Update News
recent

LIVE SHOW မစခင် အော်စကာ စတိတ်စင်တိုင် ကျိုးကျသွားခဲ့




၈၉ ကြိမ်မြောက် အကယ်ဒမီ ဆုပေးပွဲမတိုင်ခင် နာရီပိုင်းအလို ဖေဖော်ဝါရီလ ၂၆ ရက် မနက်ခင်းမှာ အော်စကာစင်မြင့်ပေါ်က တိုင်တစ်တိုင် ကျိုးကျသွားခဲ့တာပါ။
“ဒီည ၈၉ ကြိမ်မြောက် အော်စကာအတွက် ရီဟာဆယ်လုပ်နေတုန်း စင်ရဲ့အစိတ်အပိုင်းတစ်ခု ကျိုးကျသွားတယ်။ အဲဒီအချိန် စတိတ်စင်ပေါ်မှာ ဘယ်သူမှ မရှိနေလို့ တော်သေးတယ်။ ချက်ချင်းပဲ ပြင်ဆင်လိုက်ပါတယ်၊ ဒီညရှိုးပွဲကို ဘာထိခိုက်မှုမှ မရှိပါဘူး” လို့ အကယ်ဒမီပွဲစီစဉ်သူတွေကပြောခဲ့ပါတယ်။
ယင်းဖြစ်ရပ်ဟာ အော်စကာဆုပေးပွဲကျင်းပမယ့်နေ့ နံနက် ၁၁ နာရီခွဲမှာဖြစ်ခဲ့တာ ဖြစ်ပါတယ်။
TMZ က ရရှိလိုက်တဲ့ ဓာတ်ပုံတစ်ပုံထဲမှာ ဒေါက်တိုင်ကြီးတစ်ခု ကျိုးကျပြီး ကင်မရာနားမှာ လဲကျနေတာကို မြင်တွေ့ရပါတယ်။ လိုက်ကာတစ်ခုလည်း ပြဲသွားပြီး ကျိုးကျချိန်မှာ ကြောက်မက်ဖွယ် ကျယ်လောင်တဲ့အသံကြီးလည်း ထွက်ပေါ်လာတယ်လို့ သိရပါတယ်။
အော်စကာဆုပေးပွဲရဲ့ အစီအစဉ်မှူး ဂျင်မီကင်မဲလ်က အဲဒီအချိန်မှာ အလုပ်မားနေတာဖြစ်ပေမဲ့ ကံကောင်းစွာပဲ စတိတ်စင်ပေါ်မှာ ရှိမနေခဲ့ပါဘူး။
အခုတော့ အားလုံးကို ပြင်ဆင်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် အော်စကာဆုပေးပွဲဟာလည်း ချောချောမွေ့မွေ့စတင်နေပြီဖြစ်ပါတယ်။
ခါးအောက်ထိခွဲထားတဲ့ ဂါဝန်ကြောင့် အော်စကာကော်ဇောနီပေါ်မှာ အရှက်ကွဲခဲ့တဲ့ မင်းသမီး
Source & Photos : people
Credit: Duwun
aung  yein chan

aung yein chan

Powered by Blogger.