Update News
recent
တရုတ်ငါးဖမ်းသင်္ဘော နောက်တစ်စီးကို အင်ဒိုနီးရှား ထိန်းသိမ်း
#Zawgyi
__________________________________________________________________________
#Unicode
အင်ဒုုိနီးရှားနဲ့ တရုတ်နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးမှာ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။အင်ဒိုနီးရှားက တရားမဝင် ငါးဖမ်းခဲ့ကြောင်း သံသယရှိတဲ့ တရုတ် ငါးဖမ်းစက်သင်္ဘောတစ်စီးကို နတ်တူနာကျွန်းစု ကမ်းလွန်အနီးမှာ ထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားတပ်ဖွဲ့က တနင်္ဂနွေနေ့ (မေလ ၂၉ ရက်) ရဲ့ ထုတ်ပြန်မှာ ၎င်းတို့ရဲ့ ဖရီးဂိတ်စစ်သင်္ဘော Oswald Siahaan 354 က အဆိုပါ ကျွန်းစုအနီး ရေပြင်မှာစောင့်ကြပ်နေစဉ် တရုတ်ငါးဖမ်းသင်္ဘော Gui Bei Yu ကို သောကြာနေ့ (မေလ ၂၇ ရက်) က ကြားဖြတ်ဟန့်တား ထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။သောကြာနေ့ ထိန်းသိမ်းမှုအတွင်း လူ ၈ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အင်ဒုုိနီးရှားနဲ့ တရုတ်နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးမှာ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ထိုစဉ်က တရုတ်ငါးဖမ်းသင်္ဘောကို ငါးဖမ်းရေပြင်ပိုင်နက် ကျူးကျော်မှုဖြင့် ထိန်းသိမ်းခဲ့ကြောင်း အင်ဒိုနီးရှားက ပြောကြားထားပါတယ်။ နောက်ပိုင်းမှာ နှစ်နိုင်ငံကြား နားလည်မှုလွဲမှားတဲ့ ဖြစ်ရပ်အဖြစ် နှစ်ဖက်ပြေလည်ခဲ့ပါတယ်။
#Credit   Duwun
aung  yein chan
aung yein chan
Powered by Blogger.