Update News
recent

ဘောလုံးပွဲအပြီး မြန်မာပရိတ်သတ်တစ်ဦးကို မလေးရှားတို့ ဝိုင်းရိုက်ခဲ့ကြ


မလေးရှားနိုင်ငံတွင် ကျင်းပလျှက်ရှိသည့် အရှေ့တောင်အာရှဘောလုံးပြိုင်ပွဲအဖြစ် မနေ့ သြဂုတ်လ ၂၁ ညပိုင်းက ရှာအလမ် ဘောလုံးကွင်းကြီးအတွင်း မလေးရှားနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ကွင်းပြည့်ကွင်းလျှံ ပရိတ်သတ်အားပေးမှုနှင့်အတူ မလေးရှားအသင်းက မြန်မာအသင်းကို တွန်းတွန်းတိုက်တိုက် ကစားနိုင်ခဲ့ပြီး ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူသွားခဲ့သည်။
အိမ်ရှင်ဘောလုံးပွဲစဉ်ဖြစ်တာနဲ့ အညီ ပရိတ်သတ် ၈ဝဝဝဝ ကျော်ဆံ့သည့်ကွင်းကြီးအပြည့် လူဦးရေသိန်းဂဏန်း ဝန်းကျင် လာရောက်အားပေးခဲ့ကြသည်။ ဒါပေမယ့် ပွဲအပြီးမှာ ပြဿနာတစ်ခုဖြစ်ပွားခဲ့သည်။
မြန်မာဘောလုံးပရိတ်သတ်တစ်ဦး ဝိုင်းတိုက်ခိုက် ခံခဲ့ရသည်ဟု သိရသည်။ ပွဲအပြီး ပြန်ထွက်အလာတွင် မြန်မာပရိတ်သတ် ၃ ဦးပျောက်ဆုံးခဲ့သည်ဟု သိရသည်။ လိုက်ရှာသည့်ဟာ အရိုက်ခံထား၍ သွေးများ ပါးစပ်မှ စီးကျကာ မေ့လဲနေသည့် မြန်မာလူငယ် တစ်ဦးကို တွေ့ခဲ့ကြရသည်။
မြန်မာအသင်း တီရှပ်ဝတ်ထားတာဖြစ်ပြီး လူများကဝိုင်းကြည့်နေခဲ့ကြသည်။ မလေးရှားနိုင်ငံမှ မြန်မာ ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် နှလုံးလှပရဟိတအဖွဲ့မှ ဥက္ကဌ ဦးသက်နှင့် ကာယကံမေတ္တာရှင်အဖွဲ့မှ ကိုမှိုင်းမျိုးဆက်တို့က အခြားမြန်မာလူမျိုးများနှင့်အတူ သွားရောက် ရှာဖွေကူညီခဲ့ကြသည်ဟု သိရသည်။ ဒဏ်ရာရနေသူအား ဆေးရုံသို့ အမြန်ပို့ခဲ့ရသည်ဟုဆိုသည်။
”မလာကာမြို့ ပရဟိတအဖွဲ့ ဓမ္မရတနာရွှေမြန်မာ လူမူ့ကူညီရေးအသင်းမှ
အသင်းသူအသင်းသားအားလုံးက အထူးပဲ ကျေးဇူးတင်ပါသည့်
နှလုံးလှမိသားဆု ကျန်းမာပါစေ” ဟုလည်း ယခုသတင်းကို လူမှုကွန်ယက်တွင် တင်ထားသည့် Kaung Ma Lay အကောင့်ပိုင်ရှင်က ဓာတ်ပုံဗွီဒီယိုဖိုင်များနှင့်တကွ တင်ကာ ရေးသားထားသည်။

(ပျောက်ဆုံး၍ ပြန်တွေ့သူများထဲမှ တစ်ဦး)

ဆီးဂိမ်းအိမ်ရှင်အဖြစ် ကျင်းပနေသည့် မလေးရှားနိုင်ငံသည် အမှားအယွင်းနှင့် အပြစ်တင်ဖွယ်ရာ အချက်များစွာ ထွက်ပေါ်လာခဲ့သည်။
အားကစားသမားများအား အကြိုအပို့ အဆင်ပြေမှုမရှိခြင်း၊
မြန်မာအားကစားသမားအချို့ ကားမတော်တဆမှုရှိခဲ့ခြင်း၊
အင်ဒိုနီးရှားနှင့်မလေးရှား ယှဉ်ပြိုင်သည့် သုံးယောက်ပိုက်ကျော်ခြင်းတွင် မလေးရှားဘက်မှ ဒိုင်ပါသည်ဟုဆိုကာ အင်ဒိုနီးရှားအသင်းက ပွဲကိုရပ်စဲထွက်ခွာသွားခြင်း၊
အင်ဒိုနီးရှားနိုင်ငံအလံကို ဇောက်ထိုး ဖော်ပြခဲ့ခြင်း၊
အချို့ဘောလုံးပွဲစဉ်များ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း၊
ယခုမြန်မာဘောလုံးပရိတ်သတ်တစ်ဦးကို ဝိုင်းဝန်း ရိုက်နှက်ကြခြင်း စသည်ဖြင့် ပြစ်ချက်များစွာရှိနေခဲ့သည်။

 Video ကြည့်ရှုရန်----https://www.facebook.com/alanzayar.kaynglay/videos/900858776731832/
PannPwint
aung  yein chan

aung yein chan

Powered by Blogger.