Update News
recent

အုိလံပီယာေကာ့စ္တုိက္စစ္မွဴး အလန္ပူလီဒုိ ျပန္ေပးဆြဲခံရ


#Zawgyi
ပူလီဒုိ ျပန္ေပးဆြဲခံရတဲ့ မကၠစီကုိနယ္စပ္႐ွိ Tamaulipas ျပည္နယ္ဟာ ရာဇဝတ္မႈအထူေျပာဆုံးနဲ႕ အၾကမ္းဖက္မႈ အမ်ားဆုံး ျပည္နယ္တစ္ခုလည္း ျဖစ္ပါတယ္။မကၠစီကုိ ေဘာလုံးကစားသမား အလန္ပူလီဒုိ ျပန္ေပးဆြဲခဲ့ရေၾကာင္း တာဝန္႐ွိသူေတြက ေျပာပါတယ္။ စေနေန႕ (ေမလ ၂၈ ရက္) သန္းေခါင္ေက်ာ္ တနဂၤေႏြေန႕ (ေမလ ၂၉ ရက္) ေန႕အကူးမွာ ပါတီတစ္ခုမွအျပန္ ျပန္ေပးဆြဲဲခံခဲ့ရတယ္လုိ႕ ဆိုပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ တုိက္စစ္မွဴးဟာ ဂရိ ေဘာလုံးကလပ္ အုိလံပီေယာ့စ္မွာ ကစားေနသူျဖစ္ၿပီး မကၠစီကုိ လက္ေ႐ြးစင္မွာလည္း ပြဲစဥ္အခ်ဳိ႕ ပါဝင္ကစားခဲ့ပါတယ္။မကၠစီကုိဟာ ကမာၻေပၚမွာ ျပန္ေပးဆြဲမႈ အမ်ားဆုံး ႏုိင္ငံတစ္ႏုိင္ငံ ျဖစ္ေနၿပီး အစုိးရက ထုတ္ျပန္တဲ့ ကိန္းဂဏန္းမ်ားအရ ႏွစ္စဥ္ လူ ၁,၀၀၀ ျပန္ေပးဆြဲခံရတာ ျဖစ္ပါတယ္။ ေဝဖန္သူေတြရဲ႕ အဆုိအရ အမွန္တကယ္ ႏွစ္စဥ္ ျပန္ေပးဆြဲခံရသူ အေရအတြက္မွာ အစိုးရက ထုတ္ျပန္မႈထက္ ၁၀ ဆအထိ ပုိမ်ားႏုိင္ေၾကာင္းလည္း သိရပါတယ္။မကၠစီကုိ ျပည္တြင္းသတင္းေတြရဲ႕ အဆိုအရ ပူလီဒိုဟာ ခ်စ္သူ မိန္းကေလးနဲ႕အတူ စေနေန႕ညဥ့္နက္ပုိင္းမွာ ပါတီပြဲတစ္ခုမွအျပန္ ကားရပ္နားရာေနရာမွာ ၎တုိ႕ကားကုိ ထရပ္ကားအခ်ဳိ႕က ပိတ္ဆုိ႕ထားခဲ့တယ္လုိ႕ ဆုိပါတယ္။ ထုိ႕ေနာက္ မ်က္ႏွာဖုံးစြပ္ထားတဲ့ အမ်ဳိးသား ၆ ဦးက ပူလီဒုိကုိ ဆြဲေခၚသြားၿပီး ၎ရဲ႕ခ်စ္သူ မိန္းကေလးကုိ ကားရပ္နားရာေနရာမွာ ထားရစ္ခဲ့ေၾကာင္း သိရပါတယ္။တုိက္စစ္မွဴး ပူလီဒုိ ျပန္ေပးဆြဲခံရတဲ့ မကၠစီကုိနယ္စပ္႐ွိ Tamaulipas ျပည္နယ္ဟာ ရာဇဝတ္မႈအထူေျပာဆုံးနဲ႕ အၾကမ္းဖက္မႈ အမ်ားဆုံး ျပည္နယ္တစ္ခုလည္း ျဖစ္ပါတယ္။ အေမရိကန္ကုိ မူးယစ္ေဆးဝါး ေမွာင္ခုိကုန္ကူးမႈ လမ္းေၾကာင္းလည္းျဖစ္ၿပီး လတ္တေလာ သီတင္းပတ္မ်ားအတြင္း လူေပါင္းဒါဇင္နဲ႕ခ်ီ အသတ္ခံခဲ့ပါတယ္။
ျပန္ေပးဆြဲခံရတဲ့ တုိက္စစ္မွဴးပူလီဒုိဟာ ယမန္ႏွစ္ ဇူလုိင္လက အုိလံပီယာေကာ့စ္ကုိ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ယခု ၿပီးဆုံးခဲ့တ့ဲ ေဘာလုံးရာသီမွာ အသင္းအတြက္ ၁၅ ပြဲကစားၿပီး ၆ ဂုိးသြင္းယူခဲ့ပါတယ္။
