ရှန်ဟိုင်းမြေအောက် ဘူတာရုံတစ်ခုမှာ ရထားစောင့်နေတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ မတော်ရာကို ဖုန်းနဲ့မှတ်တမ်းတင်ဖို့ ကြိုးစားခဲ့တဲ့ လူငယ်တစ်ဦးကို အခု လိုက်လံစုံစမ်းနေပြီဖြစ်ပါတယ်။ အဆိုပါ အမျိုးသားရဲ့ လုပ်ရပ်ကို မိန်းကလေးငယ် မသိရှိခဲ့ပေမဲ့ ဘေးကလူတစ်ဦးတွေ့ခဲ့တာကြောင့် ဓာတ်ပုံရိုက်ပြီး တရုတ် လူမှုကွန်ရက်ဖြစ်တဲ့ Weibo မှာ တင်ခဲ့တာပါ။
စကတ်ဝတ်ထားတဲ့ အမျိုးသမီးရဲ့နောက်မှာ အဆိုပါ လူငယ်က နေရာယူထားပြီး လက်ထဲက ဖုန်းနဲ့ စကတ်အောက်က မှတ်တမ်းတင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ပုံကို လူမှုကွန်ရက်ပေါ် ဝေမျှပြီး သုံးစွဲသူတွေက တစ်ဆင့်ပြန်လည်ဝေမျှခဲ့တဲ့အတွက် အဆိုပါအမျိုးသားဟာ ရှန်ဟိုင်းတက္ကသိုလ်မှာ သိပ္ပံနည်းပညာ ဘာသာရပ်ကို သင်ကြားနေသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြပါတယ်။
ဒီလုပ်ရပ်အတွက် သေသေချာချာ စုံစမ်းဖော်ထုတ်သွားမှာဖြစ်တယ်လို့လည်း ကျောင်းတာဝန်ရှိသူတွေဘက်က ပြန်လည်ပြောကြားထားပါတယ်။
#Credit Duwun