လႊတ္ေတာ္နာယကႀကီးႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္လာၾကေသာ ဂုဏ္သေရရွိ ဧည့္သည္ေတာ္မ်ားနဲ႔ ႏိုင္ငံသူ ႏိုင္ငံသားမ်ား ခင္ဗ်ာ။
ဒီျပည္ေထာင္စု လႊတ္ေတာ္ႀကီးက ကၽြန္ေတာ့္ကို ႏိုင္ငံေတာ္ သမၼတအျဖစ္ ေရြးခ်ယ္တင္ေျမႇာက္ခံရတာဟာ အထင္ကရ သမိုင္းဝင္ ျဖစ္ရပ္ႀကီးတစ္ခုျဖစ္တဲ့ အတြက္ ကၽြန္ေတာ္မ်ားစြာ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း ေျပာၾကားလိုပါတယ္။
ႏိုင္ငံေတာ္သမၼတ ျဖစ္လာတာနဲ႔ အညီ ကၽြန္ေတာ္က ျပည္ေထာင္စု လႊတ္ေတာ္ကို တာဝန္ခံရမယ့္ ပုဂၢိဳလ္ ျဖစ္လာပါတယ္။ ၂၀၁၅ ခုႏွစ္ ႏိုဝင္ဘာလ ေရြးေကာက္ပြဲ ရလဒ္ေၾကာင့္ ျဖစ္ထြန္းလာတဲ့ ဒုတိယအႀကိမ္ လႊတ္ေတာ္နဲ႔ အစိုးရအဖြဲ႔မ်ားဟာ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္တဲ့ အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ရဲ႕မူဝါဒမ်ားနဲ႔ ကုိက္ညီစြာ ဖြဲ႔စည္းထားျခင္း ျဖစ္ပါတယ္။
ယခု အစိုးရသစ္အေနျဖင့္ ေအာက္ပါမူဝါဒမ်ားျဖစ္တဲ့ အမ်ိဳးသား ရင္ၾကားေစ့ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ၊ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ေပၚေရးကို ေရွး႐ႈတဲ့ ဖြဲ႕စည္းပံု အေျခခံ ဥပေဒတစ္ခု ေပၚေပါက္ေရးနဲ႔ ျပည္သူလူထုအမ်ားစုရဲ႕ လူေနမႈဘဝအဆင့္တန္း တိုးတက္ျမင့္မားေရးတို႔ကို အေကာင္ထည္ေဖာ္ေဆာင္သြားမွာ ျဖစ္ပါတယ္။
လႊတ္ေတာ္နာယကႀကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္လာၾကေသာ ဂုဏ္သေရရွိ ဧည့္သည္ေတာ္မ်ားနဲ႔ ႏုိင္ငံသူ ႏိုင္ငံသားမ်ား ခင္ဗ်ာ။ ဒီေန႔ ဒီအခ်ိန္မွာ ေလးနက္စြာတင္ျပလိုတဲ့ အခ်က္တစ္ခု ရွိပါတယ္။ ဒီအခ်က္ကေတာ့ မၾကာမီကပဲ ကၽြန္ေတာ္ဟာ ႏုိင္ငံေတာ္ သမၼတ အျဖစ္ ကတိသစၥာ ျပဳခဲ့ၿပီး ျဖစ္ပါတယ္။ အဲဒီကတိသစၥာကို ထိန္းသိမ္းေစာင့္ေရွာက္ရမယ့္ တာဝန္ရွိေၾကာင္းကိုလည္း အစဥ္သတိခ်ပ္ေနမွာ ျဖစ္ပါတယ္။
ဒါ့အျပင္ ႏိုင္ငံေတာ္နဲ႔ သင့္ေတာ္မယ့္ ဒီမိုကေရစီ စံခ်ိန္စံညႊန္းမ်ားနဲ႔ ကိုက္ညီတဲ့ ဖြဲ႔စည္းပံု အေျခခံဥပေဒတစ္ရပ္ ျဖစ္ေပၚလာေရး အတြက္လည္း ေဆာင္ရြက္ရမယ့္ တာဝန္ရွိပါတယ္။ ႏွစ္ရွည္လမ်ား ျပည္သူလူထု လိုလားေတာင္းတေနတဲ့ ဒီႏိုင္ငံေရး ရည္မွန္းခ်က္ အေကာင္ထည္ေပၚလာေရးအတြက္ စိတ္ရွည္သီးခံၿပီးေဆာင္ရြက္သြားရမွာကိုလည္း သိနားလည္ထားပါတယ္။
နိဂံုးခ်ဳပ္အားျဖင့္ တင္ျပခ်င္တာကေတာ့ ယခုေပၚေပါက္လာတဲ့ ျပည္ေထာင္စုအစိုးရ အဖြဲ႔ဟာ ျပည္သူလူထုရဲ႕ ေမွ်ာ္လင့္ခ်က္မ်ား ဆႏၵမ်ား ျပည့္ဝေစရန္ မမွိတ္မသုန္ ႀကိဳးပမ္းေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း အေလးအနက္ေျပာၾကားလိုျခင္း ျဖစ္ပါတယ္။ ႏိုင္ငံသူ ႏိုင္ငံသားအားလံုး ခ်မ္းေျမ့သာယာစြာနဲ႔ မိမိတို႔ ဘဝလမ္းေၾကာင္းကို ေျဖာင့္တန္းစြာ ေလ်ာက္လွမ္းႏိုင္ၾကပါေစ။
