Update News
recent

အီးစီစာခ်ဳပ္အသစ္ အတည္မျပဳႏုိင္ေသး၍ အလုပ္ရွင္၊ အလုပ္သမားညိႇႏိႈင္းၿပီး ယာယီစာခ်ဳပ္ခ်ဳပ္ေနရ


#Zawgyi
အလုပ္ခန္႔ထားမႈဆုိင္ရာ သေဘာတူစာခ်ဳပ္ (အီးစီ)အသစ္ အတည္မျပဳႏုိင္ေသးသျဖင့္ အ လုပ္ရွင္အလုပ္သမား ညိႇႏိႈင္းကာ ႏွစ္ဖက္အဆင္ေျပမည့္ အခ်က္ မ်ား ထည့္သြင္း၍ စာခ်ဳပ္ယာယီ ခ်ဳပ္ဆိုမႈမ်ား ျပဳလုပ္လာၾက ေၾကာင္း သတင္းရရွိသည္။


အီးစီစာခ်ဳပ္ကုိ ျပင္ဆင္ ခ်က္မ်ားထည့္သြင္းထားေသာ စာ ခ်ဳပ္ပံုစံအသစ္ ျပ႒ာန္းႏုိင္ရန္ ၾကန္႔ၾကာမႈမ်ားရွိေန၍ အလုပ္ရွင္၊အလုပ္သမား အျငင္းပြားမႈမ်ားရွိ လာပါက ေျဖရွင္းႏုိင္ရန္ အစိုးရ က ယခင္ ျဖန္႔ေ၀ေပးထားေသာ စာခ်ဳပ္ပံုစံ၊ အလုပ္ရွင္ဘက္က ေရးဆဲြထားေသာ စာခ်ဳပ္ပံုစံႏွင့္ အလုပ္သမားမ်ားဘက္မွ ေရးဆဲြ ထားေသာ စာခ်ဳပ္ပံုစံမ်ားအနက္ ႏွစ္ဖက္လက္ခံႏုိင္သည့္အခ်က္ မ်ားကို ညိႇႏိႈင္းရယူ၍ ခ်ဳပ္ဆုိေန ၾကျခင္းျဖစ္သည္ဟု ျမန္မာႏုိင္ငံ စက္မႈလက္မႈႏွင့္ ၀န္ေဆာင္မႈလုပ္ ငန္းေပါင္းစံု အလုပ္သမားသမဂၢ မ်ားအဖဲြ႕ခ်ဳပ္ (MICS) မွ အေထြ ေထြအတြင္းေရးမွဴး ဦးေအာင္သူ က ေျပာသည္။

‘‘အစိုးရကလည္း အခုလို ခ်ဳပ္ဆုိတာကို လက္ခံေပးထား တယ္။ အခုၾကားကာလမွာ အီးစီ စာခ်ဳပ္ခ်ဳပ္ဆိုတဲ့ လုပ္ငန္းစဥ္ ေတြဆက္ရွိေနေသးတယ္ဆုိေပ မယ့္ အေရအတြက္ကေတာ့ ေတာ္ေတာ္နည္းပါေသးတယ္။ တခ်ိဳ႕ေတြကေတာ့ အစိုးရက အ တည္ျပဳေပးမယ့္ စာခ်ဳပ္ပံုစံအ သစ္ထြက္လာမွ စာခ်ဳပ္ခ်ဳပ္မယ္ ဆုိၿပီး ေစာင့္ေနၾကတာေပါ့’’ဟု ၎က ေျပာသည္။

အီးစီစာခ်ဳပ္ပံုစံအသစ္ အ တည္မျပဳႏုိင္မီကာလအတြင္း အ လုပ္ရွင္၊ အလုပ္သမား အျငင္း ပြားမႈမ်ားျဖစ္ေပၚလာပါက ေျဖ ရွင္းႏုိင္ရန္ ယာယီစာခ်ဳပ္ခ်ဳပ္ဆိုမႈ ကို ခြင့္ျပဳေပးထားၿပီး အတည္ျပဳ ၿပီး စာခ်ဳပ္ပံုစံအသစ္ထြက္လာပါ က ၎တုိ႔သေဘာအရ ျပန္လည္ ခ်ဳပ္ဆုိႏုိင္သည္ဟု အလုပ္သမား ၫႊန္ၾကားမႈဦးစီးဌာန တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

