လၽွပ္စစ္စြမ္းအားဝန္ႀကီးဌာန အုပ္ခ်ဳပ္မႈေအာက္ရွိ လၽွပ္စစ္စြမ္းအား စီမံေရး ဦးစီးဌာန ၊ ေရအားလၽွပ္စစ္ အေကာင္ အထည္ေဖာ္ေရး ဦးစီးဌာန၊ ျမန္မာ့ လၽွပ္စစ္ဓာတ္အားလုပ္ငန္း၊ လၽွပ္စစ္ဓာတ္အားျဖန္႔ျဖဴး ေရး လုပ္ငန္း၊ ေရအား လၽွပ္စစ္ ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္း၊ ရန္ကုန္ လၽွပ္စစ္ ဓာတ္အားေပးေရး ေကာ္ပိုေရး ရွင္းႏွင့္ မႏၲေလး လၽွပ္စစ္ ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းတို႔၏ လုပ္ငန္းၫွိ ႏႈိင္းအစည္း အေဝးကို ေနျပည္ေတာ္၌ မတ္ ၂၈၊ ၂၉ ရက္တို႔တြင္ က်င္းပရာ ထုိအစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီးက
ႏိုင္ငံတကာတြင္လည္း စြမ္းအင္ဝန္ႀကီးဌာနသာရွိေၾကာင္း၊ လၽွပ္စစ္ က႑ကို ပုဂၢလိကမ်ားသာေဆာင္႐ြက္ၾကေၾကာင္း၊ မဖြံ႕ၿဖိဳးေသးတဲ့ ႏိုင္ငံေတြမွာသာ လၽွပ္စစ္ ဝန္ႀကီးဌာန ရွိေၾကာင္း၊ႏိုင္ငံတကာမွာ လၽွပ္စစ္က႑ကို ပုဂၢလိကမ်ားသာ ေဆာင္႐ြက္ေနၾကသျဖင့္ ျမတ္ျခင္း/ ႐ႈံးျခင္းသည္ ပုဂၢလိကမ်ား သာျဖစ္ေၾကာင္း၊ အစိုးရအေနျဖင့္ ျမတ္ျခင္း/႐ႈံးျခင္းမရွိေၾကာင္း၊ လက္ရွိတြင္ အစိုးရက ေဆာင္႐ြက္ေနသျဖင့္ ႏွစ္စဥ္ ဘီလီယံခ်ီ၍ ႐ႈံးေနေၾကာင္း ေျပာဆုိသြားသည္။
ႏိုင္ငံတကာတြင္လည္း စြမ္းအင္ဝန္ႀကီးဌာနသာရွိေၾကာင္း၊ လၽွပ္စစ္ က႑ကို ပုဂၢလိကမ်ားသာေဆာင္႐ြက္ၾကေၾကာင္း၊ မဖြံ႕ၿဖိဳးေသးတဲ့ ႏိုင္ငံေတြမွာသာ လၽွပ္စစ္ ဝန္ႀကီးဌာန ရွိေၾကာင္း၊ႏိုင္ငံတကာမွာ လၽွပ္စစ္က႑ကို ပုဂၢလိကမ်ားသာ ေဆာင္႐ြက္ေနၾကသျဖင့္ ျမတ္ျခင္း/ ႐ႈံးျခင္းသည္ ပုဂၢလိကမ်ား သာျဖစ္ေၾကာင္း၊ အစိုးရအေနျဖင့္ ျမတ္ျခင္း/႐ႈံးျခင္းမရွိေၾကာင္း၊ လက္ရွိတြင္ အစိုးရက ေဆာင္႐ြက္ေနသျဖင့္ ႏွစ္စဥ္ ဘီလီယံခ်ီ၍ ႐ႈံးေနေၾကာင္း ေျပာဆုိသြားသည္။
ၿပီးခဲ့တဲ့ (၅) ႏွစ္တာကာလအတြင္း ေမၽွာ္မွန္း သေလာက္ အေကာင္အထည္မေဖာ္ႏိုင္ ခဲ့ေၾကာင္း၊ ၿမိဳ႕နယ္ လၽွပ္စစ္႐ုံးမ်ားကို မ်ားစြာၾကပ္မတ္ခဲ့ရေၾကာင္း၊ အဝယ္ယူနစ္၊ အေရာင္းယူနစ္မ်ားကို တာဝန္ထမ္းေဆာင္ခဲ့တဲ့ကာလအတြင္း စစ္ေဆးခဲ့ရာမွာ အေျဖေကာင္း မရခဲ့ေၾကာင္း၊ အခ်ိဳ႕ ဌာနမ်ားသည္ အေတာ္ဆိုး႐ြားခဲ့ေၾကာင္း ေျပာဆုိခဲ့သည္။
ျပည္ေထာင္စုဝန္ႀကီးက နိဂုံးခ်ဳပ္ေျပာၾကားရာတြင္ အလုပ္မ်ားမ်ားလုပ္ရင္ မွားတတ္ေၾကာင္း၊ ေစတနာ အမွားဆိုလၽွင္ ခြင့္လႊတ္ႏိုင္ေသးေသာ္လည္း ကိုယ္က်ိဳးရွာအမွားဆိုလၽွင္ ခြင့္မလႊတ္ႏိုင္ေၾကာင္း၊ ဝန္ႀကီးဌာန ၏ ေကာင္းေသာ ဂုဏ္သိကၡာမ်ားကို ထိန္းသိမ္းသြား ရမည္ျဖစ္ေၾကာင္း၊ ယခုလက္ရွိ ၂၄ နာရီ မီးေပးႏိုင္ျခင္းကို ဆက္လက္ ထိန္းသိမ္းသြား ရမည္ျဖစ္ေၾကာင္း၊ ထူးခၽြန္ထက္ျမက္ေသာဝန္ႀကီးဌာနျဖစ္ေအာင္ လုပ္သြားၾက ရမည္ျဖစ္ေၾကာင္း၊ ဤသည္မွာ သမိုင္းေပး တာဝန္ပင္ျဖစ္ေၾကာင္းေျပာၾကားသည္ဟု အစုိးရသတင္းတြင္ ေဖာ္ျပထားသည္။
