BMW လို႔ အတုိေကာက္သိထားၾကတဲ့ Bayerische
Motoren Werke AG ကုမၸဏီကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၀၀ ခန္႔၊ ၁၉၁၆
ခုႏွစ္တုန္းက ဂ်ာမနီႏုိင္ငံမွာ စတင္တည္ေထာင္ခဲ့တာပါ။ BMW ကုမၸဏီဟာ
ကမၻာေက်ာ္ကားအမွတ္တံဆိပ္ ေတြျဖစ္တဲ့ Roll Royce နဲ႔ Mini တို႔ရဲ႕
မိခင္ကုမၸဏီလည္းျဖစ္ပါတယ္။
#Zawgyi
BMW လို႔ၾကားလိုက္တာနဲ႔ အရည္အေသြးျမင့္မားၿပီး ေခတ္မီသားနားတဲ့ ကားေတြကို အားလံုးပဲေျပးျမင္မိၾကမွာပါ။ BMW ကားေတြနဲ႔ BMW ကားကုမၸဏီကပဲပိုင္ဆုိင္တဲ့ Roll Royce နဲ႔ Mini အမွတ္တံဆိပ္ကားေတြကို ျမန္မာႏုိင္ငံမွာေရာ၊ ကမၻာတ၀န္းမွာပါ အျမတ္တႏိုးနဲ႔ တန္ဖိုးထား ၀ယ္ယူစီးနင္းေနၾကတာလည္း အားလံုးအသိပါပဲ။ BMW လို႔ အတုိေကာက္သိထားၾကတဲ့ Bayerische Motoren Werke AG ကုမၸဏီကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၀၀ ခန္႔၊ ၁၉၁၆ ခုႏွစ္တုန္းက ဂ်ာမနီႏုိင္ငံမွာ စတင္တည္ေထာင္ခဲ့တာပါ။ BMW ကုမၸဏီဟာ ကမၻာေက်ာ္ကားအမွတ္တံဆိပ္ ေတြျဖစ္တဲ့ Roll Royce နဲ႔ Mini တို႔ရဲ႕ မိခင္ကုမၸဏီလည္းျဖစ္ပါတယ္။ ဂ်ာမနီႏိုင္ငံ၊ ျမဴးနစ္ၿမိဳ႕မွာ ရံုးစိုက္တဲ့ BMW ကုမၸဏီဟာ လက္ရွိကမၻာ့ေရာင္းအားအေကာင္းဆံုး ဇိမ္ခံယာဥ္ထုတ္လုပ္တဲ့ ကုမၸဏီတစ္ခု အျဖစ္လည္း ရပ္တည္လွ်က္ရွိပါတယ္။ BMW ဟာ အစပိုင္းမွာ ေလယာဥ္အင္ဂ်င္ေတြကို အဓိကထုတ္လုပ္ခဲ့ၿပီး ပထမကမၻာစစ္အၿပီးမွာ ေလယာဥ္အင္ဂ်င္ ထုတ္လုပ္မႈ ဆိုင္းငံ့ခံထားရတဲ့အခ်ိန္မွာ ေမာ္ေတာ္ဆိုင္ကယ္ေတြထုတ္လုပ္လာခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ကားေတြပါ ထုတ္လုပ္လာခဲ့ပါတယ္။ BMW ဟာ ၁၉၃၇ ခုႏွစ္တုန္းက ကမၻာ့အျမန္ဆံုးေမာ္ေတာ္ဆိုင္ကယ္ကိုလည္း တည္ေဆာက္ခဲ့ပါေသးတယ္။ အဲဒီဆိုင္ကယ္ဟာ တစ္နာရီကို ၂၇၈ ကီလိုမီတာ အျမန္ႏႈန္းနဲ႔ေမာင္းႏွင္ႏုိင္ခဲ့ၿပီး အဲဒီေခတ္က ကမၻာ့အျမန္ဆံုး ေမာ္ေတာ္ဆိုင္ကယ္အျဖစ္ စံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ BMW ဟာ လွ်ပ္စစ္ကားကို ၁၉၇၂ ခုႏွစ္ကတည္းက စမ္းသပ္ထုတ္လုပ္ခဲ့တာပါ။ ဘက္ထရီနည္းပညာပိုင္း အားနည္းခ်က္ေတြေၾကာင့္ ေစ်းကြက္ထဲတင္သြင္းေရာင္းခ်တဲ့အဆင့္ထိ မေရာက္ခဲ့ေပမဲ့ အဲဒီလို စမ္းသပ္ထုတ္လုပ္ခဲ့မႈက BMW ဟာ အသစ္တီထြင္စမ္းသပ္မႈေတြလုပ္ဖို႔ ဘယ္ေလာက္ထိ စိတ္အားထက္သန္တယ္ဆိုတာကို ျပေနခဲ့ပါတယ္။ ၂၀၁၂ ခုႏွစ္၊ ဇြန္လတုန္းက BMW ကို ကမၻာ့နာမည္ေကာင္းအရဆံုး ကုမၸဏီအျဖစ္ Forbes မဂၢဇင္းႀကီးက ေရြးခ်ယ္ခဲ့ ပါတယ္။ လူေတြရဲ႕လိုခ်င္မႈ၊ ေထာက္ခံမႈ၊ အလုပ္၀င္ေရာက္လုပ္ကိုင္လိုမႈ စတဲ့အခ်က္ေတြေပၚမူတည္ၿပီး Forbes မဂၢဇင္းႀကီးက အဲဒီလိုေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာဆိုရင္ ကမၻာတ၀န္းမွာ BMW ၀န္ထမ္းစုစုေပါင္း ၁၀၀၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ၿပီး ႏွစ္စဥ္ ကားအစီးေရ သန္းနဲ႔ ခ်ီၿပီး ထုတ္လုပ္လွ်က္ရွိေနပါတယ္။
