အီဂ်စ္ျပည္တြင္းေလယာဥ္တစ္စင္းကို ျပန္ေပးဆြဲကာ ဆိုက္ပရပ္စ္သို႔ အတင္းဆင္းသက္ခိုင္းခဲ့သည့္ ျပန္ေပးသမားက အေသခံဗုံးခါးပတ္အတုျဖင့္ ျပန္ေပးဆြဲခဲ့ျခင္းျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။
ျပန္ေပးသမားက မည္သည့္အတြက္ေၾကာင့္ ထိုသို႔ ေလယာဥ္ကို ျပန္ေပးဆြဲျခင္းျဖစ္မွန္း မသိရေသးေသာ္လည္း အၾကမ္းဖက္က်ဳးလြန္ဟန္ မရွိေၾကာင္း ဆိုက္ပရပ္စ္သမၼတက ေျပာသည္။
ထိုျပန္ေပးဆြဲမႈတြင္ ျပန္ေပးသမားက ဆိုက္ပရပ္စ္ရွိ လာနာကာေလဆိပ္သို႔ အတင္းဆင္းသက္ခိုင္းခဲ့ျခင္းျဖစ္ၿပီး ေလယာဥ္ခရီးသည္မ်ားကို ထိခုိက္ဒဏ္ရာ တစ္စုံတစ္ရာ မျဖစ္ေစဘဲ ျပန္လႊတ္ေပး သကဲ့သို႔ ေနာက္ဆုံးတြင္ ၎ကိုယ္တုိင္လည္း အဖမ္းခံခဲ့ျခင္းျဖစ္သည္။
ျပန္ေပးသမားသည္ အီဒင္မူစတာဖာ ဆိုသူျဖစ္ေၾကာင္း ဆိုက္ပရပ္စ္တာဝန္ရွိသူမ်ားက ေျပာၿပီး စိတ္က်န္းမာေရးအေျခအေန သိပ္ေကာင္းဟန္မရွိေၾကာင္း ေျပာသည္။
ျပန္ေပးသမား မူစတာဖာက ေလယာဥ္ျပန္ေပးဆြဲထားစဥ္ ဆိုက္ပရပ္စ္တြင္ ရွိေနသည့္ ၎၏ ဇနီးေဟာင္းျဖစ္သူကုိ ေခၚေပးရန္ ေျပာ၍ ေခၚယူေတြ႔ဆုံေပးခဲ့ရေၾကာင္း၊ ေနာက္တြင္ ၎၏ ထပ္မံေတာင္းဆိုမႈမ်ားက ေတာင္မတင္ေရမရ စိတ္ထင္ရာမ်ားကို ေတာင္းဆိုေနခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Ioannis Kasoulides က ေျပာသည္။
အဆိုပါ အီဂ်စ္ေလယာဥ္က ေဒသစံေတာ္ခ်ိန္ ၂၂ နာရီ ၀၅ မိနစ္တြင္ မူလဦးတည္ရာ ကိုင္႐ုိေလဆိပ္သို႔ လာနာကာ ေလဆိပ္မွ ျပန္လည္ထြက္ခြာသြားခဲ့သည္။
#Unicodeအီဂျစ်ပြည်တွင်းလေယာဉ်တစ်စင်းကို ပြန်ပေးဆွဲကာ ဆိုက်ပရပ်စ်သို့ အတင်းဆင်းသက်ခိုင်းခဲ့သည့် ပြန်ပေးသမားက အသေခံဗုံးခါးပတ်အတုဖြင့် ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ပြန်ပေးသမားက မည်သည့်အတွက်ကြောင့် ထိုသို့ လေယာဉ်ကို ပြန်ပေးဆွဲခြင်းဖြစ်မှန်း မသိရသေးသော်လည်း အကြမ်းဖက်ကျုးလွန်ဟန် မရှိကြောင်း ဆိုက်ပရပ်စ်သမ္မတက ပြောသည်။
ထိုပြန်ပေးဆွဲမှုတွင် ပြန်ပေးသမားက ဆိုက်ပရပ်စ်ရှိ လာနာကာလေဆိပ်သို့ အတင်းဆင်းသက်ခိုင်းခဲ့ခြင်းဖြစ်ပြီး လေယာဉ်ခရီးသည်များကို ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မဖြစ်စေဘဲ ပြန်လွှတ်ပေး သကဲ့သို့ နောက်ဆုံးတွင် ၎င်းကိုယ်တိုင်လည်း အဖမ်းခံခဲ့ခြင်းဖြစ်သည်။
ပြန်ပေးသမားသည် အီဒင်မူစတာဖာ ဆိုသူဖြစ်ကြောင်း ဆိုက်ပရပ်စ်တာဝန်ရှိသူများက ပြောပြီး စိတ်ကျန်းမာရေးအခြေအနေ သိပ်ကောင်းဟန်မရှိကြောင်း ပြောသည်။
ပြန်ပေးသမား မူစတာဖာက လေယာဉ်ပြန်ပေးဆွဲထားစဉ် ဆိုက်ပရပ်စ်တွင် ရှိနေသည့် ၎င်း၏ ဇနီးဟောင်းဖြစ်သူကို ခေါ်ပေးရန် ပြော၍ ခေါ်ယူတွေ့ဆုံပေးခဲ့ရကြောင်း၊ နောက်တွင် ၎င်း၏ ထပ်မံတောင်းဆိုမှုများက တောင်မတင်ရေမရ စိတ်ထင်ရာများကို တောင်းဆိုနေခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Ioannis Kasoulides က ပြောသည်။
အဆိုပါ အီဂျစ်လေယာဉ်က ဒေသစံတော်ချိန် ၂၂ နာရီ ၀၅ မိနစ်တွင် မူလဦးတည်ရာ ကိုင်ရိုလေဆိပ်သို့ လာနာကာ လေဆိပ်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
credit: Mizzima