အခန်းထဲက သူ
#Zawgyi
ကျွန်တော့်တစ်သက် သွားခဲ့သမျှ ခရီးတွေထဲမှာတော့ အဲဒီတစ်ခေါက်ခရီးဟာ ပရလောကသားတွေနဲ့ အများဆုံး ပတ်သတ်ခဲ့ရတဲ့ ခရီးပါပဲ.........ရှေ့က ညလည်ခေါင်အော်သံမှာတော့ ကျနော်တို့ အလုပ်လုပ်ရတဲ့ Tower က အကြောင်း ပြောခဲ့ပြီးပါပြီ.........အခုကတော့ ကျနော်တို့ ခေတ္တတည်းခိုခဲ့ရတဲ့ Hotel က အကြောင်းပါ..........Hotel က ကျနော်ပြောခဲ့တဲ့ Tower နဲ့ သိပ်မဝေးကွာလှတဲ့နေရာမှာ ရှိပါတယ်..........အထပ် 6ထပ်ရှိပါတယ် (သေချာမမှတ်မိတော့ပါ)...........ကျနော်တို့ နေတဲ့အခန်းက 4ထပ်မှာပါ.......ကျနော်နဲ့ နေတဲ့2ယောက်ကိုတော့ ကိုမျိုးနဲ့ ကိုချစ်လို့ပဲ မှတ်ထားပေးကြပါ..........ကျနော်တို့ရောက်ပြီး 3ရက်လောက်နေတော့ company က အခြား အမျိုးသမီးဝန်ထမ်း 2ယောက်လည်း ရောက်လာပါတယ်........သူတို့အခန်းက 3ထပ်မှာပါ........အခန်းထဲမှာ အစကတော့ ဘာမှ မသင်္ကာစရာ မတွေ့မိပါဘူး........တစ်ရက်မှာတော့ ကျနော်တို့ညဘက်မှာ ကြက်ကြော်စားကြတယ်......စားရင်းနဲ့တောင် ပြောနေကြသေးတယ်.......ညဘက်ကြီး တံခါးဖွင့်ပြီးစားနေကြတာ ၀င်လာရင်တော့ ပြဿနာပဲဆိုပြီးတော့.............နောက်တစ်နေ့ည ပြန်တဲ့အချိန်မှာ ကျနော်က ညဈေးတန်းကနေ ဖက်ထုပ်ကြော်တွေ ၀ယ်လာတယ်......အခန်းပြန်ရောက်တော့ မိန်းကလေးတွေ အခန်းကို နည်းနည်းပေးလိုက်တယ်........ကိုမျိုးက သူ့သူငယ်ချင်းလာခေါ်လို့ အပြင်ထွက်သွားတယ်.......ကျနော်လည်း မြို့ခံသူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောပြီး အပြင်သွားတယ်.......မသွားခင်မှာ ဖက်ထုပ်နည်းနည်း စားသွားသေးတယ်.....အခန်းထဲမှာက ကိုချစ်တစ်ယောက်တည်း Laptop တစ်လုံးနဲ့ အလုပ်ရှုပ်ပြီး ကျန်ခဲ့တာ.......ကျနော် အပြင်ကနေ ပြန်လာတဲ့အချိန်မှာ ကိုမျိုးလည်း ပြန်ရောက်နေပြီ......စိတ်ထဲမှာ ဖက်ထုပ်စားချင်သလို ဖြစ်တာနဲ့ ကြည့်လိုက်တော့ ဖက်ထုပ်က ကုန်နေပြီ.......အိတ်ခွံပဲ ကျန်တော့တယ်.....ဒီကောင်တွေ စည်းကမ်းမရှိလိုက်တာ၊ စားပြီး အမှိုက်ကြတော့ မလွှင့်ပစ်ဘူးလို့ ဟို2ယောက်ကို စိတ်ထဲက အပြစ်တင်ရင်း ကျနော်ကိုယ်တိုင်ပဲ အမှိုက်တောင်းထဲ ထည့်လိုက်တယ်.........နောက်နေ့ နေ့လည်ပိုင်းလောက်မှာ စကားစပ်မိလို့ ကျနော်က ဟို2ယောက်ကို ပြောမိတယ်........ခင်ဗျားတို့ ကျနော့်အတွက်တောင် မချန်ထားဘူးဆိုတော့ သူတို့တွေက ငါတို့မစားပါဘူးတဲ့.....အသေအချာကို ပြောကြတာ........နောက်ဆုံး ဘယ်လိုမှ တရားခံ ရှာမရဘူး.......