#Zawgyi
စာေရးသူရဲ႕ဇာတိျဖစ္တဲ႔ ကေနာင္ျမိဳ႕က စာေရးသူ အဖြားတို႔ အိမ္နဲ႔ သံုးအိမ္ေက်ာ္မွာ ရွိတဲ႔ ျခံၾကီးမွာ သရဲေမြးထားတယ္ဆိုတာ စာေရးသူ ငယ္စဥ္ ကေနာင္ျမိဳ႕မွာ ေနခဲ႔စဥ္တည္းက ၾကားဖူးခဲ႔ပါတယ္…အဲဒီျခံက အရမ္းကို က်ယ္ပါတယ္…စာေရးသူ မိဘေတြက အဲဒီျခံၾကီးထဲကို သြားမကစားဖို႔ အျမဲလိုလိုေျပာေပမယ့္…ကေလးသဘာဝ လစ္ရင္ တစ္ခါတေလ သြားေဆာ့ျဖစ္ခဲ႔ပါတယ္…အဲဒီျခံၾကီးထဲမွာက စာေရးသူရဲ႕ သူငယ္ခ်င္းတစ္ေယာက္ရယ္ စာေရးသူရဲ႕ အကိုရဲဲ႕ သူငယ္ခ်င္းတစ္ေယာက္ပါေနက်တယ္…အဲဒီျခံၾကီးမွာ သရဲေ့ျခာက္တယ္ အစိမ္းပက္တယ္ဆိုတဲ႔ သတင္းေတြကလည္း ခဏခဏ ၾကားေနက်ပါ…ကေလးဆိုေတာ့ ေၾကာက္ရမွန္းမသိေသးဘူးေလ…တစ္ခါတေလ လူၾကီးေတြလစ္ရင္ သြားေဆာ့ျဖစ္ပါတယ္…
အဲဒီျခံၾကီးထဲကို ညမိုးခ်ဳပ္မေျပာနဲ႔ ညေန ေနေစာင္းခ်ိန္ဆိုရင္ေတာင္ အျပင္လူ ဘယ္သူမွ ျဖတ္မသြားရဲေအာင္ကို ေျခာက္လွန္႔တယ္လို႔ နာမည္ၾကီးပါတယ္…
ဘာရြယ္ရြယ္ခ်က္ေၾကာင့္ သရဲေမြးတာလည္းဆိုတာေတာ့ ေသခ်ာမသိေပမယ့္ လူၾကီးေတြရဲ႕ အဆိုအရ သူငယ္ခ်င္းေတြ အဖြားရဲ႕ အရင္ အဲဒီျခံပိုင္ရွင္ေတြ လက္ထက္ကတည္းက သရဲေတြကို ခိုင္းစားဖို႔ ေမြးခဲ႔တာလို႔ သိရပါတယ္…ေမြးထားတဲ႔ သရဲေတြက ၃ေကာင္ပါ…သံုးေကာင္ထဲက တစ္ေကာင္ကေတာ့ အဲဒီျခံၾကီးရဲ႕ အရင္ပိုင္ရွင္ရဲ႕ သမီးလို႔လည္း သိရပါတယ္…အဲဒီ ျခံရွင္ရဲ႕ သမီးက ျမစ္ထဲမွာ ေရနစ္ေသသြားတာကို သူတို႔ျခံထဲ ျပန္ေခၚျပီး ေမြးထားတာလို႔သိတဲ႔ လူေတြက ေျပာျပက်ပါတယ္…က်န္တဲ႔ ၂ေကာင္က သဘက္ေတြပါတဲ႔…
ဒီေနရာမွာ နည္းနည္းေလာက္ရွင္းျပပါ့မယ္…အစိမ္းပက္တယ္ဆိုတာ သိတဲ႔ သူလည္း ရွိသလို မသိေသးတဲ႔ သူေတြမ်ားမယ္လို႔ ထင္ပါတယ္…က်ေနာ္ စာေတြေရးေနဖတ္ေနတဲ႔ သူေတာင္ သရဲစာေတာ္ေတာ္မ်ားမ်ားမွာ အစိမ္းပက္တယ္ဆိုတာကို မဖတ္ဖူးခဲ႔ပါဘူး…တေန႔ကမွ gpထဲမွာ မန္ဘာတစ္ေယာက္ေရးတာကို ေတြ႔လိုက္ရပါတယ္…သရဲအေၾကာင္းေတာ္ေတာ္မ်ားမ်ားဖတ္ဖူးေပမယ့္ အစိမ္းပက္တယ္ဆိုတာကို မေတြ႔ရလို႔ အစက က်ေနာ္တို႔ အရပ္က အေခၚအေဝၚတစ္ခုပဲ ျဖစ္မယ္…သူမ်ားေတြ မသိေလာက္ဖူးလို႔ ထင္ခဲ႔ပါေသးတယ္…
