Update News
recent

အလှူပွဲရေခဲမုန့်ဘူးများ မစားရန် တားမြစ်ရာမှ လူသတ်မှုဖြစ်


 ခရမ်းမြို့နယ် ကွမ်းမိုး ဒိန်းရပ်ကွက် အလှူအိမ်တစ်အိမ် တွင် အလှူပွဲအတွက် ထားရှိသည့် ရေခဲမုန့်ဘူးများ ဖောက်မစားရန် တားမြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

မတ်လ ၂၈ ရက် မွန်းလွဲ ၃ နာရီခန့်က ကွမ်းမိုးဒိန်းလမ်းရှိ အ ဆိုပါ အလှူအိမ်တွင် လုပ်ကိုင် ပေးနေသည့် ဒေါ်သော့က မင်းမင်း ဦး ဆိုသူအား ရေခဲမုန့်အသစ်များ ဖောက်စားနေ၍ ‘‘အသစ်တွေ မ ဖောက်နဲ့ဦး၊ ဧည့်သည်တွေ လာ စားဦးမယ်။ အဟောင်းတွေထဲ က စားဦး’’ဟု ပြောဆိုတားမြစ်ခဲ့ သည်။
ယင်းသို့ တားမြစ်သည်ကို မကျေနပ်သဖြင့် မင်းမင်းဦးဆိုသူ က နေအိမ်တွင် ဓားပြန်ယူပြီး နောက် တားမြစ်သည့် အမျိုးသမီး ကို ထိုးမည်အပြုတွင် အဆိုပါ အမျိုးသမီး၏ ယောက်ျားဖြစ်သူ က ဝင်တားရာမှ ၎င်းအား ထိုးမိခဲ့ ခြင်းဖြစ်သည်။
‘‘သေဆုံးသွားတာက ရေခဲ မုန့်အသစ်တွေ မစားဖို့ပြောတဲ့ အမျိုးသမီးယောက်ျားပါ။ သူ့ကို အသစ်တွေမစားဖို့ ပြောတော့ အိမ်ပြန်ပြီး ဆယ်လက်မလောက် ရှိတဲ့ ဓားယူပြီး ပြန်လာတယ်။ ဒီ မှာ ဝင်တားတဲ့ အမျိုးသား လည် ပင်းကို ထိုးလိုက်တာ။ ဆေးရုံ အရောက်မှာပဲ သေဆုံးသွားပါ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
လူသတ်မှုကျူးလွန်သူ မင်း မင်းဦး အသက်(၂၁)နှစ်ကို ခရမ်း မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ် ဆေးနေကြောင်း သိရသည်။
Aiden Cole

Aiden Cole

Powered by Blogger.