အဲဒီအထိ မထင်သေးဘူး.......ညနေပိုင်းမှာ ကျနော့်မြို့ခံသူငယ်ချင်းရောက်လာတယ်.......ကျနော်တို့ အဖွဲ့ထဲက မိန်းကလေးတစ်ယောက်ကိုတွေ့တော့ မနေ့ညက ဖုန်းထဲမှာ သီချင်းလိုက်ဆိုနေတာ သူလားလို့ ကျနော့်ကိုမေးတယ်......မင်းဘာတွေ ပြောနေတာလဲဆိုတော့ ငါတို့ညက ဖုန်းပြောနေတုန်း ဘေးကနေ သီချင်းလိုက်ဆိုနေတဲ့ ကောင်မလေးကိုပြောတာလေတဲ့.........အဲဒီတော့မှ ကျနော်တို့လည်း သိတာ......တကယ်တမ်းက အဲဒီအချိန်မှာ သီချင်းဖွင့်ထားတာမှန်တယ်.......ဒါပေမယ့် အခန်းထဲမှာ ကျနော်နဲ့ ကိုချစ်ပဲရှိတာလေ.......ယောကျာ်းလေးတွေ နေတဲ့အခန်းမှာ ဘယ်လိုလုပ် မိန်းကလေးက ရှိနေမလဲ..........ထပ်မေးတော့လည်း သူကြားတာ သီချင်းဖွင့်ထားတာကို မိန်းကလေးအသံနဲ့ လိုက်ဆိုနေတာတဲ့.......အဲဒီတော့မှလည်း ကျနော်တို့လည်း သိရတော့တာ.......ဒီလိုနဲ့ ပြန်ရမယ့်နေ့ မနက်စောစောထကြတော့ ကိုချစ်က ရေချိုးခန်းဝင်နေတယ်........ကိုမျိုးက ရေချိုးပြီး ရေသုတ်နေတယ်.....ကျနော်က အိပ်ရာထဲမှာ နှပ်နေတုန်း..........ခဏ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျနော့်ခြေရင်းက မှန်တင်ခုံရှေ့မှာ ကိုမျိုးက မျက်နှာသုတ်ပုဝါ အဖြူကြီးကို ခါးပတ်ပြီး ရေသုတ်နေတာ တွေ့တယ်.........ကျနော်လည်း ပြန်မှိန်းနေတုန်း အသံကြီးတစ်ခု ကြားရတယ်.......အသံက တော်တော်ဆိုးဆိုးရွားရွား အသံကြီး.......ကျနော့်ခြေရင်းဘက်ကလာတာ........ကျနော်လည်း မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျနော့်ခြေရင်းမှာ မဲမဲကြီးတစ်ခု မတ်တပ်ရပ်နေတယ်.........လူပုံသဏ္ဍာန်ဆိုပေမယ့် မျက်နှာ၊မျက်လုံး စသဖြင့် ဘာမှ မတွေ့ရဘူး........မဲမဲကြီးပဲ မြင်ရတာ..........ကျနော်လည်း တော်တော်လန့်သွားတယ်.........သူက မတ်တပ်လေ.......ကျနော်က ပက်လက်ကြီး........တစ်ခုခုလုပ်လာရင်တောင် ပြန်ခုခံဖို့ သူ့ဘက်က နေရာအသာစီး ရနေပြီ........ထလိုက်တုန်း သူတစ်ခုခု လုပ်လိုက်ရင်လည်း ကျနော့်မှာ တုံ့ပြန်ချိန် ရလိုက်မှာတောင် မဟုတ်ဘူး............အဲဒီအချိန်မှာ ဘုရားစာရွတ်ဖို့လည်း သတိမရဘူး............ကျန်တဲ့လူတွေကို အော်ခေါ်ဖို့လည်း သတိမရတော့ဘူး.........အေးစက်နေတဲ့ ဆောင်းတွင်းမနက်ခင်းဟာ ကျနော့်အတွက်တော့ ချွေးပြန်ရတဲ့ ကာလတစ်ခု ဖြစ်ခဲ့ရပါတယ်.........နောက်ဆုံးတော့ ကျနော် အဲဒီမဲမဲကြီးကို လှမ်းကန်လိုက်တယ်.........ခါးလည်ပိုင်းလောက်ကို ကန်တာပါ........