အစိမ္းပက္တယ္ဆိုတဲ႔ အေၾကာင္းကို စာေရးသူ သိသေလာက္ေျပာျပရရင္…သရဲ တေစၦေတြက သူတို႔ေနတဲ႔ ေနရာနားကို လာတာ ျဖတ္သြားျဖတ္လာလုပ္တာကို မၾကိဳက္လို႔ လွန္႔တာ ေျခာက္တာနဲ႔ ဝင္ပူးတာမ်ိဳးပါ…အဲလို အစိမ္းပက္ခံရျပီဆိုရင္ ခံရတဲ႔ သူဟာ ၾကက္သီးေတြထလာတာ…ေခါင္းေတြၾကီးသြားသလို ခံစားရတာေတြ ျဖစ္ျပီး လန္႔ဖ်ားဖ်ားတာေတြ ျဖစ္တတ္ပါတယ္…အေကာင္အထည္ကို ျပတာရွိသလို အေကာင္အထည္မျမင္ရပဲ …စိတ္ထဲက သူ႔အလိုလိုေၾကာက္လန္႔ေအာင္ လုပ္လႊတ္ခံရတာမ်ိဳးပါ…အသည္းငယ္သူေတြဆို ဖ်ားေတာင္ဖ်ားတတ္ပါတယ္…ကံနိမ့္မွလည္း အဲလို အစိမ္းပက္ခံရတာမ်ိဳးပါ…ျခံဳေျပာရရင္ေတာ့ သရဲက ျပဳစားေျခာက္လွန္႔လိုက္တာမ်ိဳးေတြထဲက တစ္မ်ိဳးကို အရပ္ေဒသအေခၚ အေဝၚလိုက္ျပီး အစိမ္းပက္တယ္လို႔ ေခၚေဝၚက်တာပါ…စာေရးသူ သိသေလာက္ ရွင္းျပျခင္းျဖစ္တဲ႔ အတြက္ လြဲေခ်ာ္မွဳ႕ လိုအပ္မွဳ႕ေလးေတြပါရင္ နားလည္ေပးေစခ်င္ပါတယ္…
ေနာက္တစ္ခုက သဘက္ ကိစၥပါ…ၾကားဖူးက်မယ္လို႔ေတာ့ ထင္ပါတယ္…သရဲၾကီးရင္သဘက္ဆိုတဲ႔ စကားကိုေပါ့…သရဲ တေစၦအျဖစ္ နွစ္ေပါင္းမ်ားစြာေနလာရာက သရဲမွာ အစြမ္းအစေတြ တိုးလာျခင္းမ်ိဳးပါ…သာမာန္သရဲေတြထက္ ပိုျပီး ေၾကာက္ဖို႔ေကာင္းသလို နိွမ္နင္းဖို႔လည္း ခက္လာတဲ႔ သရဲအမ်ိဳးအစားတစ္မ်ိဳးပါ…လြယ္လြယ္နားလည္ ေအာင္ေျပာရရင္ စီနီယာက်တဲ႔ နွစ္ခ်ိဳ႕သရဲ ဆိုပါေတာ့…
ျခံၾကီးအေၾကာင္းကို ျပန္ဆက္ရရင္…
အဲဒီျခံၾကီးထဲမွာ ေမြးထားတယ္ဆိုတဲ႔ သရဲ၃ေကာင္မွာ အရင္ျခံရွင္ေတြရဲ႕ သမီးသရဲမက လြဲရင္ က်န္တဲ႔ သရဲ၂ေကာင္ဟာ သဘက္အဆင့္အထိ ေရာက္ေနတဲ႔ ဝါရင့္သရဲေတြျဖစ္ေနက်ပါျပီ…နွစ္ေပါင္းမ်ားစြာ ေမြးျမဴလာခဲ႔တယ္ ဆိုပါေတာ့…သရဲေမြးတဲ႔ ျခံရွင္ေတြက ေျပာင္းသြားျပီး က်ေနာ္တို႔ သူငယ္ခ်င္း အဖြားျဖစ္သူေတြ လက္ထက္က်ေတာ့ နွင္ထုတ္လို႔မရေတာ့တာေၾကာင့္ ဆက္ျပီးေမြးထားရပါတယ္…၁၅ရက္ တစ္ခါ အမဲသား ၃ပိႆေကြ်းရတယ္လို႔လည္း သူငယ္ခ်င္းေျပာျပလို႔ ၾကားဖူးပါတယ္…ျခံၾကီးက က်ယ္လြန္းတာေၾကာင့္ အေစာင့္အျဖစ္ဆက္ျပီး ေမြးထားလိုက္က်တယ္…အိမ္သူအိမ္သားေတြကို မေနွာင့္ယွက္ဖို႔ ေတာင္းပန္ထားျပီး ဆက္ေမြးထားက်တာမ်ိဳးပါ…
