Update News
recent

အစောင့်လား ဘာလား



 ခုပြောပြမှာ ကိုယ်တွေ့  ဖြစ်ရပ်မှန်ပါ လှိုင်မြို့ နယ် မာလာမြိုင်(၁၀)လမ်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တခုပါ အာ့တုန်းက ကျွန်တော်က Uni ပထမနှစ်ဝက် စာမေးပွဲဖြေပီး အိမ်တန်းမပြန်ပဲ ညီမတွေ ရှိတဲ့ အဲ့အိမ်ကိုဝင်လည်တာပါ (အရင်ကလဲ ဒီလိုဝင်လည်လေ့ရှိပါတယ်) အိမ်ရှေ့ ရောက်တော့ လူအုပ်က တစ်ပုံကြီးအောက်ကနေ အော်ကြဟစ်ကြ လုပ်နေကြတယ် ညီမတွေကလဲ ၁၄ ၁၂ နှစ်တွေဆိုတော့ ငိုယိုလို့  ဘာဖစ်နေတာလဲပေါ့ အကိုဝမ်းကွဲတွေလဲ တွေ့ တယ် အကိုတစ်ယောက်က စက်ကွင်း အိမ်ခဏပြန်မလို့ မင်းဒီမှာစောင့်နေခဲ့တဲ့ ကိုယ်လဲဘုမသိ ဘမသိအေးပေါ့ ပီးမှ ညီမတွေကို ဘာတွေဖစ်နေတာလဲဆိုတော့ အကြီးမလေးက မေဂျီး(အန်တီဝမ်းကွဲ)ဘာဖစ်တာလဲမသိပူးတဲ့ ထမင်းစားပီးတာ နေ့ လည်စာအတွက် ၃ခါရှိပီ ပြောတယ် ဒါပေမဲ့ ခဏခဏ ထမင်းထပ်ထည့်ခိုင်းနေတယ်တဲ့ ညစာလဲကုန်ပီတဲ့ မရှိပူးပြောတော့ သူတို့ ကိုအော်ဟစ်ပီး ရိုက်မယ်လုပ်လို့ ဆင်းပြေးကြတာတဲ့ (ခလေးတွေအဖေက ကညန မှာ အလုပ်သွားနေပါတယ်) သူတို့ အော်ငိုတာကြားပီး ဘေးအိမ်က လူတွေကော လမ်းပေါ်မှာသွားနေတဲ့လူတွေကော ပြေးလာကြ အကိုဝမ်းကွဲတွေလဲ သတင်းကြားလို့ ပြေးလာကြရော အဲ့မှာအိမ်ပေါ်ကနေ သတ္တိရှိရင် တက်ခဲ့ ဘာညာနဲ့ ခလေးတွေကို စိန်ခေါ်နေတာပေါ့ (အန်တီက အရင်က သူ့ ခလေးတွေကို လေသံမာမာတောင် မပြောဖူးပါပူး) ရပ်ကြည့်နေတဲ့လူတွေကလဲ ညီမ ဘာဖစ်တာလဲ ဘာညာမေးတာပေါ့ ပြန်မဖြေပူး အိမ်အောက်ထက်မှာ(၂ထပ်အိမ်) လမ်းလျှောက်ရင်း တောက်တွေခေါက်လိုက် ထမင်းအိုးတွေ ဟင်းခွက်တွေ ပေါက်ခွဲလိုက်နဲ့ မျိုးစုံသောင်းကျန်းနေတာပေါ့ အဲ့မှာ လူကြီးတစ်ယောက်က ပုံမှန်မဟုတ်ပူး တခုခုလွဲနေပီ ဆရာတော် ပင့်ကြလို့ ပြောတယ် (၁၀လမ်းထဲမှာ ဘုန်းကြီးကျောင်းရှိပါတယ် ) ကျောင်းထိုင်က ပင့်လို့ အပြင်ကြွသွားတယ်ဆိုတော့ ခက်ကုန်ရော အဲ့မှာ အကိုတွေက အိမ်က အဘ(အဘိုး)ကို သတိရပီ အဘကိုသွားခေါ်ရင်ကောင်းမယ်ဆိုပီး လူကြီးတစ်ယောက်ကိုပြောတော့ အဲ့ဦးလေးက မင်းအဘက ဘာလုပ်တာလဲ ဘာညာပေါ့ အကိုဝမ်းကွဲကလဲ အဘက ‪#‎ရွေရင်ကျော်‬ ဆိုလား ဘာလားဝင်ထားတယ်ပေါ့ သူတို့ ကိုယ်တိုင် အာခေါင်မှာ ဆေးပေါက်ဖူးတယ် ဆိုပီး ပြပီးပြောတော့ အဲ့ဦးလေးနဲ့ နောက်လူကြီးတစ်ယောက်က အေးအမြန်သွားခေါ်မယ် ကားပေါ်တက်ဆိုပီး သွားခေါ်ကြတယ် အိမ်လဲရောက်ရော အကိုတွေက " အဘ အဘ " မာလာမြိုင်က ကြီးကြီးအိမ်မှာ ဘာတွေဖစ်နေလဲ မသိပူး အဲ့ဒါ အဘ လိုက်ခဲ့ပါပေါ့ ကိုယ်တွေအဘကလဲ ပဲများတယ် ပြောမှ ဘုရားထရှစ်ခိုးတယ် ပီးတော့ ဘာမှပြန်မပြောပူး ပုတီးယူပီး ပုတီးစိတ်တယ် ပီးတော့ ခရုခွံအဖြူကြီး ယူပီး မှုတ်တယ် နောက် သူ့ ဘာသာ အရင်နေတက်သလို ပြန်နေနေတယ် အကိုဝမ်းကွဲကလဲ အဘ ဘာလုပ်တာလဲပေါ့ လာခေါ်တာကိုပြန်လဲမပြော အိုက်တင်ခံနေတယ်ပေါ့ လို့ စိတ်ထဲတွေးပီး ဖုသွားသေးတယ်တဲ့ (နောက်မှအဘပြောပြတာက အဲ့လိုဖြစ်ရင် လာခေါ်တိုင်းမလိုက်ရပူး တရိုတသေပင့်ဖိတ်မှ လိုက်ကူညီခွင့်ရတယ် ခွင့်ပြုမှ ကုလို့ ရတယ်ကိုယ့်ဘာသာငါသိ ငါတက်ဆိုပီးဝင်ကုရင်တဆင့်နိမ့်ပီး ဟိုကပြန်လုပ်လို့ အသက်ပါသေနိုင်တယ်တဲ့ အာ့မို့ ငြိမ်နေတာလို့ ပြောတယ်) အဲ့ကျမှ အတူတူ လိုက်လာတဲ့ ဦးလေးကြီးက ဆရာ ကျွန်တော့် အသိ ခလေးမ တစ်ယောက်ဒုက္ခရောက်နေလို့ ဆရာကူညီ ကယ်ပေးပါလား ဆရာရယ် ဆရာ့ကို ပင့်တယ် ဘာညာပြောမှ အိန်းသွားကြမယ်ဆိုပီး ရှေ့ ကနေ ကားပေါ်တက်သွားတယ် အကိုတွေကို တချက်တောင်လှည့်မကြည့် တခွန်းတောင် စကားမပြောပူးတဲ့ မျက်နှာက ခပ်တည်တည်ပဲ အာ့နဲ့  မာလာမြိုင်က အိမ်ကို ရောက်လာပါရော ………… အိမ်ရောက်တော့ ကားပေါ်ကဆင်းတာနဲ့ လူတွေက ပြုံလာတာပေါ့ ဘယ်သူလဲ ဘာလဲပေါ့ အဘက ကျွန်တော့်ကို မြင်တာတောင် တချက်မရီပြပူး(သူ့ အချစ်တော်က ကျွန်တော်လေ) အာ့ပီးတော့ ညီမတွေနားသွားပီး သမီး သမီးတို့ ဆရာ့ကို ပင့်ဖိတ်တယ်နော် ခုကော ဆရာ့ကို လူနာကုသခွင့်ပြုလားဆိုပီး သွားမေးတယ် ခလေးတွေကော ကျွန်တော်ကော အကိုတွေပါ အကုန်လုံးကြောင်ကုန်တာပေါ့ (သူတို့ အဘိုးက သူတို့ ကို ဘာတွေပြောနေလဲ မသိပူးလေ) အဲ့မှာ ဘေးက ဦးလေးကြီးတွေက ခွင့်ပြုတယ် ပြောလိုက် ဆိုပီး ဝိုင်းပြောမှ ခလေးတွေလဲ ဟုတ် ပင့်ပါတယ် ခွင့်ပြုပါတယ် ဆရာကြီးဘဘ ဆိုပီး ငိုကြတာပေါ့ အဲ့မှာ အဘက တိတ်တိတ် သမီးတို့ ဘာမှမဖြစ်ပူးဆိုပီး သူနဲ့ အတူတူ အကိုဝမ်းကွဲတစ်ယောက်ရယ် အဲ့လမ်းထဲက လူကြီး အားကောင်းမောင်းသန် ၅ယောက်လောက်ကို သူနဲ့ တူတူလိုက်ခဲ့ပါဆိုပီး အိမ်ပေါ်တက်သွားတယ် အဲ့ချိန်မှာ အိမ်ပေါက်က တယောက်က တောက်တခေါက်ခေါက်နဲ့ ပေါ့ ဘာမှတော့ မပြောပဲ ခါးထောက်ကြည့်နေတယ် အဘလဲ အိမ်ပေါ်တက်ရော သူက ထမင်းချက်တဲ့ နေရာကို ဝင်ပီး ရှောင်နေတယ် ဘုရားစင်ဘယ်မှာလဲမေးတော့ အပေါ်ထပ်မှာဆိုတော့ အဘလဲ အပေါ်ကိုတက်တာပေါ့ ဟိုတစ်ယောက်ကတော့ အိမ်အောက်မှာ ထပ်သောင်းကျန်းနေတယ် ဘာမှမပြောသလို အဘကလဲ တခွန်းမှ မဟပူး ဘုရားစင်ရှေ့ ရောက်တော့ ဘုရားရှစ်ခိုး ဝတ်တွေပြုပီး ကဲ အောက်ကဧည့်သည် အိမ်ပေါ်တက်ခဲ့ပါအုန်းဆိုပီး ခေါ်တာ အိမ်အပြင်မှာ ရပ်နေတဲ့လူတွေအကုန် ကြားတယ် အဲ့တစ်ယောက်က ပြန်မထူးပူး နောက်တခါထပ်ခေါ်တော့ အောက်ကနေ ငါဧည့်သည်မဟုတ်ပူး အိမ်ရှင်ကွ မင်းသာ ငါ့အိမ်ပေါ် ငါ့ခွင့်ပြုချက်မရပဲ တက်လာတာ ခုပြန်ဆင်း ငါ့အိမ်ကထွက်သွား ငါ့ကို ဘာမှတ်နေလဲဆိုပီး ရင်ခေါင်းသံ အောအောကြီးနဲ့ အော်ပြောတာ အကုန်လုံးကြားရတယ် အဲ့မှာ အဘက စကားကောင်းကောင်းပြောမရလဲ အကြမ်းနည်း သုံးရတာပေါ့ဆိုပီး ဟဲ့ အဲ့မိန်းမကို ငါ့ရှေ့ ခုခေါ်လာကြစမ်းဆိုပီး ထအော်ရော ပွဲကကြမ်းပီးဆိုပီး လူတွေလဲ အိမ်ထဲအကုန်တိုးဝင်ကြည့်ကြတာပေါ့ (ကျွန်တော်လဲ ပါတယ် :P ) အဲ့မှာ အိမ်ပေါ်ထပ်မှာ အဘနဲ့ ပါသွားတဲ့ ဦးလေးကြီးတွေက သူတို့ ကို ခေါ်ခိုင်းတယ်ထင်ပီး လှေကားထစ် ကိုဆင်းပီးခေါ်မလို့ အောက်ကိုကြည့်တာ ဟိုတစ်ယောက်က အောက်ကနေ သူ့ ဘာသာ တရွတ်တိုက်ပီး တက်လာတာတွေ့ တော့ လန့် ဖြန့် ပီး အမြန် ဖယ်ပေးကြတာပေါ့ အဲ့အန်တီကတော့ မျက်ထောင့်နီကြီးနဲ့  အံကြိတ်ပီး အဘရှေ့ မှာ မတ်တပ်ရပ်နေတယ် ကဲဒီမှာထိုင်ဆိုတော့ ခပ်တည်တည်ပဲ ပေကပ်နေတယ် ပြန်လဲမပြောပူး အဘက ကဲ သူ့ ကိုထိုင်ခိုင်းလိုက်စမ်းဆိုမှ သူ့ အလိုလို ထိုင်တယ် မုဆိုးဒူးထောက်ထိုင်တာ သိလား အဲ့လိုထိုင်တာ အဲ့ကျမှ အဘက ကဲ ပြော မင်းဘယ်သူလဲ ဘယ်ကလဲ ဘာလို့ ခလေးမလေးကိုနှိပ်စက်နေတာလဲပေါ့ သနားပါတယ် မင်းစားလို့ လဲ ဝပီးမလား ပြန်ပါတော့ ခိုင်းတဲ့လူရှိရင်လဲ ပြန်အနားယူတော့ ငါလဲ ကျေအေးလိုက်တော့မယ် ပြောတာပေါ့ အဲ့ဒါကို အဲ့အန်တီက ငါဘယ်မှမသွားပူး ဒါငါ့အိမ် ငါ့နေရာ ဒီကောင်မက ငါ့အိမ်ပေါ်လဲ တက်နေသေးတယ် ငါ့ကိုလဲ မလေးမစားလုပ်တယ်ပေါ့ အဘကလဲ ဘာလုပ်မိလို့ လဲမေးတော့ ငါက ငါ့အိမ်ထဲမှာ လွတ်လွတ်လပ်လပ်နေတာ ဒီကောင်မက ငါသွားမဲ့နေရာမှာ လမ်းကိုကန့် လန့် ဖြတ်ပီး အိပ်နေတယ် ငါခြေထောက်နဲ့  ကန်ပီး ဖယ်ပေးစမ်း ပြောတော့ ဘာလို့ ဖယ်ရမှာလဲ မဖယ်ပေးပူးဆိုပီး ငါ့ကို ခံပြောလို့  ငါမကျေနပ်လို့ လုပ်တာတဲ့ အဘကမင်းကဘယ်သူလဲ ဒါက သူ့ အိမ်လေ သူဝယ်ထားတာ သူကပိုင်ရှင် မင်းကဘာလို့ ဖယ်ခိုင်းရတာလဲဆိုတော့ ငါကဒီမှာနေတာကြာပီ ငါ့သခင်(အရင်အိမ်ပိုင်ရှင်က သဘောင်္သား သဘောင်္တက်ရင် အစောင့်အဖြစ်နဲ့ ထားထားတာ)နေလာတာ နှစ်ချီနေပီတဲ့ အကုန်လုံး ဟာတွေ ဟင်တွေ ဖြစ်ကုန်ရော အဘကလဲ ခလေးက မသိလို့ လုပ်မိတာပါ ဗွေယူမနေပါနဲ့  ပီးတော့ခုသူကပိုင်ရှင်ဖြစ်နေပီ ကိုယ်နေတဲ့နေရာပိုင်ရှင်ကို ဒီလိုမလုပ်ရပူးလေ လို့  လေပြေနဲ့ ပြောတာမရပူး ငါမကျေနပ်သေးပူး ဖျက်ဆီးပစ်အုန်းမယ်ဆိုပီး ထသောင်းကျန်းရော အဲ့မှာ အဘလဲ ဒီလောက်တောင်ဖြစ်တာ တွေ့ ကြသေးတာပေါ့ဆိုပီး ကြည့်နေတဲ့လူတွေကို အပ်ချည်ကြိုးရှာပေးပါပြောတယ် ရလဲရရော လက်နဲ့ တံတောင်ကို သုံးပီး အပ်ချည်ကြိုးကိုကျစ်ပီး ဘုရားသောက်တော်ရေကို ယူ ပါးစပ်က ပွစိ ပွစိ ရွတ်နေတာပေါ့ အဲ့ချိန်မှာ ဟိုတစ်ယောက်ကမတ်တပ်ထရပ်ပီး အောက်ဆင်းမယ်ပြင်နေတာ လှေကားမှာလူတွေကလဲ ပြုံနေတာပေါ့ ဒီဘက်လှေကားကို သူလှည့်လာတော့ အကုန် ဝရုန်းသုံးကား ဖြစ်ကုန်ရော အဲ့ချိန်မှာ အဘလဲ မန်းမှုတ်နေတာပီးတာနဲ့  ဘယ်ကိုပြေးတာလဲ ကောင်းကောင်းပြောမရတာ နာဖို့ ပြင်ဆိုပီး ပါးစပ်ကနေလဲ အဲ့ကောင်မကို ချုပ်စမ်းဆိုပီး ပြောလိုက်တာ သူ့ အလိုလို လက်တွေ ရှေ့ ကိုတွဲလောင်းကျပီး အဘရှေ့ မှာ ဒူးထောက်ထိုင်တယ် အဲ့မှာ စောနက ကျစ်ထားတဲ့ အပ်ချည်ကြိုးနဲ့  နင်ထွက်မလား မထွက်ပူးလား မေးမေးပီး ရိုက်တာ ရိုက်တာကအပ်ချည်ကြိုးနဲ့ နော် နောက် အရိုက်ခံရသူက အသက်ပဲ ၄၀နားကပ်နေပီ အဲ့ဒါကို မခံနိုင်ပဲ ထအော်တယ် အားပူတယ် နာတယ် တော်ပါတော့ပေါ့ ထွက်မလားမေးရင် မထွက်ပူး နောက်ဆုံး ဒီလောက်ဖြစ်တာ ဆိုပီး အဲ့အပ်ချည်ကြိုးကို အဲ့အန်တီရဲ့လည်ပင်းမှာ ပတ်ပေးလိုက်တယ် အဲ့မှာ ဟိုတစ်ယောက် အော်ငိုပီး လှိမ့်တာ ပြန်တွေးရင် ရင်ထဲတောင်မကောင်းပူး နောက်ဆုံး သွားပါတော့မယ် ပြန်ဖြုတ်ပေးပါတော့ဆိုမှ ပြန်ဖြုန်ပေးတယ် ပြန်ဖြုတ်ပေးတော့ .သူ့ ကို နေစရာနေရာလေးရှာပေးပါပြောတယ် အဲ့မှာ လာကြည့်နေတဲ့ ဘုန်ကြီးကျောင်းက ဘုန်းဘုန်းတပါးက ကျောင်းမှာ ကွမ်းပင်တွေ ရှိတယ် အဲ့မှာပေးလိုက် ဒကာကြီးဆိုတော့ အဘက အေးငါရှာပေးထားမယ် မင်းနောက်တခါ အဲ့လိုတွေထပ်မလုပ်နဲ့ တော့ဆိုပီး ပြောလိုက်တော့ အန်တီလဲ လဲကြသွားတယ် အဲ့ကျမှ လူတွေက ဘုရားရေတိုက်တဲ့သူတိုက် နိုးတဲ့သူကနိုး အကုန်ရှုပ်ကုန်တယ် သူသတိရလာလို့  မေးကြည့်မှ ထမင်းစားပီးတော့ လေလေးအေးနေတာနဲ့ ခဏမှေးလိုက်တာ အိပ်မပျော်တပျော်ပဲ ရှိသေးတယ် အဲ့ချိန် အသားမဲမဲထောင်ထောင်မောင်းမောင်းနဲ့  လူတစ်ယောက် သူ့ ကို ခြေထောက်နဲ့ ကန်ပီး ဟဲ့ ဖယ်စမ်း ငါ့လမ်းမှာ မအိပ်နဲ့  လာပြောတယ်တဲ့ သူလဲ ခြေထောက်နဲ့ လဲ အကန်ခံရတယ် သူ့ အိမ်ပေါ်လဲ တက်ပီးစော်ကားတယ်ဆိုပီး မခံချင်စိတ်နဲ့  နင်ကဘာမို့ လို့ လဲ ဒါငါ့အိမ် မဖယ်ပေးနိုင်ပူး ပြောလိုက်ပီးထဲက မေ့သွားတာတဲ့ အဘကနောက်ဆို အိမ်ဝယ်ရင် အိမ်တက်လုပ် တရားနာ အမျှဝေပါဆိုပီး မှာပီးပြန်သွားတယ် အဲ့နောက်ပိုင်းဘာမှမထူးခြားတော့ပူး အဘကလဲ အဲ့လမ်းထိပ်က ဘုန်းကြီးကျောင်းမှာနေရာရှာပီးပေးလိုက်တယ်ပြောတယ် မကြာပါပူး သူတို့ လဲ အဲ့အိမ်ရောင်းပီး ကမာရွတ်ဘက်ကို ပြောင်းသွားတယ် ဒီစာဖတ်တဲ့ သူတွေထဲမှာ ၁၆ရပ်ကွက် မာလာမြိုင်မှာနေတဲ့သူဆိုရင် ၁၀လမ်းထိပ် သမိုင်းချောင်းဘေးနားက ရေနံချေးတွေဝနေတဲ့ ၂ထပ်အိမ်ကို သိကြမယ် ထင်ပါတယ် :)
Unknown

Unknown

Powered by Blogger.