Update News
recent

၂၁ ရာစု ပင္လုံညီလာခံဖြင့္ပြဲသို႔ ဦးသိန္းစိန္ကို ဖိတ္ၾကားခဲ့ေသာ္လည္း မတက္ေရာက္


#Zawgyi
အစုိးရသစ္က ဦး ေဆာင္က်င္းပသည့္ ျပည္ေထာင္ စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ရာစု ပင္လုံဖြင့္ပဲြအခမ္းအနားသို႔ တက္ ေရာက္ရန္သမၼတေဟာင္း ဦးသိန္းစိန္အား ဖိတ္ၾကားေသာ္လည္းတက္ေရာက္ႏုိင္ခဲ့ျခင္း မရွိေၾကာင္း သတင္းရရွိသည္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ၂၁ရာစုပင္လုံဖြင့္ပြဲသုိ႔ တက္ေရာက္ရန္ သမၼတေဟာင္းဦးသိန္းစိန္အား ဖိတ္ၾကားခဲ့ေသာ္လည္း၎မွာ ခရီးလြန္ေနသည့္ အတြက္ မတက္ေရာက္ႏုိင္ေၾကာင္းကို သမၼတ႐ုံး၀န္ႀကီးဌာနေျပာေရးဆုိခြင့္ရွိသူဦးေဇာ္ေဌးက ေျပာၾကားသည္။

‘‘ဖိတ္တယ္။ သူ(သမၼတ ေဟာင္းဦးသိန္းစိန္)ခရီးလြန္ေန လို႔ တက္ေရာက္ႏုိင္ျခင္းမရွိဘူး ဆုိတာ ကၽြန္ေတာ္တုိ႔ကို ျပန္ၿပီး ေမတၱာရပ္ခံေျပာတယ္’’ဟု သမၼ တ႐ုံး၀န္ႀကီးဌာန ဒုတိယၫႊန္ ၾကားေရးမွဴးခ်ဳပ္လည္းျဖစ္သည့္ ဦးေဇာ္ေဌးက 7 Day Daily သ တင္းစာအား ေျပာၾကားသည္။

ၾသဂုတ္ ၃၁ရက္ကစ၍ ေန ျပည္ေတာ္တြင္ ျပည္ေထာင္စုၿငိမ္း ခ်မ္းေရးညီလာခံ ၂၁ရာစုပင္လုံ က်င္းပေနျခင္းျဖစ္ကာ အစုိးရအ ဖြဲ႕ေဟာင္းမွ ဒုသမၼတမ်ားျဖစ္ၾက ေသာေဒါက္တာစုိင္းေမာက္ခမ္း၊ ဦးဉာဏ္ထြန္း၊ ယခင္အစုိးရလက္ ထက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းတြင္ အဓိက ဦးေဆာင္ခဲ့ေသာ ျပည္ ေထာင္စု၀န္ႀကီးေဟာင္းမ်ားျဖစ္ ၾကသည့္ ဦးေအာင္မင္းႏွင့္ ဦးစုိးသိမ္းတုိ႔လည္း တက္ေရာက္ခဲ့ၾကသည္။

၂၁ရာစုပင္လုံညီလာခံဖြင့္ပြဲ အခမ္းအနားတြင္ ႏုိင္ငံေတာ္၏အ တုိင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္း စုၾကည္ မိန္႔ခြန္းေျပာၾကားရာ၌ ၿငိမ္းခ်မ္းေရးအတြက္ႀကိဳးစားခဲ့ ေသာ ယခင္အစုိးရကိုအသိအ မွတ္ျပဳေျပာၾကားခဲ့သည္။

‘‘ဒီေနရာမွာ အခုႀကံဳတုန္း MPC (ျမန္မာႏုိင္ငံ ၿငိမ္းခ်မ္းေရး ႏွင့္ ျပန္လည္ထူေထာင္ေရးဗဟို ဌာန)ကိုတည္ေထာင္ၿပီး အပစ္အ ခတ္ရပ္စဲေရးအတြက္ ႀကိဳးပမ္းခဲ့တဲ့ သမၼတေဟာင္းဦးသိန္းစိန္ဦးေဆာင္ခဲ့တဲ့ အစုိးရအဖြဲ႕ကို ဂုဏ္ျပဳပါတယ္’’ ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။
_______________________________________________________________________
#Unicode
အစိုးရသစ်က ဦး ဆောင်ကျင်းပသည့် ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်ရန်သမ္မတဟောင်း ဦးသိန်းစိန်အား ဖိတ်ကြားသော်လည်းတက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၂၁ရာစုပင်လုံဖွင့်ပွဲသို့ တက်ရောက်ရန် သမ္မတဟောင်းဦးသိန်းစိန်အား ဖိတ်ကြားခဲ့သော်လည်း၎င်းမှာ ခရီးလွန်နေသည့် အတွက် မတက်ရောက်နိုင်ကြောင်းကို သမ္မတရုံးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောကြားသည်။

‘‘ဖိတ်တယ်။ သူ(သမ္မတ ဟောင်းဦးသိန်းစိန်)ခရီးလွန်နေ လို့ တက်ရောက်နိုင်ခြင်းမရှိဘူး ဆိုတာ ကျွန်တော်တို့ကို ပြန်ပြီး မေတ္တာရပ်ခံပြောတယ်’’ဟု သမ္မ တရုံးဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ်လည်းဖြစ်သည့် ဦးဇော်ဌေးက 7 Day Daily သ တင်းစာအား ပြောကြားသည်။

သြဂုတ် ၃၁ရက်ကစ၍ နေ ပြည်တော်တွင် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ကျင်းပနေခြင်းဖြစ်ကာ အစိုးရအ ဖွဲ့ဟောင်းမှ ဒုသမ္မတများဖြစ်ကြ သောဒေါက်တာစိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်း၊ ယခင်အစိုးရလက် ထက် ငြိမ်းချမ်းရေးလုပ်ငန်းတွင် အဓိက ဦးဆောင်ခဲ့သော ပြည် ထောင်စုဝန်ကြီးဟောင်းများဖြစ် ကြသည့် ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့လည်း တက်ရောက်ခဲ့ကြသည်။

၂၁ရာစုပင်လုံညီလာခံဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြောကြားရာ၌ ငြိမ်းချမ်းရေးအတွက်ကြိုးစားခဲ့ သော ယခင်အစိုးရကိုအသိအ မှတ်ပြုပြောကြားခဲ့သည်။

‘‘ဒီနေရာမှာ အခုကြုံတုန်း MPC (မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နှင့် ပြန်လည်ထူထောင်ရေးဗဟို ဌာန)ကိုတည်ထောင်ပြီး အပစ်အ ခတ်ရပ်စဲရေးအတွက် ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
#Credit 7Days
aung  yein chan

aung yein chan

Powered by Blogger.