ျခံၾကီးက ခန္႔မွန္းေျခ ေဘာလံုးကြင္း ၂ကြင္းစာေလာက္ရွိမယ္ထင္ပါတယ္…ျခံထဲမွာလည္း အိမ္ ၄အိမ္လား ၅အိမ္လား ရွိပါတယ္…ေသခ်ာမမွတ္ေတာ့ပါ…ေရတြင္းေတြ လည္း ၂တြင္း ၃တြင္းေလာက္ ရွိပါတယ္…အိမ္ေတြ ၄၊၅ အိမ္ေလာက္ရွိေနတာေတာင္ ေနရာအလြတ္ေတြ အမ်ားၾကီးရွိေနျပီး ျခံၾကီးဟာ အေရွ႕ဘက္ တာလမ္းမၾကီးကေန အေနာက္ဖက္ ေဆးရံုဘက္ကို သြားတဲ႔ လမ္းအထိေပါက္ပါတယ္…ျဖတ္လမ္းတစ္ခုလို ျဖစ္ေနေပမယ့္ ျဖတ္သြားတဲ႔ သူနည္းပါတယ္…အမွန္က မသြားရဲက်လို႔ပါ…အိမ္သားေတြနဲ႔ လယ္စာရင္း ငွားလာလုပ္သူေတြကို မေျခာက္လွန္႔ဖို႔ သရဲေတြကို ေျပာထားေပမယ့္…တခ်ိဳ႕ အေျခာက္ခံရတဲ႔ အိမ္သားေတြနဲ႔ စာရင္းငွား တစ္ခ်ိဳ႕လည္း သရဲအေျခာက္ခံဖူးက်ပါတယ္…သူတို႔ကိုေတာ့ဆိုးဆိုးဝါးဝါးေျခာက္တာမ်ိဳးမဟုတ္ပဲ က်ီစယ္ယံု သက္သက္ စျပီး ေျခာက္တာမ်ိဳးပါ…သူငယ္ခ်င္းျဖစ္သူရဲ႕ အကို အရက္မူးျပီး ေကာက္ရိုးပံုေပၚ တက္အိပ္မိရာက မနက္လင္းေတာ့ ခါးမွာ ဝတ္ထားတဲ႔ ပုဆိုးေပ်ာက္ေနတာ သိရလို႔ အိမ္ျပန္ ေျပးရင္း အိမ္တံခါးကို ေခါက္ေတာ့ အိမ္သားေတြနိုးလာျပီး မီးဖြင့္မယ္ လုပ္ေတာ့ မီးမဖြင့္နဲ႔ မီးမဖြင့္နဲ႔ ငါ့ကို ပုဆိုးတစ္ထည္ ျမန္ျမန္ေပးဆိုျပီး ပုဆိုးေတာင္းဝတ္ရတယ္တဲ႔…မီးဖြင့္လို႔ကလည္း မျဖစ္ဘူးေလ…သူ႔မွာက ပုဆိုးမွ မပါတာ… မနက္မိုးလင္းေတာ့မွ ပုဆိုးလိုက္ရွာေတာ့ ပုဆိုးက ဝါးရံုပင္ေပၚေရာက္ေနတာ ေတြ႔ရတယ္ဆိုတဲ႔ ကိစၥကလည္း က်ေနာ္တို႔ ငယ္ငယ္က အေတာ္ေလးနာမည္ၾကီးခဲ႕တဲ႔ အျဖစ္တစ္ခုပါ…
မူးျပီး ေကာက္ရိုးပံုေပၚအိပ္မိသူ တစ္ျခားလူေတြလည္း အဲလိုျဖစ္ဖူးက်တယ္ ဆိုတာ အဲဒီအခ်ိန္က်မွ သိက်ရပါတယ္…ဘယ္သူမွ ေနာက္ထပ္ မအိပ္ရဲေတာ့ပါဘူး…
စာေရးသူ ငယ္သူငယ္ခ်င္း ေျပာျပတဲ႔ သူအေျခာက္ခံရတဲ႔အေၾကာင္းကေတာ့…
••••••••
အဲဒီေန႔က ငါ …သူရနိုင္တို႔ အိမ္ဘက္ကို သြားလည္ျပီးျပန္ေတာ့ ေနာက္က်ေနတယ္…အခ်ိန္က ည ၁၂နာရီထိုးေနျပီ…သူရနိင္တို႔ အိမ္က သၤခ်ိဳင္းကုန္းနားမွာဆိုေတာ့ …ျပန္ေတာ့ သၤခ်ိဳင္းကုန္းနားက ျဖတ္ျပန္ရတယ္…သၤခ်ိဳင္းကုန္းနားက ျဖတ္ျပန္တာ မေၾကာက္ေပမယ့္ ငါ့ျခံငါျပန္ဝင္ရမွာေတာ့ လန္႔ေနမိတယ္…ဟိုတေလာကမွ ငါ့အေဖက ေျပာထားတာ ''မင္း အခ်ိန္မရွိမွ ျပန္ျပန္လာတာ ဘယ္ေန႔ သရဲနဲ႔ ေတြ႔မလဲ မသိဘူး'' တဲ႔…အေဖေျပာတုန္းက ျပန္ေတာင္ေနာက္လိုက္ေသးတယ္…သရဲေတြေနတာက ျခံအေနာက္ဖက္မွာ သားတို႔ အေရွ႕ဘက္ကို မလာပါဘူးဆိုျပီး ''…မ်က္နွာပါ ေျပာင္လုိက္ေသးတယ္…
