မူးယစ္ရမ္းကားေနသူကို ဖမ္းဆီးရာက စခန္းမႈး ေသဆံုး
စခန္းမႈးက လူက ဝတာေၾကာင့္ အက်ျပင္းသြားတာ ျဖစ္ပါတယ္။
#Zawgyi
မူးယစ္ရမ္းကားေနတဲ့လူကို သြားေရာက္တားျမစ္ဖမ္းဆီးရာက ရဲစခန္းမႈး ေသဆံုးခဲ့တဲ့ျဖစ္ရပ္တစ္ခု ရွမ္းျပည္နယ္ မိုင္ယန္းျမိဳ႕မွာ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ေဟာကန္အရပ္မွာ အမ်ိဳးသားတစ္ဦး မူးယစ္ရမ္းကားေနတယ္ဆိုတာေၾကာင့္ သြားေရာက္ ဖမ္းဆီးစဥ္မွာ မူးယစ္ေနသူနဲ႔ လံုးေထြးျပီး အိမ္ေပၚက ျပဳတ္က်ရာက အက်ျပင္းတာေၾကာင့္ ဦးေႏွာက္ထဲ ေသြးေရာက္ကာ စခန္းမႈးေသဆံုးခဲ့တာ ျဖစ္ပါတယ္။
ဇြန္လ ၂၈ ရက္ေန႔က ျဖစ္ပြားခဲ့တာျဖစ္ျပီး ေသဆံုးသြားတဲ့ မိုင္ယန္းျမိဳ႕မရဲစခန္းမႈး ထြန္းစံေအာင္ဟာ လူခ်စ္လူခင္ေပါတာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈ လြန္ကဲသြားပံုရတယ္လို႔ ရဲမႈးၾကီး သက္လြင္က ေျပာထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။
အရက္မူးေနတဲ့လူက အေပၚက ထပ္က်တာေၾကာင့္ ဘာဒဏ္ရာမွာ မရရွိခဲ့ဘဲ စခန္းမႈးက လူက ဝတာေၾကာင့္ အက်ျပင္းသြားတာ ျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိမွာ အဆုိပါ မူးယစ္ရမ္းကားသူကို ဥပေဒပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ထားပါတယ္။
______________________________________________________________________
#Unicode
မူးယစ်ရမ်းကားနေတဲ့လူကို သွားရောက်တားမြစ်ဖမ်းဆီးရာက ရဲစခန်းမှုး သေဆုံးခဲ့တဲ့ဖြစ်ရပ်တစ်ခု ရှမ်းပြည်နယ် မိုင်ယန်းမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဟောကန်အရပ်မှာ အမျိုးသားတစ်ဦး မူးယစ်ရမ်းကားနေတယ်ဆိုတာကြောင့် သွားရောက် ဖမ်းဆီးစဉ်မှာ မူးယစ်နေသူနဲ့ လုံးထွေးပြီး အိမ်ပေါ်က ပြုတ်ကျရာက အကျပြင်းတာကြောင့် ဦးနှောက်ထဲ သွေးရောက်ကာ စခန်းမှုးသေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ မိုင်ယန်းမြို့မရဲစခန်းမှုး ထွန်းစံအောင်ဟာ လူချစ်လူခင်ပေါတာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲသွားပုံရတယ်လို့ ရဲမှုးကြီး သက်လွင်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အရက်မူးနေတဲ့လူက အပေါ်က ထပ်ကျတာကြောင့် ဘာဒဏ်ရာမှာ မရရှိခဲ့ဘဲ စခန်းမှုးက လူက ဝတာကြောင့် အကျပြင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အဆိုပါ မူးယစ်ရမ်းကားသူကို ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်။
#Credit 7DayDaily,Duwun