Update News
recent

အိႏိၵယတြင္ ေက်ာင္းကားေပၚ ဓာတ္ႀကိဳးျပတ္က်၍ ႏွစ္ဦး ေသဆုံးကာ ၃၀ ေက်ာ္ ထိခိုက္ဒဏ္ရာရ


#Zawgyi
အိႏိၵယႏိုင္ငံ တမီလ္နာဒူးျပည္နယ္တြင္ ေက်ာင္းဘတ္စ္ကားေပၚ ဓာတ္ႀကိဳးျပတ္က်ရာမွ ေက်ာင္းသားႏွစ္ဦး ဓာတ္လိုက္ေသဆုံးခဲ့သည္။

ျဖစ္ပြားသည္မွာ ေမ ၂၉ ရက္ ညေနပိုင္းက ေက်ာင္းသားမ်ား ေပ်ာ္ပြဲစားထြက္ရာမွ အျပန္လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲက ေျပာသည္။

ဒဏ္ရာရထိခိုက္မႈမ်ားျဖစ္ခဲ့သည့္ ေက်ာင္းသားေပါင္းက အနည္းဆုံး ၃၀ ခန္႔ရွိၿပီး ၎တို႔ကို ေဆး႐ုံတင္ကုသေပးလ်က္ရွိသည္။ ျဖစ္စဥ္ကို ရဲက စုံစမ္းစစ္ေဆးလ်က္ရွိသည္။

ေက်ာင္းကားေပၚ ဓာတ္ႀကိဳးျပတ္က်ရသည့္ အေၾကာင္းရင္းအား ေသခ်ာရွင္းလင္းမသိရေသးေသာ္လည္း ေက်ာင္းသားတစ္ခ်ိဳ႕က သစ္ကိုင္းမ်ားကို လွမ္းဆြဲရာမွ သစ္ကိုင္းႏွင့္ ထိေနသည့္ ဓာတ္ႀကိဳးက ျပတ္က်ရျခင္းျဖစ္သည္ဟု မီဒီယာသတင္းမ်ားက ေဖာ္ျပသည္။

တစ္ခ်ိဳ႕သတင္းမ်ားတြင္ ေက်ာင္းသားမ်ားက အုန္းလက္ကို လွမ္းဆြဲျခင္းျဖစ္သည္ဟု ေဖာ္ျပၿပီး သတင္းအခ်ိဳ႕တြင္မူ ေက်ာင္းသားမ်ားက ကားေပၚမွေန၍ လက္လွမ္းမီွရာ သရက္သီးမ်ားကို လွမ္းခူးၾကျခင္းျဖစ္သည္ဟု ေဖာ္ျပထားသည္။

ၿပီးခဲ့သည့္ႏွစ္အတြင္းက အလားတူမေတာ္တဆမႈမ်ိဳး ရာဂ်ာစသန္ျပည္နယ္တြင္ ျဖစ္ပြားခဲ့သည္။ မဂၤလာေဆာင္က်င္းပလွည့္လည္သည့္ ကားတစ္စီးေပၚ ဓာတ္ႀကိဳးပ်က္က်ရာမွ လူေပါင္း အနည္းဆုံး ၂၅ ဦး ဓာတ္လိုက္ခဲ့ၾကျခင္းျဖစ္သည္။
__________________________________________________________________________
#Unicode
အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်တွင် ကျောင်းဘတ်စ်ကားပေါ် ဓာတ်ကြိုးပြတ်ကျရာမှ ကျောင်းသားနှစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည်။

ဖြစ်ပွားသည်မှာ မေ ၂၉ ရက် ညနေပိုင်းက ကျောင်းသားများ ပျော်ပွဲစားထွက်ရာမှ အပြန်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

ဒဏ်ရာရထိခိုက်မှုများဖြစ်ခဲ့သည့် ကျောင်းသားပေါင်းက အနည်းဆုံး ၃၀ ခန့်ရှိပြီး ၎င်းတို့ကို ဆေးရုံတင်ကုသပေးလျက်ရှိသည်။ ဖြစ်စဉ်ကို ရဲက စုံစမ်းစစ်ဆေးလျက်ရှိသည်။

ကျောင်းကားပေါ် ဓာတ်ကြိုးပြတ်ကျရသည့် အကြောင်းရင်းအား သေချာရှင်းလင်းမသိရသေးသော်လည်း ကျောင်းသားတစ်ချို့က သစ်ကိုင်းများကို လှမ်းဆွဲရာမှ သစ်ကိုင်းနှင့် ထိနေသည့် ဓာတ်ကြိုးက ပြတ်ကျရခြင်းဖြစ်သည်ဟု မီဒီယာသတင်းများက ဖော်ပြသည်။

တစ်ချို့သတင်းများတွင် ကျောင်းသားများက အုန်းလက်ကို လှမ်းဆွဲခြင်းဖြစ်သည်ဟု ဖော်ပြပြီး သတင်းအချို့တွင်မူ ကျောင်းသားများက ကားပေါ်မှနေ၍ လက်လှမ်းမှီရာ သရက်သီးများကို လှမ်းခူးကြခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်းက အလားတူမတော်တဆမှုမျိုး ရာဂျာစသန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည်။ မင်္ဂလာဆောင်ကျင်းပလှည့်လည်သည့် ကားတစ်စီးပေါ် ဓာတ်ကြိုးပျက်ကျရာမှ လူပေါင်း အနည်းဆုံး ၂၅ ဦး ဓာတ်လိုက်ခဲ့ကြခြင်းဖြစ်သည်။
#Credit Mizzima
aung  yein chan

aung yein chan

Powered by Blogger.