ဒါေပမယ့္ အဲဒီညက ျပန္လာေတာ့ အေဖေျပာတာကို ျပန္ၾကားေယာင္ျပီး ျခံနားေရာက္ေလ လန္႔ေလ ျဖစ္ေနတယ္…ျခံထဲကို ဝင္တဲ႔ လမ္းအတိုင္းေၾကာက္ေၾကာက္နဲ႔ ေလွ်ာက္လာတုန္း ျခံေပါက္ဝမွာ မိန္းမတစ္ေယာက္ ရပ္ေနတာ လွမ္းျမင္လိုက္တယ္…ငါထင္လိုက္တာက ငါ့အေမ ငါအျပန္ေနာက္က်လို႔ ခါတိုင္းလို ထြက္ေစာင့္ေနတယ္ ထင္လိုက္တာ…အရင္ကလည္း ေစာင့္ေနက်ေလ…စိတ္ထဲမွာေတာ့ သိပ္မသကၤာတာနဲ႔ ငါလည္း ခဲတစ္လံုးေကာက္ျပီး ထပ္ေလွ်ာက္လာလိုက္တယ္…အဲဒီညက လျပည့္ည…ဆိုေတာ့ လေရာင္ေအာက္မွာ အဲဒီ မိန္းမကို အတိုင္းသားျမင္ေနရတယ္…ငါလည္း ခပ္လွမ္းလွမ္းေရာက္လာေရာ…အဲဒီမိန္းမက ေၾကာခိုင္းျပီး ျခံထဲဝင္သြားတာေတြ႔လိုက္တယ္…သူသြားတာက ေလထဲမွာ သစ္ရြက္တစ္ရြက္လြင့္သြားသလိုကို သြားေနတာ…အဲဒီအခ်ိန္ထိ သရဲေျခာက္ေနတယ္ဆိုတာ ငါလည္း သေဘာမေပါက္ေသးဘူး…ငါ့ အေမပဲ ထင္ျပီး ေမေမလို႔ေတာင္ ေခၚလိုက္ေသးတယ္…သူနဲ႔ ငါ သိပ္မေဝးေတာ့တာေၾကာင့္ ငါေခၚတာ သူၾကားတယ္…ဒါေပမယ့္ ျပန္မထူးဘူး…ထပ္ေခၚလည္း မထူးဘူး…
ငါလည္း လန္႔ျပီး ေအာ္လိုက္မိတယ္…''ေဟ့ ဘယ္သူလည္း ရပ္စမ္း… မရပ္ရင္ ခဲနဲ႔ ထုလိုက္မယ္…''
ငါလည္း ေအာ္လိုက္ေရာ…အဲဒီ မိန္းမက ရပ္သြားျပီး ငါ့ဘက္လွည့္လာတယ္…သူလွည့္လာတာကိုျမင္ေတာ့ ငါလည္း ရပ္ၾကည့္ေနမိတယ္…အဲဒီ မိန္းမမ်က္နွာက ေျဗာင္ၾကီး မ်က္လံုး နွာေခါင္း ပါးစပ္ ဘာတစ္ခုမွ မပါဘူး…သူ႔မ်က္နွာၾကီးျမင္ျပီး ခဲနဲ႔ ထုဖို႔ေနေနသာသာ လန္႔ျပီး ထေအာ္ျပီးေျပးတာ ဘယ္ေျပးတယ္ ထင္လဲ…အဲဒီသရဲမ ရပ္ေနတဲ႔ ဘက္တည့္တည့္ၾကီးကို မ်က္စိမွိတ္ျပီး ေအာ္ရင္းေျပးတာ…''ေဖၾကီး ေမၾကီး ကယ္ပါအံုး…သရဲေျခာက္ေနလို႔ ''ဆိုျပီး အသံကုန္ဟစ္ျပီး ေအာ္ေျပးတာ အိမ္က တစ္အိမ္လံုး ငါ့အသံၾကားျပီး လန္႔နိုးကုန္က်တယ္…
အဲဒီညက စျပီး လန္႔ဖ်ားဖ်ားတာ ၇ရက္ေလာက္ၾကာသြားတယ္…ကြ…
ညဘက္ဆို ဘယ္မွလည္း မထြက္ရဲေတာ့ဘူး…ငါ့မိဘေတြကေတာ့ ငါ့ကိုေျခာက္တဲ႔ သရဲမကို ေက်းဇူးေတြတင္ေနက်တာ…ငါ လိမ္မာသြားလို႔တဲ႔ေလ… ''အမွန္က လိမ္မာတာ မဟုတ္ဘူး…သရဲေၾကာက္လို႔ ညမထြက္ရဲေတာ့တာ … tongue emoticon
############################
ၿပီးပါၿပီ......