အီးစီစာခ်ဳပ္ပံုစံကုိ ယခင္အ စိုးရက ၂၀၁၅ စက္တင္ဘာက တည္းက ျဖန္႔ေ၀ေပးခဲ့ေသာ္လည္း ယင္းစာခ်ဳပ္ပံုစံပါ အခ်က္အလက္ မ်ားမွာ အေသးစိတ္ဆန္၍ ဥပေဒ ကိုးကားခ်က္မ်ားႏွင့္ အဓိပၸာယ္ ဖြင့္ဆုိရခက္သည့္ အသံုးအႏႈန္း မ်ားပါ၀င္ေနကာ စာခ်ဳပ္စာမ်က္ ႏွာမွာလည္း မ်ားလြန္းသည့္အ တြက္ ျပင္ဆင္ခ်က္အခ်ိဳ႕ ထည့္ သြင္းၿပီး သေဘာေပါက္လြယ္ ေအာင္ ေျပာင္းလဲရန္ အလုပ္ သမား၊ အလုပ္ရွင္ႏွင့္ ႏွစ္ဖက္ စလံုးက ေတာင္းဆုိခဲ့ၾက၍ ျပန္ လည္ျပင္ဆင္ေနျခင္းျဖစ္သည္။

ထိုသုိ႔စာခ်ဳပ္ပံုစံအသစ္ အ သံုးျပဳႏုိင္ရန္ အလုပ္ရွင္၊ အလုပ္ သမား ႏွစ္ဖက္ေတြ႕ဆံုေဆြးေႏြး၍ သေဘာတူညီခ်က္ ရရွိေရး လုပ္ေဆာင္ရန္ အစိုးရက လမ္းၫႊန္ထားၿပီး သေဘာတူညီခ်က္ရရွိပါက အတည္ျပဳေပးမည္ဟု သတင္းထုတ္ျပန္ခဲ့သည္။

သို႔ေသာ္ အလုပ္ရွင္၊အလုပ္ သမားႏွင့္ ႏွစ္ဖက္ေတြ႕ဆံုေဆြး ေႏြးမႈမ်ားမွာ ၂၀၁၆ ဇန္န၀ါရီက တည္းက စတင္ခဲ့ေသာ္လည္း ယခုအခ်ိန္အထိ ညိႇႏိႈင္းမႈမ်ား မ ၿပီးျပတ္ေသး၍ အီးစီစာခ်ဳပ္အ သစ္ထြက္ေပၚရန္ ၾကန္႔ ၾကာမႈမ်ား ဆက္လက္ျဖစ္ေပၚေနျခင္းျဖစ္ သည္။
__________________________________________________________________________
#Unicode
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (အီးစီ)အသစ် အတည်မပြုနိုင်သေးသဖြင့် အ လုပ်ရှင်အလုပ်သမား ညှိနှိုင်းကာ နှစ်ဖက်အဆင်ပြေမည့် အချက် များ ထည့်သွင်း၍ စာချုပ်ယာယီ ချုပ်ဆိုမှုများ ပြုလုပ်လာကြ ကြောင်း သတင်းရရှိသည်။


အီးစီစာချုပ်ကို ပြင်ဆင် ချက်များထည့်သွင်းထားသော စာ ချုပ်ပုံစံအသစ် ပြဋ္ဌာန်းနိုင်ရန် ကြန့်ကြာမှုများရှိနေ၍ အလုပ်ရှင်၊အလုပ်သမား အငြင်းပွားမှုများရှိ လာပါက ဖြေရှင်းနိုင်ရန် အစိုးရ က ယခင် ဖြန့်ဝေပေးထားသော စာချုပ်ပုံစံ၊ အလုပ်ရှင်ဘက်က ရေးဆွဲထားသော စာချုပ်ပုံစံနှင့် အလုပ်သမားများဘက်မှ ရေးဆွဲ ထားသော စာချုပ်ပုံစံများအနက် နှစ်ဖက်လက်ခံနိုင်သည့်အချက် များကို ညှိနှိုင်းရယူ၍ ချုပ်ဆိုနေ ကြခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ် ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် (MICS) မှ အထွေ ထွေအတွင်းရေးမှူး ဦးအောင်သူ က ပြောသည်။

