1. မီးသီး/ဖန္ေခ်ာင္း မလဲရ
ၾသစေတးလွ် ႏုိင္ငံမွာ မီးလုံးျပတ္ေနလုိ႕၊ ဖန္ေခ်ာင္း မလင္းလုိ႕ျဖစ္ျဖစ္ မိမိကုိယ္တုိင္ မီးလုံး လဲလွယ္ခြင့္မရွိပါဘူး။လုိင္စင္ရ လွ်ပ္စစ္အင္ဂ်င္နီယာကို ေခၚၿပီး အလဲခုိင္းရပါတယ္။ ဒီဥပေဒက အမ်ားျပည္သူ လွ်ပ္စစ္အႏၱရာယ္မွ ကင္းေ၀းေစရန္ ရည္ရြယ္တယ္လုိ႕ သိရပါတယ္။2. ဇနီးရဲ႕ ေမြးေန႕ကုိ မေမ့ရ။
ေတာင္ပစိဖိတ္ သမုဒၵရာထဲမွာရွိတဲ့ ဆမ္မုိအာႏုိင္ငံမွာ ႏုိင္ငံမွာ ဇနီးရဲ႕ ေမြးေန႕ကုိ မေမ့ဖုိ႕ ဥပေဒထုတ္ၿပီး သတိေပးထားပါတယ္။ ဇနီးရဲ႕ေမြးေန႕ကုိ ေမ့ရင္ ဥပေဒအရ အေရးယူခံရပါမယ္။3. ေန၀င္ခ်ိန္ သီခ်င္းမဆုိရ။
အေမရိကန္၊ ဟာ၀ိုင္အီ၊ ဟုိႏုိလူလူကၽြန္းမွာ ေန၀င္ခ်ိန္ သီခ်င္းမဆုိဖုိ႕ ဥပေဒအရ တားျမစ္ထားပါတယ္။ ဟုိႏုိလူလူကုိ ပုိက္ဆံေပါလုိမ်ား သြားလည္မိရင္ ေန၀င္ခ်ိန္ လြမ္းေမာစိတ္နဲ႕ သီခ်င္း ေယာင္ဆုိမိရင္ေတာ့ ေဒသႏၱရ ဥပေဒနဲ႕သာ ရင္ဆုိင္ရဖုိ႕ ျပင္ထားေပေတာ့ဗ်ာ။4. ၾကာသပေတးေန႕မွာ အီးမေပါက္ရ
အေမရိကန္ ဖေလာ္ရီဒါျပည္နယ္မွာေတာ့ ၾကာသာပေတးေန႕ ညေန 6 နာရီ ေနာက္ပုိင္းမွာ အမ်ားျပည္သူနဲ႕ ဆုိင္တဲ့ ေနရာေတြမွာ ေလလည္ခြင့္ မရွိပါဘူး။ ဒါဆုိ ဘယ္လုိ လုပ္ရမလဲ ဒါက က်န္းမာေရးေလ ဆုိၿပီး ေစာဒကတက္လုိ႕ မရပါ။ ဥပေဒက ဥပေဒျဖစ္ပါတယ္။5. ညစ္ညမ္းစကားမ်ား မေျပာရ
အေမရိကန္ႏုိင္ငံရဲ႕ အေနာက္ေျမာက္ ပစိဖိတ္ကမ္း႐ုိးတမ္းမွာရွိတဲ့ ေအာ္ရီဂြန္ ျပည္နယ္မွာေတာ့ လိင္နဲ႕ဆက္စပ္တဲ့ ညစ္ညမ္းစကားေတြ မေျပာဖုိ႕ ဥပေဒအရ တားျမစ္ထားပါတယ္။ အဲဒီ ဥပေဒကို လုိက္နာမႈရွိမရွိကုိလည္း လူေတြရဲ႕ အိမ္နဲ႕၊ အစုိးရဌာနအေဆာက္ဦေတြမွာ အားေကာင္းတဲ့ အသံဖမ္းစက္ေတြ ထားရွိတယ္လုိ႕ သိရပါတယ္။6. ႏႈပ္ခမ္းေမြးမရိတ္ဘဲ ပါးစပ္ခ်င္း ေတ့ၿပီး မနမ္းရ
အေမရိကန္ အေနာက္အလယ္ပုိင္း Iowa ျပည္နယ္မွာ အမ်ိဳးသားနဲ႕ အမ်ိဳးသမီးဟာ အမ်ားျပည္သူဆုိင္ရာ ေနရာေတြမွာ အမ်ိဳးသားဟာ ႏႈပ္ခမ္းေမြး ပါးစပ္ခ်င္း ေတ့ၿပီး မနမ္းရပါ။ လူျမင္ကြင္းမွာ နမ္းလုိပါက ႏႈပ္ခမ္းေမြး ေျပာင္စင္ေအာင္ ရိတ္ထားဖုိ႕ လုိအပ္ပါတယ္။7. အမ်ိဳးသမီးမ်ား ကားမေမာင္းရ
ေဆာရီအာေရဗ် မွာေတာ့ အမ်ိဳးသမီးေတြဟာ ကားေမာင္းခြင့္ မရွိပါ။ ဒီဥပေဒကုိ ဆန္႕က်င္တဲ့အေနနဲ႕ ဒါဇင္နဲ႕ ခ်ီတဲ့ အမ်ိဳးသမီးေတြဟာ 1990 မွာ ကားေမာင္းၿပီး ဆႏၵျပခဲ့ၾကလုိ႕ ေထာင္သြင္း အက်ဥ္းခ်ခံခဲ့ရၿပီး ဥပေဒကေတာ့ေျပာင္းလဲမႈ မရွိေသးပါဘူး။8. လူထုနဲ႕ဆုိင္တဲ့ ရုံးခန္းမွာ ဘုရားမဲ့၀ါဒီ မလာရ
အေမရိကန္ႏုိင္ငံမွာရွိတဲ့ ျပည္နယ္(7)ခုမွာေတာ့ အမ်ားျပည္သူနဲ႕ ဆုိင္တဲ့ ႐ုံးခန္းေတြ ဌာနေတြမွာ ဘာသာမဲ့ဘုရားမဲ့ ၀ါဒီေတြ ၀င္ေရာက္ခြင့္ မရွိပါဘူး။ ေတြ႕ရွိပါက အေရးယူခံရပါတယ္။9. သမၼာက်မ္းစာ ယူမလာရ
ေမာ္လ္ဒုိက္မွာ ကမ္းေျခ၊ ပန္းၿခံနဲ႕ အိမ္ျပန္လမ္းမွာ ဖတ္ဖုိ႕ သမၼာက်မ္းစာအုပ္ ယူလာခြင့္ မရွိပါဘူူး။ အထူးသျဖင့္သမၼာက်မ္းစာအုပ္ကို အိမ္မွ အျပင္ကို ယူခြင့္ မရွိပါ။ အိမ္မွာသာ ဖတ္ခြင့္ရွိပါတယ္။10. ခုိစာမေကၽြးရ
ဆန္ဖရန္စစၥကိုမွာ ေဒသခံလူမ်ိဳးေတြဟာ ခုိစာ ေကၽြးခြင့္ မရွိပါဘူး။ ခုိစာေကၽြးရင္ ဥပေဒအရ အေရးယူခံရၿပီးအိမ္ေမြး ငွက္လည္း ေမြးခြင့္ မရွိပါ။#Unicode
ကမ္ဘာ့အနှံ့အပြားမှာ ထူးဆန်းမှုတွေဟာ တစ်နေရာနဲ့ တစ်နေရာ မတူညီပဲ လူတွေကို အံ့သြမှုတွေ ပေးပါတယ်။ အဲဒီလိုပဲ နိုင်ငံ ဒေသနဲ့ ယဉ်ကျေးမှုအရ ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေလည်း ရှိနေပြီး အများအမြင်မှာတော့ အဆိုပါ ဥပဒေတွေဟာ ရယ်ဖွယ်ရာ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်မို့ ထူးထူးဆန်းဆန်း ဥပဒေ (10)ခု အကြောင်းကို ဗဟုသုတအတွက်ဖော်ပြပေးလိုက်ပါတယ်။
1. မီးသီး/ဖန်ချောင်း မလဲရ
သြစတေးလျှ နိုင်ငံမှာ မီးလုံးပြတ်နေလို့၊ ဖန်ချောင်း မလင်းလို့ဖြစ်ဖြစ် မိမိကိုယ်တိုင် မီးလုံး လဲလှယ်ခွင့်မရှိပါဘူး။လိုင်စင်ရ လျှပ်စစ်အင်ဂျင်နီယာကို ခေါ်ပြီး အလဲခိုင်းရပါတယ်။ ဒီဥပဒေက အများပြည်သူ လျှပ်စစ်အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်တယ်လို့ သိရပါတယ်။
2. ဇနီးရဲ့ မွေးနေ့ကို မမေ့ရ။
တောင်ပစိဖိတ် သမုဒ္ဒရာထဲမှာရှိတဲ့ ဆမ်မိုအာနိုင်ငံမှာ နိုင်ငံမှာ ဇနီးရဲ့ မွေးနေ့ကို မမေ့ဖို့ ဥပဒေထုတ်ပြီး သတိပေးထားပါတယ်။ ဇနီးရဲ့မွေးနေ့ကို မေ့ရင် ဥပဒေအရ အရေးယူခံရပါမယ်။
3. နေဝင်ချိန် သီချင်းမဆိုရ။
အမေရိကန်၊ ဟာဝိုင်အီ၊ ဟိုနိုလူလူကျွန်းမှာ နေဝင်ချိန် သီချင်းမဆိုဖို့ ဥပဒေအရ တားမြစ်ထားပါတယ်။ ဟိုနိုလူလူကို ပိုက်ဆံပေါလိုများ သွားလည်မိရင် နေဝင်ချိန် လွမ်းမောစိတ်နဲ့ သီချင်း ယောင်ဆိုမိရင်တော့ ဒေသန္တရ ဥပဒေနဲ့သာ ရင်ဆိုင်ရဖို့ ပြင်ထားပေတော့ဗျာ။
