Update News
recent

စင်္ကာပူမှာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူး

play

စင်္ကာပူနိုင်ငံမှာ နေရောင်ခြည်စွမ်းအင်မှ ထုတ်လုပ်ရရှိတဲ့ လျှပ်စစ်ဓာတ်အားကို နိုင်ငံရဲ့ ဓာတ်အား လိုင်းများမှတစ်ဆင့် ပို့လွှတ် ဖြန့်ဖြူးပေးနေပြီ ဖြစ်ပါတယ်။
play
#Zawgyi

#Unicode
စင်္ကာပူမှာ ပထမဆုံး လိုင်စင်ရရှိထားတဲ့ နေရောင်ခြည်စွမ်းအင် ကုမ္ပဏီ Sun Electric က နေရောင်ခြည်မှ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားကို နိုင်ငံရဲ့ မဟာဓာတ်အားလိုင်းများမှတစ်ဆင့် သုံးစွဲသူများထံ ဖြန့်ဖြူးပေးနေပြီလို့ ယနေ့ (ဖေဖေါ်ဝါရီ ၂၉ ရက်) ထုတ်ပြန်ကြေညာပါတယ်။
ပြီးခဲ့တဲ့ တစ်လခန့်ကတည်းက Chope Group, Pilatique, Seagift နဲ့ Sky Tower အပါအဝင် အလတ်စား စက်မှုလုပ်ငန်းတွေကို Sun Electric က နေရောင်ခြည်စွမ်းအင် လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။
ယခုအခါ Sun Electric ရဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို SolarSpace အစီအစဉ်ဖြင့် အများပြည်သူထံ စတင် ပို့လွှတ်ဖြန့်ဖြူးခဲ့တာပါ။
Sun Electric ရဲ့ SolarSpace အစီအစဉ်က နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် နေရောင်ခြည်စွမ်းအင်ကို ရယူပေးနိုင်တဲ့ ဆိုလာပြား (solar panel) တပ်ဆင်ဖို့အတွက် ကိုယ်ပိုင်ခေါင်မိုးနေရာ မရှိသူတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
#Credit  Duwun
aung  yein chan

aung yein chan

Powered by Blogger.