-----------
ယခုနှစ် ရာသီတွင် Rennes အသင်းအတွက် ၁၉ ပွဲကစား ၁၀ဂိုးသွင်းယူပြီး ၅ ဂိုးဖန်တီးထားသော ပြင်သစ်လူငယ် ညာတောင်ပံကစားသမား Ousmane Dembele (၁၈နှစ်) က ဘိုင်ယန်အပြောင်းအရွှေ့ပုံပြင်များကို ငြင်းဆိုအပြီး "ကျနော့်သူငယ်ချင်းတွေနဲ့ Playstation ဆော့ရတာကို နှစ်သက်ပါတယ်။ ကျွန်တော်ကစားရင် မန်ယူကို ပဲအမြဲဆော့တယ်" ဟူ၍ ပြောကြားခဲ့သည်။ ယင်းသည် Ligue 1 တွင် အသက်အငယ်ဆုံး ၁၀ဂိုးသွင်းသူအဖြစ် Martial,Henry တို့ကို စံချိန်ချိုးထားသူဖြစ်သည်။ ယင်းအား ယခုနှစ်ရာသီအတွင်း မန်ယူအသင်းမှ ကင်းထောက်များဖြင့် မကြာခဏ ကြည့်ရှု ခိုင်းပြီး Barca မှ ပေါင် ၂၇ သန်းဖြင့် ကမ်းလှမ်းမှုကိုလည်း Rennes မှပယ်ချထားသည်။
#ht
Credit