မီယာမီတြင္ စတင္ျပဳလုပ္ေသာ ဘီယြန္ေစး၏ ကမၻာလွည့္ေဖ်ာ္ေျဖပြဲသို႔ ေဂ်းဇီလာေရာက္အားေပး
#Zawgyi
Lemonade ဟုအမည္ ေပးထားသည့္ ေတးအယ္လ္ဘမ္ ထြက္ရွိၿပီးေနာက္ ရက္ပိုင္းအၾကာ တြင္ ေပါ့ပ္ဂီတဘုရင္မ ဘီယြန္ ေစး၏ ကမၻာလွည့္ေဖ်ာ္ေျဖပြဲမ်ား ကို မီယာမီ၌ စတင္က်င္းပေန ၿပီျဖစ္သည္။
ေဂ်းဇီ၊ ရစ္ေရာ့စ္၊ လစ္ တဲလ္ဝင္းႏွင့္ ဘီယြန္ေစး၏ အခင္ ဆံုးသူငယ္ခ်င္း မုိက္ကယ္ဝီလီယံ တို႔အားလံုး ယင္းပြဲသို႔ လာေရာက္ အားေပးခဲ့ၾကေၾကာင္း သိရသည္။
ယင္းဂီတေဖ်ာ္ေျဖပြဲကို ဘီ ယြန္ေစးက Formation သီခ်င္း ျဖင့္ စတင္ခဲ့ၿပီး Sorry, Bow Down စေသာသီခ်င္းမ်ားကို ဆက္လက္ေဖ်ာ္ေျဖခဲ့သည္။
ယင္းေနာက္ Lemonade ေတးအယ္လ္ဘမ္တြင္ ၎၏ လတ္တေလာအႏွစ္သက္ဆံုး သီခ်င္းဟုေျပာေသာ All Night သီခ်င္းကို သီဆိုေဖ်ာ္ေျဖခဲ့သည္။
ယင္းေနာက္မ်ားမၾကာမီက ျပန္လက္တြဲခဲ့သည္ဆုိေသာ ခင္ပြန္းျဖစ္သူ ေဂ်းဇီအတြက္ ရည္ရြယ္၍ ဘီယြန္ေစးက Hello သီီခ်င္းကို သီဆိုခဲ့သည္။
ဘီယြန္ေစး၏ ဝက္ဘ္ဆိုက္ ႏွင့္ လူမႈကြန္ရက္စာမ်က္ႏွာတို႔ တြင္ သမီးျဖစ္သူႏွင့္ဘီယြန္ေစးတို႔ ေဆာ့ကစားေနပံု၊ ေဖ်ာ္ေျဖပြဲ အတြက္ အစမ္းေလ့က်င့္ေနပံု ဓာတ္ပံုအသစ္မ်ားကို ေဖာ္ျပခဲ့ သည္။
__________________________________________________________________________
#Unicode
Lemonade ဟုအမည် ပေးထားသည့် တေးအယ်လ်ဘမ် ထွက်ရှိပြီးနောက် ရက်ပိုင်းအကြာ တွင် ပေါ့ပ်ဂီတဘုရင်မ ဘီယွန် စေး၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲများ ကို မီယာမီ၌ စတင်ကျင်းပနေ ပြီဖြစ်သည်။
ဂျေးဇီ၊ ရစ်ရော့စ်၊ လစ် တဲလ်ဝင်းနှင့် ဘီယွန်စေး၏ အခင် ဆုံးသူငယ်ချင်း မိုက်ကယ်ဝီလီယံ တို့အားလုံး ယင်းပွဲသို့ လာရောက် အားပေးခဲ့ကြကြောင်း သိရသည်။
ယင်းဂီတဖျော်ဖြေပွဲကို ဘီ ယွန်စေးက Formation သီချင်း ဖြင့် စတင်ခဲ့ပြီး Sorry, Bow Down စသောသီချင်းများကို ဆက်လက်ဖျော်ဖြေခဲ့သည်။
ယင်းနောက် Lemonade တေးအယ်လ်ဘမ်တွင် ၎င်း၏ လတ်တလောအနှစ်သက်ဆုံး သီချင်းဟုပြောသော All Night သီချင်းကို သီဆိုဖျော်ဖြေခဲ့သည်။
ယင်းနောက်များမကြာမီက ပြန်လက်တွဲခဲ့သည်ဆိုသော ခင်ပွန်းဖြစ်သူ ဂျေးဇီအတွက် ရည်ရွယ်၍ ဘီယွန်စေးက Hello သီီချင်းကို သီဆိုခဲ့သည်။
ဘီယွန်စေး၏ ဝက်ဘ်ဆိုက် နှင့် လူမှုကွန်ရက်စာမျက်နှာတို့ တွင် သမီးဖြစ်သူနှင့်ဘီယွန်စေးတို့ ဆော့ကစားနေပုံ၊ ဖျော်ဖြေပွဲ အတွက် အစမ်းလေ့ကျင့်နေပုံ ဓာတ်ပုံအသစ်များကို ဖော်ပြခဲ့ သည်။
#Credit 7DayDaily