Update News
recent

ေသနတ္ပစ္ေဖာက္မႈေၾကာင့္ တိုင္ၾကားခံရသည့္ ရဲအုပ္က ေဒသခံမ်ားကို ဟန္႔တားေႏွာင့္ယွက္မႈျဖင့္ ျပန္လည္အမႈဖြင့္


#Zawgyi
ကယားျပည္နယ္ ေမာ္ခ်ီး ေဒသ အလင္းတန္းေျပာင္းေရႊ႕ ေက်းရြာတြင္ ျဖစ္ပြားခဲ့သည့္ ေသ နတ္ပစ္ေဖာက္မႈ၌ တုိင္ၾကားခံရ သည့္ ရဲအရာရွိက ၎အား တုိင္ ၾကားခဲ့သည့္ ရြာသားမ်ားကုိ ဟန္႔ တားေႏွာင့္ယွက္မႈျဖင့္ျပန္လည္အမႈဖြင့္ခဲ့ေၾကာင္း သတင္းရရွိသည္။


ရဲအုပ္ေအာင္စိုးတင့္သည္ ယစ္မ်ိဳးဥပေဒအရ အေရးယူရန္ ယင္းေက်းရြာသို႔ သြားေရာက္စဥ္ ဥပေဒႏွင့္အညီ ဆက္လက္မ ေဆာင္ရြက္ႏုိင္ေအာင္ ဟန္႔တား ေႏွာင့္ယွက္မႈျဖင့္ စိုးမင္းေအာင္ ႏွင့္ဘေအာင္အပါအ၀င္ ရြာသား ၁၂ ဦးကုိ ပုဒ္မ ၃၅၃ ျဖင့္ ေမာ္ခ်ီး နယ္ေျမရဲစခန္း၌ ေမလ ၂၈ ရက္ က အမႈဖြင့္တုိင္ၾကားထားေၾကာင္း အဆုိပါရဲစခန္းမွ ရဲအရာရွိတစ္ဦး က ေျပာသည္။

ေမလ ၂၇ ရက္ ညေန ၅ နာရီခန္႔တြင္ အရပ္၀တ္ႏွင့့္ ရဲအုပ္ တစ္ဦးက အရက္ဘီယာေရာင္းခ် သည့္ ေဒသခံတစ္ဦးကို ဖမ္းမည္ ေျပာရာမွ ျဖစ္ပြားခဲ့သည့္အမႈျဖစ္ ၿပီး ရဲအရာရွိက ေသနတ္တစ္ခ်က္ ပစ္ေဖာက္ခဲ့ျခင္းျဖစ္သည္။

ေဒသခံမ်ားကလည္း ေမာ္ခ်ီး ေဒသ အုပ္ခ်ဳပ္ေရးမွဴးထံသုိ႔ ယင္းကိစၥေျဖရွင္းေပးရန္ တင္ျပေတာင္း ဆုိထားသည္။ အဆုိပါအလင္း တန္းေက်းရြာသည္ ေမာ္ခ်ီးေဒသ မွေျမၿပိဳၿပီး အိုးအိမ္ဆံုး႐ႈံးခဲ့သူမ်ား အတြက္ ျပန္လည္ေနရာခ်ထား ေပးသည့္ ရြာျဖစ္သည္။

‘‘ရဲအရာရွိက အရပ္၀တ္နဲ႔ လာၿပီး ဘီယာအရက္လိုုင္စင္မရွိ ဘဲ ေရာင္းလို႔ဆုိၿပီး လာဖမ္းတယ္။ အဖမ္းခံရတဲ့ သူကလည္း သူတစ္ ေယာက္တည္းေရာင္းေနတာမ ဟုတ္ဘူး၊ ဖမ္းမယ္ဆိုရင္ အကုန္ ဖမ္းလုိ႔ ေျပာရာကေန စျဖစ္တာပါ’’ ဟု ျဖစ္စဥ္ကုိ သိရွိသည့္ ေဒသခံ အမ်ိဳးသားက ေျပာသည္။

ေသနတ္ပစ္ေဖာက္ ၿခိမ္း ေျခာက္ခဲ့သည့္ ရဲအရာရွိသည္ ရဲ အုပ္ေအာင္စုိးတင့္ျဖစ္ၿပီး ေမာ္ခ်ီး နယ္ေျမရဲစခန္းတြင္ တာ၀န္ထမ္း ေဆာင္ေနသူျဖစ္သည္။ ေသနတ္ ပစ္ေဖာက္ခဲ့သည့္အတြက္ ဖမ္း ဆီးစစ္ဆးခံေနရၿပီး ရဲစည္းကမ္း အတုိင္း အေရးယူမည္ျဖစ္ေၾကာင္း ကယားျပည္နယ္ရဲတပ္ဖဲြ႕မွ ရဲအ ရာရွိတစ္ဦးက ေျပာသည္။