သူနဲ့ ကျနော့်ခြေထောက်ထိခါနီးမှာ ကျနော့်မျက်စိရှေ့တင် ကျနော်ကန်တဲ့ သူခါးနေရာလောက်က အဖြူရောင်ကြီး ဖြစ်သွားတယ်.......ကျနော်လည်း အယောင်ယောင်အမှားမှားနဲ့ ရွှေ့လိုက်မိလို့ ကန်ချက်က ရှပ်ထိရုံပဲ ထိသွားတယ်.........မိမိရရ မထိတော့ဘူး........ကန်ပြီးမှ အမြန်ထပြီး ကြည့်လိုက်တော့ ခုတင်ခြေရင်းမှာက ကိုမျိုး..................ကျနော်လည်း တော်တော်ဒေါသထွက်သွားတယ်ဗျ.......ဒါက နောက်စရာမှ မဟုတ်တာ......မတော် ကျနော့်ကန်ချက် ချက်ကောင်းထိပြီး သူသေသွားရင် ကျနော်လည်း ထောင်ထဲရောက်မှာလေ.......အဲဒါနဲ့ " ခင်ဗျား ဘာသောက်ကမြင်းကြောထတာလဲ..သောက်ရူးလား " ဘာညာနဲ့ အော်ဆဲပစ်လိုက်တယ်..........သူက ပြန်ပြောရှာပါတယ်.........ကျနော်ကြားလိုက်သလို အသံမျိုး ကျနော့်ဘက်က ကြားလိုက်ရလို့ သူလာကြည့်တာတဲ့................အခန်းထဲကဟာက ဘာလဲတော့ မသိဘူး.....ဒါပေမယ့် ကျနော်တို့ကိုတော့ တော်တော်မွှေခဲ့တာဗျာ.........အဲဒီနေ့က နောက်ဆုံးဆိုတော့ ကျနော်တို့လည်း ထပ်မဆုံတော့ပါဘူး.........နောက်ထပ်ညတွေ ဆက်နေခဲ့မိမယ်ဆိုရင် ဘာတွေ ထပ်ဖြစ်ဦးမလဲ ဆိုတာကတော့..........................
________________________________________________________________________
#Unicode
ကျွန်တော့်တစ်သက် သွားခဲ့သမျှ ခရီးတွေထဲမှာတော့ အဲဒီတစ်ခေါက်ခရီးဟာ ပရလောကသားတွေနဲ့ အများဆုံး ပတ်သတ်ခဲ့ရတဲ့ ခရီးပါပဲ.........ရှေ့က ညလည်ခေါင်အော်သံမှာတော့ ကျနော်တို့ အလုပ်လုပ်ရတဲ့ Tower က အကြောင်း ပြောခဲ့ပြီးပါပြီ.........အခုကတော့ ကျနော်တို့ ခေတ္တတည်းခိုခဲ့ရတဲ့ Hotel က အကြောင်းပါ..........Hotel က ကျနော်ပြောခဲ့တဲ့ Tower နဲ့ သိပ်မဝေးကွာလှတဲ့နေရာမှာ ရှိပါတယ်..........အထပ် 6ထပ်ရှိပါတယ် (သေချာမမှတ်မိတော့ပါ)...........ကျနော်တို့ နေတဲ့အခန်းက 4ထပ်မှာပါ.......ကျနော်နဲ့ နေတဲ့2ယောက်ကိုတော့ ကိုမျိုးနဲ့ ကိုချစ်လို့ပဲ မှတ်ထားပေးကြပါ..........ကျနော်တို့ရောက်ပြီး 3ရက်လောက်နေတော့ company က အခြား အမျိုးသမီးဝန်ထမ်း 2ယောက်လည်း ရောက်လာပါတယ်........သူတို့အခန်းက 3ထပ်မှာပါ........အခန်းထဲမှာ အစကတော့ ဘာမှ မသင်္ကာစရာ မတွေ့မိပါဘူး........တစ်ရက်မှာတော့ ကျနော်တို့ညဘက်မှာ ကြက်ကြော်စားကြတယ်......စားရင်းနဲ့တောင် ပြောနေကြသေးတယ်.......ညဘက်ကြီး တံခါးဖွင့်ပြီးစားနေကြတာ ၀င်လာရင်တော့ ပြဿနာပဲဆိုပြီးတော့.............