို သိန္း ၈၀၀ နဲ႔ ေရာင္းၿပီး ရတဲ့အထဲက သမီးအႀကီးနဲ႔ သမီးအလတ္ မ၀င္း၀င္းခိုင္တို႔ကို တစ္ေယာက္သိန္း ၁၀၀ စီ အေမြေပးၿပီး က်န္တဲ့ေငြကို အိမ္ေဆာက္တယ္။ က်န္ေငြကို ဘာလုပ္ရမွန္းမသိေသးလို႔ အိမ္အေပၚထပ္က ဘုရားစင္ ေအာက္က ဘီဒိုထဲမွာ ထည့္ၿပီးသိမ္းထားပါတယ္။ အိမ္အေပၚထပ္ကိုလည္း အျမဲ ေသာ့ပိတ္ထားၿပီး ဘယ္သူမွ တက္ခြင့္မေပးဘူးလို႔လည္း သိရပါတယ္။ သမီးအလတ္မ ၀င္း၀င္းခိုင္ ကေတာ့ လွည္းကူးမွာေနထိုင္ၿပီး ခဏလာလည္တာျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အဲဒီေန႔ ၈ နာရီခဲြေလာက္က သမီးအလတ္ တိုက္တဲ့ႏြားနို႔ ေသာက္ၿပီး အိပ္ေပ်ာ္ေနတုန္း သမီးျဖစ္သူ မ၀င္း၀င္းခိုင္က ညေန ၄ နာရီေလာက္မွာ ျပန္ေတာ့မယ္ဆိုၿပီး လာနွႈိးမွ အိပ္ရာက မနည္းထရပါတယ္။ ေနာက္ေန႔ မနက္ၾကမွ ပိုက္ဆံေတြကို ၾကည့္ေတာ့ မရွိေတာ့တာကိုသိၿပီး သမီးျဖစ္သူကို ေခ်ာ့ေမာ့ၿပီး ျပန္ေတာင္းေပမယ့္လည္း မရတဲ့အတြက္ ထန္းေတာႀကီး ရဲစခန္းမွာ အမႈဖြင့္ တိုင္တန္းထားတယ္လို႔ သိရပါတယ္။

ေငြေပ်ာက္ဆံုးသူ ဦးေက်ာ္ျမင့္ က သမီးျဖစ္သူအား အေရးယူေပးဖို႔ ေမလ ၁ ရက္ေန႔က တရားလို ျပဳလုပ္တိုင္တန္း လာတဲ့အတြက္ တရားခံ မ၀င္း၀င္းခိုင္ကို (ပ)၄၀/၂၀၁၆ ျပစ္မႈပုဒ္မ ၃၈၀ နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ ထန္းေတာႀကီးနယ္ေျမ ရဲစခန္းမွ ရဲအုပ္ ခင္လိႈင္က ေျပာပါတယ္။
__________________________________________________________________________
#Unicode
ပဲခူးတိုင်းဒေသကြီး ဘုရားကြီးကျေးရွာမှာ သမီးအရငး်ဖြစ်သူက ဖခင်အား အိပ်ဆေးခတ်ပြီး ငွေကျပ် သိန်း ၃၀၀ ကျော် ခိုးယူမှုဖြစ်ပွားခဲ့တဲ့အတွက် ထန်းတောကြီးနယ်မြေ ရဲစခန်းက အမှုဖွင့်အရေး ယူထားတယ်လို့ သိရပါတယ်။

ဧပြီလ ၁၄ ရက်နေ့က ပဲခူးမြို့နယ် ဘုရားကြီးကျေးရွာရှိ ဦးကျော်မြင့် နေအိမ် ဘုရားစဉ်အောက် ဘီဒိုထဲမှာ ထည့်ထားတဲ့ ငွေကျပ် သိန်း ၃၀၀ ကျော်ကို သူ့ရဲ့ သမီးအရင်းဖြစ်သူ မဝင်းဝင်းခိုင် တိုက်တဲ့နွားနို့ကို သောက်ပြီး အိပ်ပျော်သွားစဉ် နောက်ပိုင်း ပျောက်ဆုံးသွားတယ်လို့ သိရပါ တယ်။

ငွေပျောက်ဆုံးသူ ဦးကျော်မြင့် က သူရဲ့ လယ်တွေကို သိန်း ၈၀၀ နဲ့ ရောင်းပြီး ရတဲ့အထဲက သမီးအကြီးနဲ့ သမီးအလတ် မဝင်းဝင်းခိုင်တို့ကို တစ်ယောက်သိန်း ၁၀၀ စီ အမွေပေးပြီး ကျန်တဲ့ငွေကို အိမ်ဆောက်တယ်။ ကျန်ငွေကို ဘာလုပ်ရမှန်းမသိသေးလို့ အိမ်အပေါ်ထပ်က ဘုရားစင် အောက်က ဘီဒိုထဲမှာ ထည့်ပြီးသိမ်းထားပါတယ်။ အိမ်အပေါ်ထပ်ကိုလည်း အမြဲ သော့ပိတ်ထားပြီး ဘယ်သူမှ တက်ခွင့်မပေးဘူးလို့လည်း သိရပါတယ်။ သမီးအလတ်မ ၀င်းဝင်းခိုင် ကတော့ လှည်းကူးမှာနေထိုင်ပြီး ခဏလာလည်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီနေ့ ၈ နာရီခွဲလောက်က သမီးအလတ် တိုက်တဲ့နွားနို့ သောက်ပြီး အိပ်ပျော်နေတုန်း သမီးဖြစ်သူ မဝင်းဝင်းခိုင်က ညနေ ၄ နာရီလောက်မှာ ပြန်တော့မယ်ဆိုပြီး လာနှှိုးမှ အိပ်ရာက မနည်းထရပါတယ်။ နောက်နေ့ မနက်ကြမှ ပိုက်ဆံတွေကို ကြည့်တော့ မရှိတော့တာကိုသိပြီး သမီးဖြစ်သူကို ချော့မော့ပြီး ပြန်တောင်းပေမယ့်လည်း မရတဲ့အတွက် ထန်းတောကြီး ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းထားတယ်လို့ သိရပါတယ်။

ငွေပျောက်ဆုံးသူ ဦးကျော်မြင့် က သမီးဖြစ်သူအား အရေးယူပေးဖို့ မေလ ၁ ရက်နေ့က တရားလို ပြုလုပ်တိုင်တန်း လာတဲ့အတွက် တရားခံ မဝင်းဝင်းခိုင်ကို (ပ)၄၀/၂၀၁၆ ပြစ်မှုပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ထန်းတောကြီးနယ်မြေ ရဲစခန်းမှ ရဲအုပ် ခင်လှိုင်က ပြောပါတယ်။
#Credit Myanmar Daily Star
aung  yein chan

aung yein chan

Powered by Blogger.