ဗိုလ္တေထာင္ဘုရား ေရရွည္တည္တံ့ေရး ကြန္တိန္နာဝင္းေျပာင္းဖို႔ ေဆြးေႏြးမယ္
#Zawgyi
တုန္ခါမႈေၾကာင့္ ေစတီေတာ္ ေရရွည္တည္တံ့ေရးအတြက္ စိုးရိမ္ရလုိ႔ အခုလုိစီစဥ္ခဲ့တာပါ။ရန္ကုန္ၿမဳိ႕ ကမ္းနားလမ္းမွာရွိတဲ့ ဗိုလ္တေထာင္ဘုရား ေရရွည္တည္တံ့ႏိုင္ေရးအတြက္ ေစတီေတာ္အနီးနားက ကြန္တိန္နာဆိပ္ကမ္းကို ေျပာင္းေ႐ြ႕ဖုိ႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အစည္းအေဝးမွာ တင္ျပေဆြးေႏြးသြားမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။ဗိုလ္တေထာင္ ဘုရားနားမွာ ဗိုလ္ေအာင္ေက်ာ္ ကြန္တိန္နာဆိပ္ကမ္း ရွိေနတာေၾကာင့္ ကြန္တိန္နာေမာ္ေတာ္ယာဥ္ေတြ ျဖတ္သန္း ေမာင္းႏွင္တာကေန ေပၚေပါက္လာတဲ့ တုန္ခါမႈေၾကာင့္ ေစတီေတာ္ ေရရွည္တည္တံ့ေရးအတြက္ စိုးရိမ္ရလုိ႔ ဆိပ္ကမ္းၿမိဳ႕နယ္ ျပည္သူလူထုက လက္မွတ္ေရးထိုးကာ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံကုိေပးပို႔ထားပါတယ္။"ျပည္သူေတြ တင္ျပတဲ့စာကို လူမႈေရးဝန္ႀကီးထံ တင္ျပထားတယ္။ အစိုးရအဖြဲ႕ကေန ျပန္ပို႔တဲ့စာေတာ့ မေရာက္ေသးဘူး”လို႔ ဆိပ္ကမ္းၿမဳိ႕နယ္ အမွတ္ (၂) မဲဆႏၵနယ္ ကိုယ္စားလွယ္ ဦးေမာင္ေမာင္သန္းက ေျပာပါတယ္။
ကြန္တိန္နာ ေမာ္ေတာ္ယာဥ္ေတြရဲ႕ တုန္ခါမႈေၾကာင့္ ေရွးေဟာင္းအေဆာက္အဦေတြအတြက္ စိုးရိမ္ရၿပီး ဆိပ္ကမ္းကို ဖယ္ရွားေပးဖို႔နဲ႔ ေစတီေတာ္အနီးနားက ကားလမ္းမမွာ ကြန္တိန္နာ ေမာ္ေတာ္ယာဥ္ေတြ ျဖတ္သန္းခြင့္ မျပဳဖို႔ ေတာင္းဆိုထားပါတယ္။
_____________________________________________________________________
#Unicode
ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ ဗိုလ်တထောင်ဘုရား ရေရှည်တည်တံ့နိုင်ရေးအတွက် စေတီတော်အနီးနားက ကွန်တိန်နာဆိပ်ကမ်းကို ပြောင်းရွေ့ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြဆွေးနွေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။ဗိုလ်တထောင် ဘုရားနားမှာ ဗိုလ်အောင်ကျော် ကွန်တိန်နာဆိပ်ကမ်း ရှိနေတာကြောင့် ကွန်တိန်နာမော်တော်ယာဉ်တွေ ဖြတ်သန်း မောင်းနှင်တာကနေ ပေါ်ပေါက်လာတဲ့ တုန်ခါမှုကြောင့် စေတီတော် ရေရှည်တည်တံ့ရေးအတွက် စိုးရိမ်ရလို့ ဆိပ်ကမ်းမြို့နယ် ပြည်သူလူထုက လက်မှတ်ရေးထိုးကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံကိုပေးပို့ထားပါတယ်။"ပြည်သူတွေ တင်ပြတဲ့စာကို လူမှုရေးဝန်ကြီးထံ တင်ပြထားတယ်။ အစိုးရအဖွဲ့ကနေ ပြန်ပို့တဲ့စာတော့ မရောက်သေးဘူး”လို့ ဆိပ်ကမ်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးမောင်မောင်သန်းက ပြောပါတယ်။
ကွန်တိန်နာ မော်တော်ယာဉ်တွေရဲ့ တုန်ခါမှုကြောင့် ရှေးဟောင်းအဆောက်အဦတွေအတွက် စိုးရိမ်ရပြီး ဆိပ်ကမ်းကို ဖယ်ရှားပေးဖို့နဲ့ စေတီတော်အနီးနားက ကားလမ်းမမှာ ကွန်တိန်နာ မော်တော်ယာဉ်တွေ ဖြတ်သန်းခွင့် မပြုဖို့ တောင်းဆိုထားပါတယ်။
#Credit Duwun