‘‘အစိုးရကလည်း အခုလို ချုပ်ဆိုတာကို လက်ခံပေးထား တယ်။ အခုကြားကာလမှာ အီးစီ စာချုပ်ချုပ်ဆိုတဲ့ လုပ်ငန်းစဉ် တွေဆက်ရှိနေသေးတယ်ဆိုပေ မယ့် အရေအတွက်ကတော့ တော်တော်နည်းပါသေးတယ်။ တချို့တွေကတော့ အစိုးရက အ တည်ပြုပေးမယ့် စာချုပ်ပုံစံအ သစ်ထွက်လာမှ စာချုပ်ချုပ်မယ် ဆိုပြီး စောင့်နေကြတာပေါ့’’ဟု ၎င်းက ပြောသည်။

အီးစီစာချုပ်ပုံစံအသစ် အ တည်မပြုနိုင်မီကာလအတွင်း အ လုပ်ရှင်၊ အလုပ်သမား အငြင်း ပွားမှုများဖြစ်ပေါ်လာပါက ဖြေ ရှင်းနိုင်ရန် ယာယီစာချုပ်ချုပ်ဆိုမှု ကို ခွင့်ပြုပေးထားပြီး အတည်ပြု ပြီး စာချုပ်ပုံစံအသစ်ထွက်လာပါ က ၎င်းတို့သဘောအရ ပြန်လည် ချုပ်ဆိုနိုင်သည်ဟု အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အီးစီစာချုပ်ပုံစံကို ယခင်အ စိုးရက ၂၀၁၅ စက်တင်ဘာက တည်းက ဖြန့်ဝေပေးခဲ့သော်လည်း ယင်းစာချုပ်ပုံစံပါ အချက်အလက် များမှာ အသေးစိတ်ဆန်၍ ဥပဒေ ကိုးကားချက်များနှင့် အဓိပ္ပာယ် ဖွင့်ဆိုရခက်သည့် အသုံးအနှုန်း များပါ၀င်နေကာ စာချုပ်စာမျက် နှာမှာလည်း များလွန်းသည့်အ တွက် ပြင်ဆင်ချက်အချို့ ထည့် သွင်းပြီး သဘောပေါက်လွယ် အောင် ပြောင်းလဲရန် အလုပ် သမား၊ အလုပ်ရှင်နှင့် နှစ်ဖက် စလုံးက တောင်းဆိုခဲ့ကြ၍ ပြန် လည်ပြင်ဆင်နေခြင်းဖြစ်သည်။

ထိုသို့စာချုပ်ပုံစံအသစ် အ သုံးပြုနိုင်ရန် အလုပ်ရှင်၊ အလုပ် သမား နှစ်ဖက်တွေ့ဆုံဆွေးနွေး၍ သဘောတူညီချက် ရရှိရေး လုပ်ဆောင်ရန် အစိုးရက လမ်းညွှန်ထားပြီး သဘောတူညီချက်ရရှိပါက အတည်ပြုပေးမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် အလုပ်ရှင်၊အလုပ် သမားနှင့် နှစ်ဖက်တွေ့ဆုံဆွေး နွေးမှုများမှာ ၂၀၁၆ ဇန်နဝါရီက တည်းက စတင်ခဲ့သော်လည်း ယခုအချိန်အထိ ညှိနှိုင်းမှုများ မ ပြီးပြတ်သေး၍ အီးစီစာချုပ်အ သစ်ထွက်ပေါ်ရန် ကြန့် ကြာမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းဖြစ် သည်။
#Credit  7DayDaily
aung  yein chan

aung yein chan

Powered by Blogger.