__________________________________________________________________
#Unicode
မက္ကစီကို ဘောလုံးကစားသမား အလန်ပူလီဒို ပြန်ပေးဆွဲခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ စနေနေ့ (မေလ ၂၈ ရက်) သန်းခေါင်ကျော် တနင်္ဂနွေနေ့ (မေလ ၂၉ ရက်) နေ့အကူးမှာ ပါတီတစ်ခုမှအပြန် ပြန်ပေးဆွဲဲခံခဲ့ရတယ်လို့ ဆိုပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂရိ ဘောလုံးကလပ် အိုလံပီယော့စ်မှာ ကစားနေသူဖြစ်ပြီး မက္ကစီကို လက်ရွေးစင်မှာလည်း ပွဲစဉ်အချို့ ပါဝင်ကစားခဲ့ပါတယ်။မက္ကစီကိုဟာ ကမ္ဘာပေါ်မှာ ပြန်ပေးဆွဲမှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီး အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ နှစ်စဉ် လူ ၁,၀၀၀ ပြန်ပေးဆွဲခံရတာ ဖြစ်ပါတယ်။ ဝေဖန်သူတွေရဲ့ အဆိုအရ အမှန်တကယ် နှစ်စဉ် ပြန်ပေးဆွဲခံရသူ အရေအတွက်မှာ အစိုးရက ထုတ်ပြန်မှုထက် ၁၀ ဆအထိ ပိုများနိုင်ကြောင်းလည်း သိရပါတယ်။မက္ကစီကို ပြည်တွင်းသတင်းတွေရဲ့ အဆိုအရ ပူလီဒိုဟာ ချစ်သူ မိန်းကလေးနဲ့အတူ စနေနေ့ညဉ့်နက်ပိုင်းမှာ ပါတီပွဲတစ်ခုမှအပြန် ကားရပ်နားရာနေရာမှာ ၎င်းတို့ကားကို ထရပ်ကားအချို့က ပိတ်ဆို့ထားခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၆ ဦးက ပူလီဒိုကို ဆွဲခေါ်သွားပြီး ၎င်းရဲ့ချစ်သူ မိန်းကလေးကို ကားရပ်နားရာနေရာမှာ ထားရစ်ခဲ့ကြောင်း သိရပါတယ်။တိုက်စစ်မှူး ပူလီဒို ပြန်ပေးဆွဲခံရတဲ့ မက္ကစီကိုနယ်စပ်ရှိ Tamaulipas ပြည်နယ်ဟာ ရာဇဝတ်မှုအထူပြောဆုံးနဲ့ အကြမ်းဖက်မှု အများဆုံး ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကန်ကို မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှု လမ်းကြောင်းလည်းဖြစ်ပြီး လတ်တလော သီတင်းပတ်များအတွင်း လူပေါင်းဒါဇင်နဲ့ချီ အသတ်ခံခဲ့ပါတယ်။

ပြန်ပေးဆွဲခံရတဲ့ တိုက်စစ်မှူးပူလီဒိုဟာ ယမန်နှစ် ဇူလိုင်လက အိုလံပီယာကော့စ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ယခု ပြီးဆုံးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းအတွက် ၁၅ ပွဲကစားပြီး ၆ ဂိုးသွင်းယူခဲ့ပါတယ်။
#Credit Duwun
aung  yein chan

aung yein chan

Powered by Blogger.