ရမည်းသင်းတွင် မိုးသက်လေပြင်းကျ၊ လူသုံးဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ
#Zawgyi
ယခုအချိန်အထိ ရရှိသော ကနဦးသတင်းများအရ လူသုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများမှာ ရမည်သင်းမြို့နယ် စည်ပင်သာရွာမှ ဒေါ်ပိုပိုဆိုသူ အမျိုးသမီးမှာ မိုးကြိုးထိမှန် သေဆုံးခဲ့ပြီး ထိုရွာမှ ဒေါ်တင်အေးဆိုသူ အမျိုးသမီးမှာလည်း အိမ်ပေါ်တွင် သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း၊ အလားတူပင် တောင်ဘကကျေးရွာတွင် နေထိုင်သည့် ဦးအောင်ကြည်သန်း ဆိုသူမှာ အုတ်တံတိုင်းပိ၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရမည်းသင်း ခရိုင်မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ယင်းမိုးသက်လေပြင်းကြောင့် ရမည်းသင်းမြို့နယ်ရှိ ဆည်တိုရွာရှိ အိမ်ခြေ ၁၀၀ အနက် သုံးပုံတစ်ပုံခန့် ပြိုကျခဲ့ကြောင်း၊ ညောင်လေးပင်၊ ကုက္ကိုကုန်း၊ ဇီးဖြူကုန်း၊ ညောင်အိုင် ကျေးရွာများတွင်လည်း နေအိမ်ပျက်စီးမှုများ ရှိပြီး လူထိခိုက်မှု၊ တိရစ္ဆာန် သေဆုံးမှုနှင့် စိုက်ပျိုးသီးနှံ ပျက်စီးမှုများရှိကြောင်း ဒေသခံများနှင့် ပရဟိတ ကူညီရေး အသင်းများထံမှ စုံစမ်းသိရှိရသည်။
The Voice
_______________________________________________________________________
#Unicode
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ဧပြီ ၃၀ ရက် ညနေပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့ရာ လူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ အဆောက်အအုံနှင့် သစ်ပင်များ ပျက်စီးပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိသည့် လူမှုအခြေပြု အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိခဲ့ရသည်။
ယခုအချိန်အထိ ရရှိသော ကနဦးသတင်းများအရ လူသုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများမှာ ရမည်သင်းမြို့နယ် စည်ပင်သာရွာမှ ဒေါ်ပိုပိုဆိုသူ အမျိုးသမီးမှာ မိုးကြိ်ုးထိမှန် သေဆုံးခဲ့ပြီး ထိုရွာမှ ဒေါ်တင်အေးဆိုသူ အမျိုးသမီးမှာလည်း အိမ်ပေါ်တွင် သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း၊ အလားတူပင် တောင်ဘကကျေးရွာတွင် နေထိုင်သည့် ဦးအောင်ကြည်သန်း ဆိုသူမှာ အုတ်တံတိုင်းပိ၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရမည်းသင်း ခရိုင်မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
“ညနေ ၅ နာရီကနေ ၅ နာရီခွဲလောက်မှာ ဖြစ်သွားတာပါ။ ပျက်စီးမှု အခြေအနေက တစ်မြို့နယ်လုံးဘဲ။ စာရင်းတွေကတော့ ကောက်ယူတုန်း ရှိသေးတယ်။ မီးသတ်တပ်ဖွဲ့က ပိတ်နေတဲ့ လမ်းတွေကို လိုက်ရှင်းပေးနေပါတယ်။ ဆေးရုံသွားတဲ့ လမ်းကတော့ ရှင်းပြီးသွားပြီ။ ဆေးရုံကို လူနာတွေ ပို့ပေးနေပါတယ်” ဟု ရမည်းသင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးစိန်ခိုင်က ပြောကြားသည်။
ယင်းမိုးသက်လေပြင်းကြောင့် ရမည်းသင်းမြို့နယ်ရှိ ဆည်တိုရွာရှိ အိမ်ခြေ ၁၀၀ အနက် သုံးပုံတစ်ပုံခန့် ပြိုုကျခဲ့ကြောင်း၊ ညောင်လေးပင်၊ ကုက္ကိုကုန်း၊ ဇီးဖြူကုန်း၊ ညောင်အိုင် ကျေးရွာများတွင်လည်း နေအိမ်ပျက်စီးမှုများ ရှိပြီး လူထိခ်ိုက်မှု၊ တိရစ္ဆာန် သေဆုံးမှုနှင့် စိုက်ပျိုးသီးနှံ ပျက်စီးမှုများရှိကြောင်း ဒေသခံများနှင့် ပရဟိတ ကူညီရေး အသင်းများထံမှ စုံစမ်းသိရှိရသည်။
“ရမည်းသင်းမြို့တွင်းက ဘုရားတွေ ထီးတော်ယိုင်တာတွေ မြို့လယ်ရန်အောင်မြင်ဘုရား စိန်ဖူးတော် ခတာတွေ ရှိတယ်။ အပင်လဲလို့ ဖြစ်တာများတယ်။ ပျဉ်ထောင်အိမ်တွေ ထရံအိမ်တွေ လဲတာများတယ်။ ကျောင်းတွေ အမိုးလန်တယ်။ ဒီနေ့ မနက် ကျနော်တို့ ရောက်လာခဲ့တဲ့ ရမည်းသင်း အရှေ့ဘက် သုံးမိုင်အကွာက ဆည်ကြီးညောင်အိုင်မှာ ပျက်စီးတာများတယ်။ ရမည်းသင်းမြောက်ဖက် ခုနစ်မိုင်အကွာက စည်ပင်သာမှာလည်း အပျက်အစီးများတယ်။ ရမည်းသင်းတောင်ဘက် လေးမိုင်အကွာက ညောင်လေးပင်ရွာတွေ ဘက်မှာလည်း ပျက်စိီးမှုရှိတယ်” ဟု မော်တော်ယာဉ်သုံးစီးဖြင့် အခမဲ့ လိုက်လံကူညီနေသော ရမည်းသင်းမြို့ခံ ဦးဇော်ကြီးက ပြောသည်။
The Voice