Update News
recent

KTV က သရဲမ



တူများအကြောင်းလေးပြောပြမယ်နော် မြို့နဲ့ဆိုင်နာမည်ချန်ထားပါ့မယ် အဲ့မြို့ရဲ့ ktv လေးတခုမှာလေ အခန်းနံပါတ် ၁၃ က တရဲ ခြောက်တယ်တဲ့ လူပြောကတော်တော်များလာတော့ ခပ်ပေပေတွေကလာစမ်းသပ်ကြတာပေါ့လေ ကြာတော့လည်းပြသနာတွေကခဏခဏတတ်တော့ ဆိုင်ရှင်လည်းအဲ့အခန်းကိုပိတ်လိုက်ရော ဒါပေ့မယ်လေ ပိတ်ထားတဲ့အခန်းကစက်တွေကိုမထုတ်ရသေးဘူးလေ ညနေ၅ နာရီ၆ နာရီ လောက်ဆိုအဲ့အခန်းကသီချင်းတွေထထပွင့်နေရောလူမရှိပဲနဲ့တဲ့ လူခေါ်ဘဲလ်တွေလည်းထထမြည်တယ်တဲ့ ဆိုင်ရှင်က လည်းဒါဆိုပစ္စည်းတွေထုတ် လျှပ်စစ်ပါဖြတ်လိုက်ခိုင်းတယ် ပိုစိတ်ပျက်စရာကောင်းတာကတော့ အဲ့အခန်းရှေ့က waiter တွေဖြတ်လျှောက်ရင်ရီသံလိုလို ငိုသံလိုလို ကြားရပြီး မိန်းကလေးတွေဖြတ်လျှောက်ရင်တောက်ခေါက်သတဲ့ တခါတလေ သီချင်းလေးညည်းသံခပ်သဲ့သဲ့ကြားရတယ်တဲ့ ကြာလာတော့ဆိုင်ကလူရှောင်လာလို့ ပိတ်ရတဲ့ဆီကိုရောက်တာပဲ တဲ့ ဆိုင်ပိတ်ပြီးကာမှ waiter ဟောင်းတစ်ယောက်က အကဲစမ်းမယ်ဆိုပြီးသူငယ်ချင်းတွေနဲ့ လောင်းကြေးထပ်တယ် သူအဲ့အခန်းထဲမှာစုံတွဲသီချင်း၃ ပုဒ်ပြီးအောင်ဆိုနိုင်ရင် ၁၀၀၀၀၀ပေးမယ်တဲ့ သူကလည်းမူးကလည်းမုးနေတော့သွေးကြွနေတော့လောင်းမယ်ပေါ့လေ ဒါနဲ့ အဲ့ အခန်းထဲလဲရောက်ရောသူငယ်ချင်းတွေကအပြင်မှာစောင့်တာပေါ့သူကအထဲဝင်သွားရော သူပထမဆုံး ချောင်းဟန့်လိုက်တယ် ပြီးမှ သီချင်းတူတူဆိုရအောင်နော့် ဆိုပြီး အာဇာနည်ရဲ့လိုက်ဖက်တဲ့ဘဝသီချင်းလေးစဆိုလိုက်တယ် သူ့အလှည့်ပြီးသွားတော့ မိန်းကလေးအလှည့်မှာ ,. . အသံချိုချိုအီအီ ဆွဲဆွဲငင်ငင်ကြီးနဲ့ သီချင်းဆိုသံကြီးပီပီသသထွတ်လာတယ် သူလည်းလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး မျက်စိစုံမှိတ်ထားလိုက်တယ်ပြီးတော့ သူအလှည့်ပြန်ရောက်လာတာပေါ့လေ သူကကြောက်ပြီးဆိုဖို့မေ့နေတာပေါ့အဲ့တော့လေ လက်အေးအေးကြမ်းကြမ်းကြီးက သူ့လက်မောင်းကိုတွန်းလိုက်သတဲ့သူလည်းလန့်ဖြတ်ပြီးလှည့်ကြည့်လိုက်တော့ အားးးလားးလားး မျက်နှာတခုလုံးမဲသဲပြီးအရေခွံ့တွေကွာကြနေတဲ့ညှော်တူးတူးအနံ့နဲ့မျက်နှာကြီး ဆံပင်တွေကလည်းကြိုးတိုးကြဲတဲနဲ့ တဲ့သူလည်းဟန်တောင်မဆောင်နိုင်ဘူးငယ်သံပါအောင်အော်ပြီးတချိုးတည်းလစ်တော့တာပေါ့ အိမ်လည်းပြန်ရောက်ရောစကားမေးတောင်မရအောင်ဖျားသွားတယ်တဲ့ နေပြန်ကောင်းလာတော့လည်းသူ့နှားခေါင်းတည်းဟိုညှော်နံ့ကြီးကတလလောက်ကြာအောင်စွဲနေတယ်တဲ့ နောက်မှတိရတာက အဲ့ဆိုင်ဖွင့်ကာစလူသိပ်မသိခင်က မိန်းကလေးတစ်ယောက်က အဲ့ မှာ ဓာတ်လိုက်ပြီးသေခဲ့ဖူးတယ် ဆိုင်ရှင်က ဘယ်သူမှမသိအောင်ဖုန်းဖိခဲ့ပြီး ကောင်မလေးရဲ့ဆွေမျိုးအသိုင်းအဝိုင်းတွေကိုလည်းမသိလို့ လူမသိသူမသိ သင်္ဂြိုလ် လိုက်ကြတယ်တဲ
Unknown

Unknown

Powered by Blogger.