Update News
recent

အဖွားရဲ့ ဆိုင်ခန်းရှေ့မှာ ကားပိတ်ရပ်ခဲ့တဲ့ ဒရိုင်ဘာကို ဓားကိုင်ပြီးဖြဲခဲ့တဲ့ ကလေးငယ်


အဖွားရဲ့ ဆိုင်ခန်းရှေ့မှာ ကားပိတ်ရပ်ခဲ့တဲ့ ဒရိုင်ဘာကို ဓားကိုင်ပြီးဖြဲခဲ့တဲ့ ကလေးငယ်
ဒုက္ခရောက်တဲ့ အချိန်မှာ မိသားစုဟာ အားထားမှီခိုစရာတစ်ခုပါပဲ။ဒီဗီဒီယိုထဲက ကလေးလေးရဲ့ အဖွားဟာလည်း သူ့အတွက် ငယ်ရွယ်ပေမဲ့ မားမားမတ်မတ် ရပ်တည်ပေးတဲ့ မြေးလေးရှိတဲ့ အတွက် ကံကောင်းတယ် လို့ဆိုရမှာပါ။
တရုတ်နိုင်ငံ ဆိုရှယ်မီဒီယာတွေမှာ အသက် ၅ နှစ်ကျော်သာရှိသေးတဲ့ ကလေးငယ်လေးဟာ အဖွားဖြစ်သူရဲ့ သစ်သီးဆိုင်လေးရှေ့မှာ လာပိတ်ရပ်ထားတဲ့ ဒရိုင်ဘာကို ဓားကိုင်ပြီး ရန်တွေ့နေတဲ့ ဗီဒီယိုဟာ လူကြည့်များလျက်ရှိနေပါတယ်။ထရပ်ကားဟာ သူရဲ့ အဖွားဖြစ်သူရဲ့ သစ်သီးဆိုင်ရှေ့မှာ လာပိတ်ရပ်ထားတဲ့ အတွက် ကလေးငယ်လေးဟာ အဖွားဖြစ်သူရောင်းမကောင်းမှာ စိုးရိမ်တဲ့အတွက် ဒရိုင်ဘာကို ကားရွှေ့ပေးဖို့ ဒေါသတကြီးနဲ့ လာပြောနေခဲ့တာ ဖြစ်ပါတယ်။
ကလေးငယ်လေးဟာ ဒရိုင်ဘာကို စိန်းစိန်းဝါးဝါးကြည့်ပြီး ” ဒီမှာ ကားရပ်လို့မရဘူး။ဒီမှာ ကားရပ်နေမယ်ဆိုရင်တော့ ကျွန်တော်နဲ့ အရင်ချရလိမ့်မယ် ” လို့ ဒေါသတကြီးအော်ပြောနေခဲ့ပါတယ်။
ကလေးငယ်လေးရဲ့ နာမည်ဟာ ဇိုင်အို ပန် (Xiao Pang )လို့ခေါ်ပြီး ကားမရွှေ့ပေးရင် ကားရှေ့ဘီးကို ဓားနဲ့ ထိုးပစ်ရလိမ့်မယ် လို့လည်း ခြိမ်းခြောက်ခဲ့ပါသေးတယ်။ထိုနောက် လူမိုက်ပေါက်စ ကလေးဟာ ကားအနားမှ ထွက်ခွာခဲ့ပြီး ဒရိုင်ဘာဖြစ်သူ ကားနောက်ဆုတ် ထွက်ခွားသွားတာကို ဓားကိုဆော့ကစားရင်း စောင့်ကြည့်နေခဲ့ပါတယ်။
ကလေးငယ်လေးဟာ သူရဲ့ အဖွားဖြစ်သူကို တတ်နိုင်သလောက်ကာကွယ်ခဲ့တာ မှန်ပေမဲ့ အင်တာနက် အသုံးပြုသူများစွာကတော့ ဒီကလေးဟာကြီးလာရင် လူမိုက်ဖြစ်သွားနိုင်ကြောင်းထောက်ပြ ပြောဆိုခဲ့ပါတယ်။
” ကလေးငယ်လေး ဒီလောက်ဒေါသထွက်နေတာ ကို မြင်ရတာဟာစိတ်မကောင်းစရာပါပဲ။ဒါတောင် ကလေးမိဘတွေက ၀င်မဆွဲကြဘူး။” လို့မှတ်ချက်ပြုရေးသားခဲ့ပါတယ်။
တခြားသော အင်တာနက် အသုံးပြုသူတစ်ယောက်ကတော့ ” ကလေးငယ်ကြီးပြင်းလာတာနဲကအမျှ အရာရာတိုင်းကို ခွန်အားသုံးပြီး ဖြေရှင်းနိုင်တယ် ” လို့ ယူဆသွားမှာကို စိုးရိမ်ကြောင်းရေးသားခဲ့ပါတယ်။
Shwemom
Ref : Viral For Real
aung  yein chan

aung yein chan

Powered by Blogger.