Update News
recent

ရွှေတိဂုံကုန်းတော်ပေါ်တွင် တွေ့မြင်လိုက်ရသည့် ဦးဇင်းမိုးဒီ


နာမည်ကျော် လူရွှင်တော်ဦးမိုးဒီ တစ်ယောက် ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်တွင် စိပ်ပုတီးတစ်ကုံးကိုကိုင်ကာ သင်္ကန်းဝတ်လျှက် မြင်တွေ့ခဲ့ရသည့်ဓာတ်ပုံများ ယနေ့ အွန်လိုင်းထက်တွင် ပြန့်နှံ့လာခဲ့သည်။
ဒုလ္လဘရဟန်း ခဏဝတ်နေသည့် ဦးမိုးဒီကို တွေ့ရတဲ့အခါ ပရိတ်သတ်များက ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဦးမိုးဒီရဲ့မျက်နှာက ပြုံးလျှက်နှင့် မြင်ရသူတို့ကို ရွှင်လန်းစေသည်။
လွန်ခဲ့သောဆယ်စုနှစ် ၃ ခုကျော် ၄ ခုဝန်းကျင် တည်းက ဇာတ်သဘင်လောက၊ လူရွှင်တော်လောက၊ သရုပ်ဆောင်လောက စသည့် အနုပညာနယ်ပယ်များကို ဖြတ်သန်းကာ နာမည်ကြီးလာခဲ့သည့် ပြည်သူချစ် အနုပညာရှင် ဦးမိုးဒီက သာသနာ့ဘောင် ဝင်ရောက်နေသည်ဟု သိရသည်။
တစ်ချိန်က တစ်တိုင်းပြည်လုံး ကလေးရော လူကြီးပါ မသိသူ မရှိခဲ့ကြသည့် မိုးဒီနှင့် မောစ်တို့ လူရွှင်တော်အတွဲဟာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ကြသူများဖြစ်သည။ ကလေးငယ်ငယ် ခပ်ဝဝဆိုလျှင်လည်း မိုးဒီဟု ချစ်စနိုးခေါ်ခဲ့ကြသည်။
ခုတော့ အချိန်ကာလတွေရဲ့ တိုက်စားမှုကြောင့် ပြည်သူချစ် လူရွှင်တော် မောစ့်က ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ သူက ဇာတ်ပို့သရုပ်ဆောင် အကယ်ဒမီဆုကိုလည်း ရရှိခဲ့သည်။
ဦးမိုးဒီဟာ ခုချိန်ထိ အနုပညာလောကတွင် ကျင်လည်ကျက်စားနေဆဲဖြစ်သည်။ လွန်ခဲ့သည့်လက အင်တာဗျူးတစ်ခုတွင် ဦးမိုးဒီက ”ဆေးဖိုးလေး ရအောင် သရုပ်ဆောင်လုပ်နေရသေးတယ်” ဟု ဖြေကြားခဲ့တာကို သိရသည်။
ဦးမိုးဒီက ကျန်မာရေးလည်း လုံးဝအကောင်းကြီးမဟုတ်ပေ။ လွန်ခဲ့သည့်လ များအတွင်းကပဲ ဆေးရုံတက်ခဲ့ရသေးသည်။ ထိုစဉ်က ဦးမိုးဒီ ဆေးရုံတွင်ရှိနေသည့်သတင်းဓာတ်ပုံများ ပြန့်နှံ့သွားပြီး ပရိသတ်များက စိုးရိမ်ခဲ့ကြသေးသည်။
PannPwint
Photos:မီးမီး, Facebook Users

#Pan Pwint
aung  yein chan

aung yein chan

Powered by Blogger.