မရဏ ဖြား...akm
__________________________________________________________________________
#Unicode
စာရေးသူရဲ့ဇာတိဖြစ်တဲ့ ကနောင်မြို့က စာရေးသူ အဖွားတို့ အိမ်နဲ့ သုံးအိမ်ကျော်မှာ ရှိတဲ့ ခြံကြီးမှာ သရဲမွေးထားတယ်ဆိုတာ စာရေးသူ ငယ်စဉ် ကနောင်မြို့မှာ နေခဲ့စဉ်တည်းက ကြားဖူးခဲ့ပါတယ်…အဲဒီခြံက အရမ်းကို ကျယ်ပါတယ်…စာရေးသူ မိဘတွေက အဲဒီခြံကြီးထဲကို သွားမကစားဖို့ အမြဲလိုလိုပြောပေမယ့်…ကလေးသဘာဝ လစ်ရင် တစ်ခါတလေ သွားဆော့ဖြစ်ခဲ့ပါတယ်…အဲဒီခြံကြီးထဲမှာက စာရေးသူရဲ့ သူငယ်ချင်းတစ်ယောက်ရယ် စာရေးသူရဲ့ အကိုရဲဲ့ သူငယ်ချင်းတစ်ယောက်ပါနေကျတယ်…အဲဒီခြံကြီးမှာ သရဲေ့ခြာက်တယ် အစိမ်းပက်တယ်ဆိုတဲ့ သတင်းတွေကလည်း ခဏခဏ ကြားနေကျပါ…ကလေးဆိုတော့ ကြောက်ရမှန်းမသိသေးဘူးလေ…တစ်ခါတလေ လူကြီးတွေလစ်ရင် သွားဆော့ဖြစ်ပါတယ်…
အဲဒီခြံကြီးထဲကို ညမိုးချုပ်မပြောနဲ့ ညနေ နေစောင်းချိန်ဆိုရင်တောင် အပြင်လူ ဘယ်သူမှ ဖြတ်မသွားရဲအောင်ကို ခြောက်လှန့်တယ်လို့ နာမည်ကြီးပါတယ်…
ဘာရွယ်ရွယ်ချက်ကြောင့် သရဲမွေးတာလည်းဆိုတာတော့ သေချာမသိပေမယ့် လူကြီးတွေရဲ့ အဆိုအရ သူငယ်ချင်းတွေ အဖွားရဲ့ အရင် အဲဒီခြံပိုင်ရှင်တွေ လက်ထက်ကတည်းက သရဲတွေကို ခိုင်းစားဖို့ မွေးခဲ့တာလို့ သိရပါတယ်…မွေးထားတဲ့ သရဲတွေက ၃ကောင်ပါ…သုံးကောင်ထဲက တစ်ကောင်ကတော့ အဲဒီခြံကြီးရဲ့ အရင်ပိုင်ရှင်ရဲ့ သမီးလို့လည်း သိရပါတယ်…အဲဒီ ခြံရှင်ရဲ့ သမီးက မြစ်ထဲမှာ ရေနစ်သေသွားတာကို သူတို့ခြံထဲ ပြန်ခေါ်ပြီး မွေးထားတာလို့သိတဲ့ လူတွေက ပြောပြကျပါတယ်…ကျန်တဲ့ ၂ကောင်က သဘက်တွေပါတဲ့…
ဒီနေရာမှာ နည်းနည်းလောက်ရှင်းပြပါ့မယ်…အစိမ်းပက်တယ်ဆိုတာ သိတဲ့ သူလည်း ရှိသလို မသိသေးတဲ့ သူတွေများမယ်လို့ ထင်ပါတယ်…ကျနော် စာတွေရေးနေဖတ်နေတဲ့ သူတောင် သရဲစာတော်တော်များများမှာ အစိမ်းပက်တယ်ဆိုတာကို မဖတ်ဖူးခဲ့ပါဘူး…တနေ့ကမှ gpထဲမှာ မန်ဘာတစ်ယောက်ရေးတာကို တွေ့လိုက်ရပါတယ်…သရဲအကြောင်းတော်တော်များများဖတ်ဖူးပေမယ့် အစိမ်းပက်တယ်ဆိုတာကို မတွေ့ရလို့ အစက ကျနော်တို့ အရပ်က အခေါ်အဝေါ်တစ်ခုပဲ ဖြစ်မယ်…သူများတွေ မသိလောက်ဖူးလို့ ထင်ခဲ့ပါသေးတယ်…
အစိမ်းပက်တယ်ဆိုတဲ့ အကြောင်းကို စာရေးသူ သိသလောက်ပြောပြရရင်…သရဲ တစ္ဆေတွေက သူတို့နေတဲ့ နေရာနားကို လာတာ ဖြတ်သွားဖြတ်လာလုပ်တာကို မကြိုက်လို့ လှန့်တာ ခြောက်တာနဲ့ ဝင်ပူးတာမျိုးပါ…အဲလို အစိမ်းပက်ခံရပြီဆိုရင် ခံရတဲ့ သူဟာ ကြက်သီးတွေထလာတာ…ခေါင်းတွေကြီးသွားသလို ခံစားရတာတွေ ဖြစ်ပြီး လန့်ဖျားဖျားတာတွေ ဖြစ်တတ်ပါတယ်…အကောင်အထည်ကို ပြတာရှိသလို အကောင်အထည်မမြင်ရပဲ …စိတ်ထဲက သူ့အလိုလိုကြောက်လန့်အောင် လုပ်လွှတ်ခံရတာမျိုးပါ…အသည်းငယ်သူတွေဆို ဖျားတောင်ဖျားတတ်ပါတယ်…ကံနိမ့်မှလည်း အဲလို အစိမ်းပက်ခံရတာမျိုးပါ…ခြုံပြောရရင်တော့ သရဲက ပြုစားခြောက်လှန့်လိုက်တာမျိုးတွေထဲက တစ်မျိုးကို အရပ်ဒေသအခေါ် အဝေါ်လိုက်ပြီး အစိမ်းပက်တယ်လို့ ခေါ်ဝေါ်ကျတာပါ…စာရေးသူ သိသလောက် ရှင်းပြခြင်းဖြစ်တဲ့ အတွက် လွဲချော်မှု့ လိုအပ်မှု့လေးတွေပါရင် နားလည်ပေးစေချင်ပါတယ်…
နောက်တစ်ခုက သဘက် ကိစ္စပါ…ကြားဖူးကျမယ်လို့တော့ ထင်ပါတယ်…သရဲကြီးရင်သဘက်ဆိုတဲ့ စကားကိုပေါ့…သရဲ တစ္ဆေအဖြစ် နှစ်ပေါင်းများစွာနေလာရာက သရဲမှာ အစွမ်းအစတွေ တိုးလာခြင်းမျိုးပါ…သာမာန်သရဲတွေထက် ပိုပြီး ကြောက်ဖို့ကောင်းသလို နှိမ်နင်းဖို့လည်း ခက်လာတဲ့ သရဲအမျိုးအစားတစ်မျိုးပါ…လွယ်လွယ်နားလည် အောင်ပြောရရင် စီနီယာကျတဲ့ နှစ်ချို့သရဲ ဆိုပါတော့…
ခြံကြီးအကြောင်းကို ပြန်ဆက်ရရင်…
အဲဒီခြံကြီးထဲမှာ မွေးထားတယ်ဆိုတဲ့ သရဲ၃ကောင်မှာ အရင်ခြံရှင်တွေရဲ့ သမီးသရဲမက လွဲရင် ကျန်တဲ့ သရဲ၂ကောင်ဟာ သဘက်အဆင့်အထိ ရောက်နေတဲ့ ဝါရင့်သရဲတွေဖြစ်နေကျပါပြီ…နှစ်ပေါင်းများစွာ မွေးမြူလာခဲ့တယ် ဆိုပါတော့…သရဲမွေးတဲ့ ခြံရှင်တွေက ပြောင်းသွားပြီး ကျနော်တို့ သူငယ်ချင်း အဖွားဖြစ်သူတွေ လက်ထက်ကျတော့ နှင်ထုတ်လို့မရတော့တာကြောင့် ဆက်ပြီးမွေးထားရပါတယ်…၁၅ရက် တစ်ခါ အမဲသား ၃ပိဿကျွေးရတယ်လို့လည်း သူငယ်ချင်းပြောပြလို့ ကြားဖူးပါတယ်…ခြံကြီးက ကျယ်လွန်းတာကြောင့် အစောင့်အဖြစ်ဆက်ပြီး မွေးထားလိုက်ကျတယ်…အိမ်သူအိမ်သားတွေကို မနှောင့်ယှက်ဖို့ တောင်းပန်ထားပြီး ဆက်မွေးထားကျတာမျိုးပါ…