လာမည့္ အစုိးရသစ္လက္ထက္တြင္ လွ်ပ္စစ္က႑ကုိ ေဒၚေအာင္ဆန္းစု ၾကည္က တာ၀န္ယူ ကုိင္တြယ္မည္ျဖစ္သည္။
#Unicode
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အုပ်ချုပ်မှုအောက်ရှိ လျှပ်စစ်စွမ်းအား စီမံရေး ဦးစီးဌာန ၊ ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေး ဦးစီးဌာန၊ မြန်မာ့ လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေး လုပ်ငန်း၊ ရေအား လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေး ရှင်းနှင့် မန္တလေး လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့၏ လုပ်ငန်းညှိ နှိုင်းအစည်း အဝေးကို နေပြည်တော်၌ မတ် ၂၈၊ ၂၉ ရက်တို့တွင် ကျင်းပရာ ထိုအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက
နိုင်ငံတကာတွင်လည်း စွမ်းအင်ဝန်ကြီးဌာနသာရှိကြောင်း၊ လျှပ်စစ် ကဏ္ဍကို ပုဂ္ဂလိကများသာဆောင်ရွက်ကြကြောင်း၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာသာ လျှပ်စစ် ဝန်ကြီးဌာန ရှိကြောင်း၊နိုင်ငံတကာမှာ လျှပ်စစ်ကဏ္ဍကို ပုဂ္ဂလိကများသာ ဆောင်ရွက်နေကြသဖြင့် မြတ်ခြင်း/ ရှုံးခြင်းသည် ပုဂ္ဂလိကများ သာဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မြတ်ခြင်း/ရှုံးခြင်းမရှိကြောင်း၊ လက်ရှိတွင် အစိုးရက ဆောင်ရွက်နေသဖြင့် နှစ်စဉ် ဘီလီယံချီ၍ ရှုံးနေကြောင်း ပြောဆိုသွားသည်။
ပြီးခဲ့တဲ့ (၅) နှစ်တာကာလအတွင်း မျှော်မှန်း သလောက် အကောင်အထည်မဖော်နိုင် ခဲ့ကြောင်း၊ မြို့နယ် လျှပ်စစ်ရုံးများကို များစွာကြပ်မတ်ခဲ့ရကြောင်း၊ အဝယ်ယူနစ်၊ အရောင်းယူနစ်များကို တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလအတွင်း စစ်ဆေးခဲ့ရာမှာ အဖြေကောင်း မရခဲ့ကြောင်း၊ အချို့ ဌာနများသည် အတော်ဆိုးရွားခဲ့ကြောင်း ပြောဆိုခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် အလုပ်များများလုပ်ရင် မှားတတ်ကြောင်း၊ စေတနာ အမှားဆိုလျှင် ခွင့်လွှတ်နိုင်သေးသော်လည်း ကိုယ်ကျိုးရှာအမှားဆိုလျှင် ခွင့်မလွှတ်နိုင်ကြောင်း၊ ဝန်ကြီးဌာန ၏ ကောင်းသော ဂုဏ်သိက္ခာများကို ထိန်းသိမ်းသွား ရမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ ၂၄ နာရီ မီးပေးနိုင်ခြင်းကို ဆက်လက် ထိန်းသိမ်းသွား ရမည်ဖြစ်ကြောင်း၊ ထူးချွန်ထက်မြက်သောဝန်ကြီးဌာနဖြစ်အောင် လုပ်သွားကြ ရမည်ဖြစ်ကြောင်း၊ ဤသည်မှာ သမိုင်းပေး တာဝန်ပင်ဖြစ်ကြောင်း
ပြောကြားသည်ဟု အစိုးရသတင်းတွင် ဖော်ပြထားသည်။
လာမည့် အစိုးရသစ်လက်ထက်တွင် လျှပ်စစ်ကဏ္ဍကို ဒေါ်အောင်ဆန်းစု ကြည်က တာဝန်ယူ ကိုင်တွယ်မည်ဖြစ်သည်။
credit: the irrawaddy