နောက်တစ်နေ့ည ပြန်တဲ့အချိန်မှာ ကျနော်က ညစျေးတန်းကနေ ဖက်ထုပ်ကြော်တွေ ၀ယ်လာတယ်......အခန်းပြန်ရောက်တော့ မိန်းကလေးတွေ အခန်းကို နည်းနည်းပေးလိုက်တယ်........ကိုမျိုးက သူ့သူငယ်ချင်းလာခေါ်လို့ အပြင်ထွက်သွားတယ်.......ကျနော်လည်း မြို့ခံသူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောပြီး အပြင်သွားတယ်.......မသွားခင်မှာ ဖက်ထုပ်နည်းနည်း စားသွားသေးတယ်.....အခန်းထဲမှာက ကိုချစ်တစ်ယောက်တည်း Laptop တစ်လုံးနဲ့ အလုပ်ရှုပ်ပြီး ကျန်ခဲ့တာ.......ကျနော် အပြင်ကနေ ပြန်လာတဲ့အချိန်မှာ ကိုမျိုးလည်း ပြန်ရောက်နေပြီ......စိတ်ထဲမှာ ဖက်ထုပ်စားချင်သလို ဖြစ်တာနဲ့ ကြည့်လိုက်တော့ ဖက်ထုပ်က ကုန်နေပြီ.......အိတ်ခွံပဲ ကျန်တော့တယ်.....ဒီကောင်တွေ စည်းကမ်းမရှိလိုက်တာ၊ စားပြီး အမှိုက်ကြတော့ မလွှင့်ပစ်ဘူးလို့ ဟို2ယောက်ကို စိတ်ထဲက အပြစ်တင်ရင်း ကျနော်ကိုယ်တိုင်ပဲ အမှိုက်တောင်းထဲ ထည့်လိုက်တယ်.........နောက်နေ့ နေ့လည်ပိုင်းလောက်မှာ စကားစပ်မိလို့ ကျနော်က ဟို2ယောက်ကို ပြောမိတယ်........ခင်ဗျားတို့ ကျနော့်အတွက်တောင် မချန်ထားဘူးဆိုတော့ သူတို့တွေက ငါတို့မစားပါဘူးတဲ့.....အသေအချာကို ပြောကြတာ........နောက်ဆုံး ဘယ်လိုမှ တရားခံ ရှာမရဘူး.......အဲဒီအထိ မထင်သေးဘူး.......ညနေပိုင်းမှာ ကျနော့်မြို့ခံသူငယ်ချင်းရောက်လာတယ်.......ကျနော်တို့ အဖွဲ့ထဲက မိန်းကလေးတစ်ယောက်ကိုတွေ့တော့ မနေ့ညက ဖုန်းထဲမှာ သီချင်းလိုက်ဆိုနေတာ သူလားလို့ ကျနော့်ကိုမေးတယ်......မင်းဘာတွေ ပြောနေတာလဲဆိုတော့ ငါတို့ညက ဖုန်းပြောနေတုန်း ဘေးကနေ သီချင်းလိုက်ဆိုနေတဲ့ ကောင်မလေးကိုပြောတာလေတဲ့.........အဲဒီတော့မှ ကျနော်တို့လည်း သိတာ......တကယ်တမ်းက အဲဒီအချိန်မှာ သီချင်းဖွင့်ထားတာမှန်တယ်.......ဒါပေမယ့် အခန်းထဲမှာ ကျနော်နဲ့ ကိုချစ်ပဲရှိတာလေ.......ယောကျာ်းလေးတွေ နေတဲ့အခန်းမှာ ဘယ်လိုလုပ် မိန်းကလေးက ရှိနေမလဲ..........ထပ်မေးတော့လည်း သူကြားတာ သီချင်းဖွင့်ထားတာကို မိန်းကလေးအသံနဲ့ လိုက်ဆိုနေတာတဲ့.......အဲဒီတော့မှလည်း ကျနော်တို့လည်း သိရတော့တာ.......ဒီလိုနဲ့ ပြန်ရမယ့်နေ့ မနက်စောစောထကြတော့ ကိုချစ်က ရေချိုးခန်းဝင်နေတယ်........ကိုမျိုးက ရေချိုးပြီး ရေသုတ်နေတယ်.....ကျနော်က အိပ်ရာထဲမှာ နှပ်နေတုန်း..........ခဏ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျနော့်ခြေရင်းက မှန်တင်ခုံရှေ့မှာ ကိုမျိုးက မျက်နှာသုတ်ပုဝါ အဖြူကြီးကို ခါးပတ်ပြီး ရေသုတ်နေတာ တွေ့တယ်.........