Update News
recent

ကမာရြတ္ၿမိဳ႕နယ္မွာ ဝါးျငမ္းဆင္ရင္း ျပဳတ္က်ေသဆံုးမႈျဖစ္


#Zawgyi
ဘုရင့္ေနာင္တာ၀ါမွာ ေဆးသုတ္ဖို႔ ျငမ္းဆင္ရင္း ေျခေခ်ာ္ျပဳတ္က်ခဲ့တာပါ။ေမလ ၂၉ ရက္ေန႔ ညေန ၄ နာရီေလာက္က ကမာရြတ္ၿမိဳ႕နယ္မွာ တုိက္ေဆးသုတ္ဖို႔ ၀ါးျငမ္းတပ္ဆင္သူတစ္ဦး ျပဳတ္က်ေသဆုံးခဲ့မႈ ျဖစ္ခဲ့တယ္လုိ႔ သိရပါတယ္။
ဒလၿမိဳ႕နယ္မွာေနတဲ့ အသက္ ၂၃ ႏွစ္အရြယ္ရွိတဲ့ အမ်ိဳးသားတစ္ဦးက ကမာရြတ္ၿမိဳ႕နယ္ ဘုရင့္ေနာင္တာ၀ါ ၁ မွာ အျမင့္ ၂၅ ေပေလာက္ရွိတဲ့ တုိက္နံရံကုိ ေဆးသုတ္ဖို႔ ျငမ္းတပ္ဆင္ေနတဲ့ အခ်ိန္မွာ ေျခေခ်ာ္ျပဳတ္က်ခဲ့တာပါ။
ေျခေခ်ာ္ျပဳတ္က်ခဲ့တဲ့ အမ်ိဳးသားမွာ နဖူး၀ဲယာျခမ္းစုတ္ၿပဲ၊ ဦးေခါင္းေနာက္ေစ့စုတ္ၿပဲ၊ ၀ဲယာ မ်က္ခုံးဖူးေရာင္ညိဳမဲ၊ ၀ဲရင္ဘတ္ပြန္း၊ ၀ဲတင္ပါးဆုံပြန္းဒဏ္ရာေတြ ရရွိခဲ့ၿပီး ရန္ကုန္ေဆးရုံႀကီးကို တင္ပို႔ခဲ့ရတယ္လုိ႔ သိရပါတယ္။
ေဆးရံုကုိတင္ပို႔ ကုသေနတုန္း ညေန ၄ နာရီခြဲေလာက္မွာ ေသဆုံးခဲ့တာေၾကာင့္ အေလာင္းကုိ ေဆးရုံက ပီအာရ္ ၀၆၈ နဲ႔ လက္ခံထားၿပီး ကမာရြတ္ၿမိဳ႕မ ရဲစခန္းကေန ေသမႈေသခင္းအမွတ္စဥ္ ၉/၁၆ နဲ႔ အမႈဖြင့္ စစ္ေဆးေနတယ္လုိ႔ ဆိုပါတယ္။
__________________________________________________________________________
#Unicode
ဘုရင့်နောင်တာဝါမှာ ဆေးသုတ်ဖို့ ငြမ်းဆင်ရင်း ခြေချော်ပြုတ်ကျခဲ့တာပါ။မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီလောက်က ကမာရွတ်မြို့နယ်မှာ တိုက်ဆေးသုတ်ဖို့ ၀ါးငြမ်းတပ်ဆင်သူတစ်ဦး ပြုတ်ကျသေဆုံးခဲ့မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒလမြို့နယ်မှာနေတဲ့ အသက် ၂၃ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးက ကမာရွတ်မြို့နယ် ဘုရင့်နောင်တာဝါ ၁ မှာ အမြင့် ၂၅ ပေလောက်ရှိတဲ့ တိုက်နံရံကို ဆေးသုတ်ဖို့ ငြမ်းတပ်ဆင်နေတဲ့ အချိန်မှာ ခြေချော်ပြုတ်ကျခဲ့တာပါ။
ခြေချော်ပြုတ်ကျခဲ့တဲ့ အမျိုးသားမှာ နဖူးဝဲယာခြမ်းစုတ်ပြဲ၊ ဦးခေါင်းနောက်စေ့စုတ်ပြဲ၊ ၀ဲယာ မျက်ခုံးဖူးရောင်ညိုမဲ၊ ၀ဲရင်ဘတ်ပွန်း၊ ၀ဲတင်ပါးဆုံပွန်းဒဏ်ရာတွေ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို တင်ပို့ခဲ့ရတယ်လို့ သိရပါတယ်။
ဆေးရုံကိုတင်ပို့ ကုသနေတုန်း ညနေ ၄ နာရီခွဲလောက်မှာ သေဆုံးခဲ့တာကြောင့် အလောင်းကို ဆေးရုံက ပီအာရ် ၀၆၈ နဲ့ လက်ခံထားပြီး ကမာရွတ်မြို့မ ရဲစခန်းကနေ သေမှုသေခင်းအမှတ်စဉ် ၉/၁၆ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
#Credit   Duwun
aung  yein chan

aung yein chan

Powered by Blogger.