Update News
recent

ဝန္ႀကီးအသစ္ ၁၈ ဦးအတြက္ ခုတင္ႏွင့္ ပရိေဘာဂမ်ား သာသနာႏြယ္ေဖာင္ေဒးရွင္း လွဴဒါန္းမည္

သမၼတဦးထင္ေက်ာ္ ဦးေဆာင္ ေသာအစုိးရသစ္ႏွင့္အတူတာဝန္ထမ္းေဆာင္ၾကမည့္ ဝန္ႀကီး ၁၈ ဦးအတြက္သာသနာ့ႏြယ္ေဖာင္ေဒးရွင္းက ခုတင္ႏွင့္ ပရိေဘာဂမ်ား လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း အဆုိ
ပါေဖာင္ေဒးရွင္းမွ သိရသည္။
အစုိးရသစ္ႏွင့္ အတူ တာဝန္ ထမ္းေဆာင္ၾကမည့္ ဝန္ႀကီး ၁၈ ေယာက္အတြက္ ခုတင္ႏွင့္ ပရိ ေဘာဂပစၥည္းတန္ဖုိးသည္ ၁ ဦး လွ်င္ ၁ဝ သိန္းေက်ာ္ခန္႔ ကုန္ၾက မည္ျဖစ္ေသာေၾကာင့္ ႏုိင္ငံတကာ ရွိ ျမန္မာအလွဴရွင္မ်ားလည္းပါဝင္ လွဴဒါန္းေနေၾကာင္း သိရသည္။
”ဦးဇင္းတုိ႔က ႏုိင္ငံေတာ္ ဘ႑ာေငြကုိ ေခြၽတာတ့ဲ အစုိးရအဖြဲ့ကိုုၿပည္သူေတြက ခ်ီးေျမႇာက္ တာလို႔ ေျပာခ်င္ပါတယ္။ ဦးဇင္း တုိ႔က အလွဴရွင္ေတြ ပါဝင္လာႏုိင္ ေအာင္ စုစည္းေပးတ့ဲသေဘာပါ”ဟု သာသနာ့ႏြယ္ ေဖာင္ေဒးရွင္းမွ ဦးစီး ဦးေဆာင္ဆရာေတာ္ တစ္ပါးက မိန္႔သည္။လွဴဒါန္းရန္အတြက္ အဝတ္ လွန္းစင္ ၁၈ လုံးႏွင့္ ငါးေပခန္႔ရိွ ေသာ
ႀကိတ္သားဗီ႐ုိ ၁၈ လုံးတုိ႔ ကုိ ျပည္သူမ်ားက လွဴဒါန္းထား ၾကၿပီးမတ္လ ၂၈ ရက္ေန႔က အ လွဴရွင္မ်ား လွဴဒါန္းႏုိင္ေအာင္ဖြင့္ ထားေသာဘဏ္အေကာင့္တြင္ ႏုိင္ငံတကာမွ ျမန္မာလူမ်ိဳး အလွဴ ရွင္မ်ား လွဴဒါန္းမႈ
သည္ ေငြက်ပ္ သိန္း ၂ဝ ေက်ာ္ ရရိွေနၿပီဟု သိရ သည္။”ဦးဇင္းတုိ႔က ဒကာႀကီး ဦး ဝင္းထိန္နဲ႔ စကားေျပာၿပီးပါၿပီ။ ဒကာႀကီး 
ဦးဝင္းထိန္ကလည္း သ ေဘာက်ပါတယ္။ ဒါေပမ့ဲ ဒကာ ႀကီး ဦးဝင္းထိန္ကအဖြဲ႕အစည္း တစ္ခုကုိ လွဴတာမ်ိဳးမဟုတ္ဘဲနဲ႔ ႏုိင္ငံရဲ႕ အစုိးရအဖြဲ႕ကုိ လွဴတာ မ်ိဳးလို႔ ေခါင္းစဥ္တပ္ေစခ်င္တယ္လို႔ ဦးဇင္းကုိ ေျပာပါတယ္”ဟု အ ဆုိပါဆရာေတာ္က မိန္႔ၾကားသည္။အဆုိပါအလွဴအတြက္ ဧၿပီလ ၈ ရက္ေန႔ ေနာက္ဆုံးထားလွဴ ဒါန္းၾကရန္ ဆရာေတာ္က ႏႈိးေဆာ္ ထားၿပီးသႀကၤန္ပိတ္ရက္မ်ားၿပီး ေသာ ႏွစ္သစ္အခ်ိန္အခါမွ ႏုိင္ငံ ေတာ္အစုိးရအဖြဲ႕ရိွရာ ေနျပည္ ေတာ္ သမၼတ႐ုံး
တြင္ သြားေရာက္ လွဴဒါန္းသြားမည္ျဖစ္ေၾကာင္းသိရသည္။