#Unicode
လွှတ်တော်နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနဲ့ နိုင်ငံသူ နိုင်ငံသားများ ခင်ဗျာ။
ဒီပြည်ထောင်စု လွှတ်တော်ကြီးက ကျွန်တော့်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ အထင်ကရ သမိုင်းဝင် ဖြစ်ရပ်ကြီးတစ်ခုဖြစ်တဲ့ အတွက် ကျွန်တော်များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။
နိုင်ငံတော်သမ္မတ ဖြစ်လာတာနဲ့ အညီ ကျွန်တော်က ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမယ့် ပုဂ္ဂိုလ် ဖြစ်လာပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယအကြိမ် လွှတ်တော်နဲ့ အစိုးရအဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့မူဝါဒများနဲ့ ကိုက်ညီစွာ ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။
ယခု အစိုးရသစ်အနေဖြင့် အောက်ပါမူဝါဒများဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမှုဘဝအဆင့်တန်း တိုးတက်မြင့်မားရေးတို့ကို အကောင်ထည်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။
လွှတ်တော်နာယကကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနဲ့ နိုင်ငံသူ နိုင်ငံသားများ ခင်ဗျာ။ ဒီနေ့ ဒီအချိန်မှာ လေးနက်စွာတင်ပြလိုတဲ့ အချက်တစ်ခု ရှိပါတယ်။ ဒီအချက်ကတော့ မကြာမီကပဲ ကျွန်တော်ဟာ နိုင်ငံတော် သမ္မတ အဖြစ် ကတိသစ္စာ ပြုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီကတိသစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိချပ်နေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်နဲ့ သင့်တော်မယ့် ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေး အတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင်းတနေတဲ့ ဒီနိုင်ငံရေး ရည်မှန်းချက် အကောင်ထည်ပေါ်လာရေးအတွက် စိတ်ရှည်သီးခံပြီးဆောင်ရွက်သွားရမှာကိုလည်း သိနားလည်ထားပါတယ်။
နိဂုံးချုပ်အားဖြင့် တင်ပြချင်တာကတော့ ယခုပေါ်ပေါက်လာတဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက်ပြောကြားလိုခြင်း ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားအားလုံး ချမ်းမြေ့သာယာစွာနဲ့ မိမိတို့ ဘဝလမ်းကြောင်းကို ဖြောင့်တန်းစွာ လျောက်လှမ်းနိုင်ကြပါစေ။
credit: Mizzima