4. ကြာသပတေးနေ့မှာ အီးမပေါက်ရ
အမေရိကန် ဖလော်ရီဒါပြည်နယ်မှာတော့ ကြာသာပတေးနေ့ ညနေ 6 နာရီ နောက်ပိုင်းမှာ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ လေလည်ခွင့် မရှိပါဘူး။ ဒါဆို ဘယ်လို လုပ်ရမလဲ ဒါက ကျန်းမာရေးလေ ဆိုပြီး စောဒကတက်လို့ မရပါ။ ဥပဒေက ဥပဒေဖြစ်ပါတယ်။
5. ညစ်ညမ်းစကားများ မပြောရ
အမေရိကန်နိုင်ငံရဲ့ အနောက်မြောက် ပစိဖိတ်ကမ်းရိုးတမ်းမှာရှိတဲ့ အော်ရီဂွန် ပြည်နယ်မှာတော့ လိင်နဲ့ဆက်စပ်တဲ့ ညစ်ညမ်းစကားတွေ မပြောဖို့ ဥပဒေအရ တားမြစ်ထားပါတယ်။ အဲဒီ ဥပဒေကို လိုက်နာမှုရှိမရှိကိုလည်း လူတွေရဲ့ အိမ်နဲ့၊ အစိုးရဌာနအဆောက်ဦတွေမှာ အားကောင်းတဲ့ အသံဖမ်းစက်တွေ ထားရှိတယ်လို့ သိရပါတယ်။
6. နှုပ်ခမ်းမွေးမရိတ်ဘဲ ပါးစပ်ချင်း တေ့ပြီး မနမ်းရ
အမေရိကန် အနောက်အလယ်ပိုင်း Iowa ပြည်နယ်မှာ အမျိုးသားနဲ့ အမျိုးသမီးဟာ အများပြည်သူဆိုင်ရာ နေရာတွေမှာ အမျိုးသားဟာ နှုပ်ခမ်းမွေး ပါးစပ်ချင်း တေ့ပြီး မနမ်းရပါ။ လူမြင်ကွင်းမှာ နမ်းလိုပါက နှုပ်ခမ်းမွေး ပြောင်စင်အောင် ရိတ်ထားဖို့ လိုအပ်ပါတယ်။
7. အမျိုးသမီးများ ကားမမောင်းရ
ဆောရီအာရေဗျ မှာတော့ အမျိုးသမီးတွေဟာ ကားမောင်းခွင့် မရှိပါ။ ဒီဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ ဒါဇင်နဲ့ ချီတဲ့ အမျိုးသမီးတွေဟာ 1990 မှာ ကားမောင်းပြီး ဆန္ဒပြခဲ့ကြလို့ ထောင်သွင်း အကျဉ်းချခံခဲ့ရပြီး ဥပဒေကတော့ပြောင်းလဲမှု မရှိသေးပါဘူး။
8. လူထုနဲ့ဆိုင်တဲ့ ရုံးခန်းမှာ ဘုရားမဲ့ဝါဒီ မလာရ
အမေရိကန်နိုင်ငံမှာရှိတဲ့ ပြည်နယ်(7)ခုမှာတော့ အများပြည်သူနဲ့ ဆိုင်တဲ့ ရုံးခန်းတွေ ဌာနတွေမှာ ဘာသာမဲ့ဘုရားမဲ့ ၀ါဒီတွေ ၀င်ရောက်ခွင့် မရှိပါဘူး။ တွေ့ရှိပါက အရေးယူခံရပါတယ်။
9. သမ္မာကျမ်းစာ ယူမလာရ
မော်လ်ဒိုက်မှာ ကမ်းခြေ၊ ပန်းခြံနဲ့ အိမ်ပြန်လမ်းမှာ ဖတ်ဖို့ သမ္မာကျမ်းစာအုပ် ယူလာခွင့် မရှိပါဘူူး။ အထူးသဖြင့်သမ္မာကျမ်းစာအုပ်ကို အိမ်မှ အပြင်ကို ယူခွင့် မရှိပါ။ အိမ်မှာသာ ဖတ်ခွင့်ရှိပါတယ်။
10. ခိုစာမကျွေးရ
ဆန်ဖရန်စစ္စကိုမှာ ဒေသခံလူမျိုးတွေဟာ ခိုစာ ကျွေးခွင့် မရှိပါဘူး။ ခိုစာကျွေးရင် ဥပဒေအရ အရေးယူခံရပြီးအိမ်မွေး ငှက်လည်း မွေးခွင့် မရှိပါ။
Credit:ShweMOM