ခြံကြီးက ခန့်မှန်းခြေ ဘောလုံးကွင်း ၂ကွင်းစာလောက်ရှိမယ်ထင်ပါတယ်…ခြံထဲမှာလည်း အိမ် ၄အိမ်လား ၅အိမ်လား ရှိပါတယ်…သေချာမမှတ်တော့ပါ…ရေတွင်းတွေ လည်း ၂တွင်း ၃တွင်းလောက် ရှိပါတယ်…အိမ်တွေ ၄၊၅ အိမ်လောက်ရှိနေတာတောင် နေရာအလွတ်တွေ အများကြီးရှိနေပြီး ခြံကြီးဟာ အရှေ့ဘက် တာလမ်းမကြီးကနေ အနောက်ဖက် ဆေးရုံဘက်ကို သွားတဲ့ လမ်းအထိပေါက်ပါတယ်…ဖြတ်လမ်းတစ်ခုလို ဖြစ်နေပေမယ့် ဖြတ်သွားတဲ့ သူနည်းပါတယ်…အမှန်က မသွားရဲကျလို့ပါ…အိမ်သားတွေနဲ့ လယ်စာရင်း ငှားလာလုပ်သူတွေကို မခြောက်လှန့်ဖို့ သရဲတွေကို ပြောထားပေမယ့်…တချို့ အခြောက်ခံရတဲ့ အိမ်သားတွေနဲ့ စာရင်းငှား တစ်ချို့လည်း သရဲအခြောက်ခံဖူးကျပါတယ်…သူတို့ကိုတော့ဆိုးဆိုးဝါးဝါးခြောက်တာမျိုးမဟုတ်ပဲ ကျီစယ်ယုံ သက်သက် စပြီး ခြောက်တာမျိုးပါ…သူငယ်ချင်းဖြစ်သူရဲ့ အကို အရက်မူးပြီး ကောက်ရိုးပုံပေါ် တက်အိပ်မိရာက မနက်လင်းတော့ ခါးမှာ ဝတ်ထားတဲ့ ပုဆိုးပျောက်နေတာ သိရလို့ အိမ်ပြန် ပြေးရင်း အိမ်တံခါးကို ခေါက်တော့ အိမ်သားတွေနိုးလာပြီး မီးဖွင့်မယ် လုပ်တော့ မီးမဖွင့်နဲ့ မီးမဖွင့်နဲ့ ငါ့ကို ပုဆိုးတစ်ထည် မြန်မြန်ပေးဆိုပြီး ပုဆိုးတောင်းဝတ်ရတယ်တဲ့…မီးဖွင့်လို့ကလည်း မဖြစ်ဘူးလေ…သူ့မှာက ပုဆိုးမှ မပါတာ… မနက်မိုးလင်းတော့မှ ပုဆိုးလိုက်ရှာတော့ ပုဆိုးက ဝါးရုံပင်ပေါ်ရောက်နေတာ တွေ့ရတယ်ဆိုတဲ့ ကိစ္စကလည်း ကျနော်တို့ ငယ်ငယ်က အတော်လေးနာမည်ကြီးခဲ့တဲ့ အဖြစ်တစ်ခုပါ…
မူးပြီး ကောက်ရိုးပုံပေါ်အိပ်မိသူ တစ်ခြားလူတွေလည်း အဲလိုဖြစ်ဖူးကျတယ် ဆိုတာ အဲဒီအချိန်ကျမှ သိကျရပါတယ်…ဘယ်သူမှ နောက်ထပ် မအိပ်ရဲတော့ပါဘူး…
စာရေးသူ ငယ်သူငယ်ချင်း ပြောပြတဲ့ သူအခြောက်ခံရတဲ့အကြောင်းကတော့…
••••••••
အဲဒီနေ့က ငါ …သူရနိုင်တို့ အိမ်ဘက်ကို သွားလည်ပြီးပြန်တော့ နောက်ကျနေတယ်…အချိန်က ည ၁၂နာရီထိုးနေပြီ…သူရနိင်တို့ အိမ်က င်္သချိုင်းကုန်းနားမှာဆိုတော့ …ပြန်တော့ င်္သချိုင်းကုန်းနားက ဖြတ်ပြန်ရတယ်…င်္သချိုင်းကုန်းနားက ဖြတ်ပြန်တာ မကြောက်ပေမယ့် ငါ့ခြံငါပြန်ဝင်ရမှာတော့ လန့်နေမိတယ်…ဟိုတလောကမှ ငါ့အဖေက ပြောထားတာ ''မင်း အချိန်မရှိမှ ပြန်ပြန်လာတာ ဘယ်နေ့ သရဲနဲ့ တွေ့မလဲ မသိဘူး'' တဲ့…အဖေပြောတုန်းက ပြန်တောင်နောက်လိုက်သေးတယ်…သရဲတွေနေတာက ခြံအနောက်ဖက်မှာ သားတို့ အရှေ့ဘက်ကို မလာပါဘူးဆိုပြီး ''…မျက်နှာပါ ပြောင်လိုက်သေးတယ်…
