Update News
recent

လျပ်စစ်မီးမလို ဆိုလာမလို အင်ဂျင်မလို သူ့အလိုလိုရေတင်တဲ့နည်း







ရေတွင်း ရေကန်ကရေကိုခပ်စရာမလို စုပ်ယူစရာစက်ပစ္စည်း
မလိုဘဲ သဘာဝနည်းနဲ့ သုံးရေရယူ စိုက်ခင်းရေဖြန်း ၂၄ နာရီ
ရေတက်နေတဲ့နည်းလမ်းလေးဖြစ်ပါတယ်၊၊
ရိပ်သာထဲရှိ စိမ့်ရေတွင်းထဲကရေကို လုမ္ပနီဥယျာဉ်စိုက်ခင်း
အတွက် အလိုအလျောက်ရေတင်နိုင်အောင် စမ်းသပ်ရန်
Youtube မှလေ့လာရှာဖွေထားတာပါ၊၊
နည်းပညာကို အားလုံးစမ်းသပ်အသုံးပြုနိုင်ကြစေဖို့ မျှဝေ
လိုက်ပါတယ်၊၊
လေလုံတဲ့သံတိုင်ကီရယ်၊ ပလပ်စတစ်ရေပိုက်နဲ့ ပိုက်ဆက်
ပစ္စည်း ရေဘားတွေရယ်၊ ရေစင် ဒီလောက်ပဲလိုပါတယ်၊၊
ပုံမှာပြထားတဲ့အတိုင်း ဥာဏ်ရှိသလိုတပ်ဆင်နိုင်ပါတယ်၊၊
အရေးကြီးတာက ရေကန်ကလာတဲ့အဝင်ပိုက်ကအလုံးသေး
ပြီး အပေါ်ဖက်ကတပ်ရပါမယ်၊၊
ရေထွက်ပိုက်က နည်းနည်းလုံးပတ်ကြီးပြီး တိုင်ကီအောက်
ဖက်ကထွက်ရမယ်၊၊
တပ်ဆင်ပြီးရင်တိုင်ကီထဲရေပြည့်အောင်ထည့်ပါ၊ အောက်က
ပိုက်ထဲလည်းရေပြည့်နေပါစေ၊ ရေဘားနဲ့ထိန်းထားပါ၊
ရေကန်ထဲချထားတဲ့ရေပိုက်နဲ့ တိုင်ကီထဲရေပြည့်အောင်
ရေချူဘားကနေရေဖြည့်ပါ၊၊
ကန်ထဲကပိုက်အဖျားမှာ ရေထိန်းအောင်ဘီလူးခေါင်းတပ်
ထားပါ၊၊
တိုင်ကီအောက်ဖက်က ရေပိုက်ဘားဖွင့်လိုက်ရင် တိုင်ကီထဲက
ရေပမာဏဖိအားကြောင့် ကန်ထဲကရေကိုစုပ်ယူပြီးတိုင်ကီ
ထဲကို ရေတွေအပေါ်ကကျလာစေပါတယ်၊၊
ရေသွယ်တန်းပိုက်တစ်လျောက်ရေဖိအားပိုများဖို့ ပိုက်လုံး
အထောင်လေးတွေတပ်ထားရင် ရေပိုသွက်တယ်လို့ဆိုပါ
တယ်၊၊ ထိုင်းမှာသုံးနေတဲ့နည်းပညာပါ၊၊
ရေသန့်ဗူးလေးနဲ့စမ်းတာတော့ အဆင်ပြေပါတယ်၊၊
လောင်စာချွေတာ ပတ်ဝန်းကျင်လည်းထိန်းသိမ်းပြီးသား
အဆင်ပြေကြပါစေ၊၊
++++++++++++++++
မျှဝေသူ - ဓမ္မစက္ကဦးမောင်မောင်
aung  yein chan

aung yein chan

Powered by Blogger.