#Unicode
သမ္မတဦးထင်ကျော် ဦးဆောင် သောအစိုးရသစ်နှင့်အတူတာဝန်ထမ်းဆောင်ကြမည့် ဝန်ကြီး ၁၈ ဦးအတွက်သာသနာ့နွယ်ဖောင်ဒေးရှင်းက ခုတင်နှင့် ပရိဘောဂများ လှူဒါန်းသွားမည်ဖြစ်ကြောင်း အဆို
ပါဖောင်ဒေးရှင်းမှ သိရသည်။အစိုးရသစ်နှင့် အတူ တာဝန် ထမ်းဆောင်ကြမည့် ဝန်ကြီး ၁၈ ယောက်အတွက် ခုတင်နှင့် ပရိ ဘောဂပစ္စည်းတန်ဖိုးသည် ၁ ဦး လျှင် ၁ဝ သိန်းကျော်ခန့် ကုန်ကြ မည်ဖြစ်သောကြောင့် နိုင်ငံတကာ ရှိ မြန်မာအလှူရှင်များလည်းပါဝင် လှူဒါန်းနေကြောင်း သိရသည်။
”ဦးဇင်းတို့က နိုင်ငံတော် ဘဏ္ဍာငွေကို ချွေတာတဲ့ အစိုးရအဖွဲ့ကိုုပြည်သူတွေက ချီးမြှောက် တာလို့ ပြောချင်ပါတယ်။ ဦးဇင်း တို့က အလှူရှင်တွေ ပါဝင်လာနိုင် အောင် စုစည်းပေးတဲ့သဘောပါ”ဟု သာသနာ့နွယ် ဖောင်ဒေးရှင်းမှ ဦးစီး ဦးဆောင်ဆရာတော် တစ်ပါးက မိန့်သည်။လှူဒါန်းရန်အတွက် အဝတ် လှန်းစင် ၁၈ လုံးနှင့် ငါးပေခန့်ရှိ သော
ကြိတ်သားဗီရို ၁၈ လုံးတို့ ကို ပြည်သူများက လှူဒါန်းထား ကြပြီးမတ်လ ၂၈ ရက်နေ့က အ လှူရှင်များ လှူဒါန်းနိုင်အောင်ဖွင့် ထားသောဘဏ်အကောင့်တွင် နိုင်ငံတကာမှ မြန်မာလူမျိုး အလှူ ရှင်များ လှူဒါန်းမှု
သည် ငွေကျပ် သိန်း ၂ဝ ကျော် ရရှိနေပြီဟု သိရ သည်။”ဦးဇင်းတို့က ဒကာကြီး ဦး ဝင်းထိန်နဲ့ စကားပြောပြီးပါပြီ။ ဒကာကြီး ဦးဝင်းထိန်ကလည်း သ ဘောကျပါတယ်။ ဒါပေမဲ့ ဒကာ ကြီး ဦးဝင်းထိန်ကအဖွဲ့အစည်း တစ်ခုကို လှူတာမျိုးမဟုတ်ဘဲနဲ့ နိုင်ငံရဲ့ အစိုးရအဖွဲ့ကို လှူတာ မျိုးလို့ ခေါင်းစဉ်တပ်စေချင်တယ်လို့ ဦးဇင်းကို ပြောပါတယ်”ဟု အ ဆိုပါဆရာတော်က မိန့်ကြားသည်။အဆိုပါအလှူအတွက် ဧပြီလ ၈ ရက်နေ့ နောက်ဆုံးထားလှူ ဒါန်းကြရန် ဆရာတော်က နှိုးဆော် ထားပြီးသင်္ကြန်ပိတ်ရက်များပြီး သော နှစ်သစ်အချိန်အခါမှ နိုင်ငံ တော်အစိုးရအဖွဲ့ရှိရာ နေပြည် တော် သမ္မတရုံးတွင် သွားရောက် လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

credit: Popular new journal
CHZ

CHZ

Powered by Blogger.