ကျနော်လည်း ပြန်မှိန်းနေတုန်း အသံကြီးတစ်ခု ကြားရတယ်.......အသံက တော်တော်ဆိုးဆိုးရွားရွား အသံကြီး.......ကျနော့်ခြေရင်းဘက်ကလာတာ........ကျနော်လည်း မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျနော့်ခြေရင်းမှာ မဲမဲကြီးတစ်ခု မတ်တပ်ရပ်နေတယ်.........လူပုံသဏ္ဍာန်ဆိုပေမယ့် မျက်နှာ၊မျက်လုံး စသဖြင့် ဘာမှ မတွေ့ရဘူး........မဲမဲကြီးပဲ မြင်ရတာ..........ကျနော်လည်း တော်တော်လန့်သွားတယ်.........သူက မတ်တပ်လေ.......ကျနော်က ပက်လက်ကြီး........တစ်ခုခုလုပ်လာရင်တောင် ပြန်ခုခံဖို့ သူ့ဘက်က နေရာအသာစီး ရနေပြီ........ထလိုက်တုန်း သူတစ်ခုခု လုပ်လိုက်ရင်လည်း ကျနော့်မှာ တုံ့ပြန်ချိန် ရလိုက်မှာတောင် မဟုတ်ဘူး............အဲဒီအချိန်မှာ ဘုရားစာရွတ်ဖို့လည်း သတိမရဘူး............ကျန်တဲ့လူတွေကို အော်ခေါ်ဖို့လည်း သတိမရတော့ဘူး.........အေးစက်နေတဲ့ ဆောင်းတွင်းမနက်ခင်းဟာ ကျနော့်အတွက်တော့ ချွေးပြန်ရတဲ့ ကာလတစ်ခု ဖြစ်ခဲ့ရပါတယ်.........နောက်ဆုံးတော့ ကျနော် အဲဒီမဲမဲကြီးကို လှမ်းကန်လိုက်တယ်.........ခါးလည်ပိုင်းလောက်ကို ကန်တာပါ........သူနဲ့ ကျနော့်ခြေထောက်ထိခါနီးမှာ ကျနော့်မျက်စိရှေ့တင် ကျနော်ကန်တဲ့ သူခါးနေရာလောက်က အဖြူရောင်ကြီး ဖြစ်သွားတယ်.......ကျနော်လည်း အယောင်ယောင်အမှားမှားနဲ့ ရွှေ့လိုက်မိလို့ ကန်ချက်က ရှပ်ထိရုံပဲ ထိသွားတယ်.........မိမိရရ မထိတော့ဘူး........ကန်ပြီးမှ အမြန်ထပြီး ကြည့်လိုက်တော့ ခုတင်ခြေရင်းမှာက ကိုမျိုး..................ကျနော်လည်း တော်တော်ဒေါသထွက်သွားတယ်ဗျ.......ဒါက နောက်စရာမှ မဟုတ်တာ......မတော် ကျနော့်ကန်ချက် ချက်ကောင်းထိပြီး သူသေသွားရင် ကျနော်လည်း ထောင်ထဲရောက်မှာလေ.......အဲဒါနဲ့ " ခင်ဗျား ဘာသောက်ကမြင်းကြောထတာလဲ..သောက်ရူးလား " ဘာညာနဲ့ အော်ဆဲပစ်လိုက်တယ်..........သူက ပြန်ပြောရှာပါတယ်.........ကျနော်ကြားလိုက်သလို အသံမျိုး ကျနော့်ဘက်က ကြားလိုက်ရလို့ သူလာကြည့်တာတဲ့................အခန်းထဲကဟာက ဘာလဲတော့ မသိဘူး.....ဒါပေမယ့် ကျနော်တို့ကိုတော့ တော်တော်မွှေခဲ့တာဗျာ.........အဲဒီနေ့က နောက်ဆုံးဆိုတော့ ကျနော်တို့လည်း ထပ်မဆုံတော့ပါဘူး.........နောက်ထပ်ညတွေ ဆက်နေခဲ့မိမယ်ဆိုရင် ဘာတွေ ထပ်ဖြစ်ဦးမလဲ ဆိုတာကတော့..........................
#Credit-----yangon thar