_______________________________________________________________________
#Unicode
BMW လို့ကြားလိုက်တာနဲ့ အရည်အသွေးမြင့်မားပြီး ခေတ်မီသားနားတဲ့ ကားတွေကို အားလုံးပဲပြေးမြင်မိကြမှာပါ။ BMW ကားတွေနဲ့ BMW ကားကုမ္ပဏီကပဲပိုင်ဆိုင်တဲ့ Roll Royce နဲ့ Mini အမှတ်တံဆိပ်ကားတွေကို မြန်မာနိုင်ငံမှာရော၊ ကမ္ဘာတဝန်းမှာပါ အမြတ်တနိုးနဲ့ တန်ဖိုးထား ၀ယ်ယူစီးနင်းနေကြတာလည်း အားလုံးအသိပါပဲ။ BMW လို့ အတိုကောက်သိထားကြတဲ့ Bayerische Motoren Werke AG ကုမ္ပဏီကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ခန့်၊ ၁၉၁၆ ခုနှစ်တုန်းက ဂျာမနီနိုင်ငံမှာ စတင်တည်ထောင်ခဲ့တာပါ။ BMW ကုမ္ပဏီဟာ ကမ္ဘာကျော်ကားအမှတ်တံဆိပ် တွေဖြစ်တဲ့ Roll Royce နဲ့ Mini တို့ရဲ့ မိခင်ကုမ္ပဏီလည်းဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ရုံးစိုက်တဲ့ BMW ကုမ္ပဏီဟာ လက်ရှိကမ္ဘာ့ရောင်းအားအကောင်းဆုံး ဇိမ်ခံယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု အဖြစ်လည်း ရပ်တည်လျှက်ရှိပါတယ်။ BMW ဟာ အစပိုင်းမှာ လေယာဉ်အင်ဂျင်တွေကို အဓိကထုတ်လုပ်ခဲ့ပြီး ပထမကမ္ဘာစစ်အပြီးမှာ လေယာဉ်အင်ဂျင် ထုတ်လုပ်မှု ဆိုင်းငံ့ခံထားရတဲ့အချိန်မှာ မော်တော်ဆိုင်ကယ်တွေထုတ်လုပ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကားတွေပါ ထုတ်လုပ်လာခဲ့ပါတယ်။ BMW ဟာ ၁၉၃၇ ခုနှစ်တုန်းက ကမ္ဘာ့အမြန်ဆုံးမော်တော်ဆိုင်ကယ်ကိုလည်း တည်ဆောက်ခဲ့ပါသေးတယ်။ အဲဒီဆိုင်ကယ်ဟာ တစ်နာရီကို ၂၇၈ ကီလိုမီတာ အမြန်နှုန်းနဲ့မောင်းနှင်နိုင်ခဲ့ပြီး အဲဒီခေတ်က ကမ္ဘာ့အမြန်ဆုံး မော်တော်ဆိုင်ကယ်အဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် BMW ဟာ လျှပ်စစ်ကားကို ၁၉၇၂ ခုနှစ်ကတည်းက စမ်းသပ်ထုတ်လုပ်ခဲ့တာပါ။ ဘက်ထရီနည်းပညာပိုင်း အားနည်းချက်တွေကြောင့် စျေးကွက်ထဲတင်သွင်းရောင်းချတဲ့အဆင့်ထိ မရောက်ခဲ့ပေမဲ့ အဲဒီလို စမ်းသပ်ထုတ်လုပ်ခဲ့မှုက BMW ဟာ အသစ်တီထွင်စမ်းသပ်မှုတွေလုပ်ဖို့ ဘယ်လောက်ထိ စိတ်အားထက်သန်တယ်ဆိုတာကို ပြနေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇွန်လတုန်းက BMW ကို ကမ္ဘာ့နာမည်ကောင်းအရဆုံး ကုမ္ပဏီအဖြစ် Forbes မဂ္ဂဇင်းကြီးက ရွေးချယ်ခဲ့ ပါတယ်။ လူတွေရဲ့လိုချင်မှု၊ ထောက်ခံမှု၊ အလုပ်ဝင်ရောက်လုပ်ကိုင်လိုမှု စတဲ့အချက်တွေပေါ်မူတည်ပြီး Forbes မဂ္ဂဇင်းကြီးက အဲဒီလိုရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် ကမ္ဘာတဝန်းမှာ BMW ၀န်ထမ်းစုစုပေါင်း ၁၀၀၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး နှစ်စဉ် ကားအစီးရေ သန်းနဲ့ ချီပြီး ထုတ်လုပ်လျှက်ရှိနေပါတယ်။
#Credit DUWUN