ဒါပေမယ့် အဲဒီညက ပြန်လာတော့ အဖေပြောတာကို ပြန်ကြားယောင်ပြီး ခြံနားရောက်လေ လန့်လေ ဖြစ်နေတယ်…ခြံထဲကို ဝင်တဲ့ လမ်းအတိုင်းကြောက်ကြောက်နဲ့ လျှောက်လာတုန်း ခြံပေါက်ဝမှာ မိန်းမတစ်ယောက် ရပ်နေတာ လှမ်းမြင်လိုက်တယ်…ငါထင်လိုက်တာက ငါ့အမေ ငါအပြန်နောက်ကျလို့ ခါတိုင်းလို ထွက်စောင့်နေတယ် ထင်လိုက်တာ…အရင်ကလည်း စောင့်နေကျလေ…စိတ်ထဲမှာတော့ သိပ်မသင်္ကာတာနဲ့ ငါလည်း ခဲတစ်လုံးကောက်ပြီး ထပ်လျှောက်လာလိုက်တယ်…အဲဒီညက လပြည့်ည…ဆိုတော့ လရောင်အောက်မှာ အဲဒီ မိန်းမကို အတိုင်းသားမြင်နေရတယ်…ငါလည်း ခပ်လှမ်းလှမ်းရောက်လာရော…အဲဒီမိန်းမက ကြောခိုင်းပြီး ခြံထဲဝင်သွားတာတွေ့လိုက်တယ်…သူသွားတာက လေထဲမှာ သစ်ရွက်တစ်ရွက်လွင့်သွားသလိုကို သွားနေတာ…အဲဒီအချိန်ထိ သရဲခြောက်နေတယ်ဆိုတာ ငါလည်း သဘောမပေါက်သေးဘူး…ငါ့ အမေပဲ ထင်ပြီး မေမေလို့တောင် ခေါ်လိုက်သေးတယ်…သူနဲ့ ငါ သိပ်မဝေးတော့တာကြောင့် ငါခေါ်တာ သူကြားတယ်…ဒါပေမယ့် ပြန်မထူးဘူး…ထပ်ခေါ်လည်း မထူးဘူး…
ငါလည်း လန့်ပြီး အော်လိုက်မိတယ်…''ဟေ့ ဘယ်သူလည်း ရပ်စမ်း… မရပ်ရင် ခဲနဲ့ ထုလိုက်မယ်…''
ငါလည်း အော်လိုက်ရော…အဲဒီ မိန်းမက ရပ်သွားပြီး ငါ့ဘက်လှည့်လာတယ်…သူလှည့်လာတာကိုမြင်တော့ ငါလည်း ရပ်ကြည့်နေမိတယ်…အဲဒီ မိန်းမမျက်နှာက ဗြောင်ကြီး မျက်လုံး နှာခေါင်း ပါးစပ် ဘာတစ်ခုမှ မပါဘူး…သူ့မျက်နှာကြီးမြင်ပြီး ခဲနဲ့ ထုဖို့နေနေသာသာ လန့်ပြီး ထအော်ပြီးပြေးတာ ဘယ်ပြေးတယ် ထင်လဲ…အဲဒီသရဲမ ရပ်နေတဲ့ ဘက်တည့်တည့်ကြီးကို မျက်စိမှိတ်ပြီး အော်ရင်းပြေးတာ…''ဖေကြီး မေကြီး ကယ်ပါအုံး…သရဲခြောက်နေလို့ ''ဆိုပြီး အသံကုန်ဟစ်ပြီး အော်ပြေးတာ အိမ်က တစ်အိမ်လုံး ငါ့အသံကြားပြီး လန့်နိုးကုန်ကျတယ်…
အဲဒီညက စပြီး လန့်ဖျားဖျားတာ ရရက်လောက်ကြာသွားတယ်…ကွ…
ညဘက်ဆို ဘယ်မှလည်း မထွက်ရဲတော့ဘူး…ငါ့မိဘတွေကတော့ ငါ့ကိုခြောက်တဲ့ သရဲမကို ကျေးဇူးတွေတင်နေကျတာ…ငါ လိမ်မာသွားလို့တဲ့လေ… ''အမှန်က လိမ်မာတာ မဟုတ်ဘူး…သရဲကြောက်လို့ ညမထွက်ရဲတော့တာ … tongue emoticon
############################
ပြီးပါပြီ......
မရဏ ဖွား...akm