‘‘အမႈကေတာ့ စစ္ေဆးေန တုန္းပဲရွိပါေသးတယ္။ အျပစ္ရွိ ရင္ေတာ့ စည္းကမ္းဥပေဒအတိုင္း အျပစ္ေပးအေရးယူမႈေတြလုပ္မွာ ပါ။ ျဖစ္စဥ္မွာပါတဲ့သူေတြကို လည္း စစ္ေဆးမွာပါ။ အျပစ္ရွိရင္ ေတာ့ ထိေရာက္စြာ အျပစ္ေပးအ ေရးယူမွာပါ’’ ဟု အဆုိပါရဲအရာ ရွိက ေျပာသည္။
_________________________________________________________________________
#Unicode
ကယားပြည်နယ် မော်ချီး ဒေသ အလင်းတန်းပြောင်းရွှေ့ ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သေ နတ်ပစ်ဖောက်မှု၌ တိုင်ကြားခံရ သည့် ရဲအရာရှိက ၎င်းအား တိုင် ကြားခဲ့သည့် ရွာသားများကို ဟန့် တားနှောင့်ယှက်မှုဖြင့်ပြန်လည်အမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။


ရဲအုပ်အောင်စိုးတင့်သည် ယစ်မျိုးဥပဒေအရ အရေးယူရန် ယင်းကျေးရွာသို့ သွားရောက်စဉ် ဥပဒေနှင့်အညီ ဆက်လက်မ ဆောင်ရွက်နိုင်အောင် ဟန့်တား နှောင့်ယှက်မှုဖြင့် စိုးမင်းအောင် နှင့်ဘအောင်အပါအဝင် ရွာသား ၁၂ ဦးကို ပုဒ်မ ၃၅၃ ဖြင့် မော်ချီး နယ်မြေရဲစခန်း၌ မေလ ၂၈ ရက် က အမှုဖွင့်တိုင်ကြားထားကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦး က ပြောသည်။

မေလ ၂၇ ရက် ညနေ ၅ နာရီခန့်တွင် အရပ်ဝတ်နှင့့် ရဲအုပ် တစ်ဦးက အရက်ဘီယာရောင်းချ သည့် ဒေသခံတစ်ဦးကို ဖမ်းမည် ပြောရာမှ ဖြစ်ပွားခဲ့သည့်အမှုဖြစ် ပြီး ရဲအရာရှိက သေနတ်တစ်ချက် ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများကလည်း မော်ချီး ဒေသ အုပ်ချုပ်ရေးမှူးထံသို့ ယင်းကိစ္စဖြေရှင်းပေးရန် တင်ပြတောင်း ဆိုထားသည်။ အဆိုပါအလင်း တန်းကျေးရွာသည် မော်ချီးဒေသ မှမြေပြိုပြီး အိုးအိမ်ဆုံးရှုံးခဲ့သူများ အတွက် ပြန်လည်နေရာချထား ပေးသည့် ရွာဖြစ်သည်။

‘‘ရဲအရာရှိက အရပ်ဝတ်နဲ့ လာပြီး ဘီယာအရက်လိုုင်စင်မရှိ ဘဲ ရောင်းလို့ဆိုပြီး လာဖမ်းတယ်။ အဖမ်းခံရတဲ့ သူကလည်း သူတစ် ယောက်တည်းရောင်းနေတာမ ဟုတ်ဘူး၊ ဖမ်းမယ်ဆိုရင် အကုန် ဖမ်းလို့ ပြောရာကနေ စဖြစ်တာပါ’’ ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံ အမျိုးသားက ပြောသည်။

သေနတ်ပစ်ဖောက် ခြိမ်း ခြောက်ခဲ့သည့် ရဲအရာရှိသည် ရဲ အုပ်အောင်စိုးတင့်ဖြစ်ပြီး မော်ချီး နယ်မြေရဲစခန်းတွင် တာဝန်ထမ်း ဆောင်နေသူဖြစ်သည်။ သေနတ် ပစ်ဖောက်ခဲ့သည့်အတွက် ဖမ်း ဆီးစစ်ဆးခံနေရပြီး ရဲစည်းကမ်း အတိုင်း အရေးယူမည်ဖြစ်ကြောင်း ကယားပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအ ရာရှိတစ်ဦးက ပြောသည်။

‘‘အမှုကတော့ စစ်ဆေးနေ တုန်းပဲရှိပါသေးတယ်။ အပြစ်ရှိ ရင်တော့ စည်းကမ်းဥပဒေအတိုင်း အပြစ်ပေးအရေးယူမှုတွေလုပ်မှာ ပါ။ ဖြစ်စဉ်မှာပါတဲ့သူတွေကို လည်း စစ်ဆေးမှာပါ။ အပြစ်ရှိရင် တော့ ထိရောက်စွာ အပြစ်ပေးအ ရေးယူမှာပါ’’ ဟု အဆိုပါရဲအရာ ရှိက ပြောသည်။
#Credit   7DayDaily
aung  yein chan

aung yein chan

Powered by Blogger.