Video
#Zawgyi
_________________________________________________________________________
#Unicode
လူမြင်ကွင်းမှာ တုတ်နဲ့ရိုက်ပြီး အပြစ်ပေးခဲ့တာဖြစ်ပါတယ်။အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးနဲ့ ချစ်တင်းနှောခဲ့တဲ့ အမျိုးသားတစ်ဦးကို ရွာသားတွေဝိုင်းဝန်အပြစ်ပေးနေပုံဟာ အွန်လိုင်းလူမှုကွန်ယက်မှာ ပျံ့နှံ့လာပါတယ်။ အခြားရွာသားတွေက သူ့ကို ခုံတစ်လုံးပေါ်မှာ ဝမ်းလျားမှောက်ထားစေပြီး သစ်သားတုတ်နဲ့ရိုက်ကာ အပြစ်ပေးနေတာပါ။အဆိုပါ အမျိုးသားဟာ လွတ်မြောက်ဖို့ ကြိုးစားပေမယ့် မလွတ်မြောက်နိုင်ခဲ့ပေမယ့် နာကျင်မှု များစွာနဲ့ မြေကြီးပေါ်သာ ပြုတ်ကျခဲ့တာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ခဲ့ရပါတယ်။ သစ်သားတုတ်တံနဲ့ လေးချက်လောက် ရိုက်ပြီးတဲ့အခါ သူက ရုန်းကန်ဖို့ ကြိုးစားခဲ့ပေမယ့် အခြားသောအမျိုးသားတွေက ချုပ်ထားခဲ့တာကြောင့် မလွတ်မြောက်ခဲ့ပါဘူး။ဗီဒီယိုဖိုင်ထဲမှာတော့ ဘေးကဝိုင်းကြည့်နေသူတွေရဲ့ အသံတွေ ကြားခဲ့ရပြီး အမျိုးသမီးနဲ့ ကလေးတွေရဲ့အသံလည်း ပါဝင်ခဲ့ပါတယ်။ အခြားသော လူတွေအတွက်လည်း နမူနာဖြစ်အောင် အပြစ်ပေးတဲ့ပုံစံအဖြစ် ဗီဒီယိုဖိုင်ထဲမှာ တွေ့ခဲ့ရပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်ဒေသမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့လဲ ဆိုတာကိုတော့အတည်မပြုနိုင်သေးပါဘူး။
#Credit Duwun