Update News
recent

ရှားပါးငါးမန်းတွေတင်ဆောင်လာတဲ့ တရုတ်သင်္ဘောကို အီကွေဒေါဖမ်းဆီး


 Galapagos ကျွန်းစုအတွင်းကနေ ရှားပါးငါးမန်းမျိုးစိတ်တွေကို ဖမ်းဆီးလာတာလို့ သံသယရှိတဲ့ တရုတ်ငါးဖမ်းသင်္ဘောတစ်စီးပေါ်က လုပ်သားတွေကို အီကွေဒေါအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ Fu Yuan Yu Leng 999 သင်္ဘောကို ငါးတန်ချိန် ၃၀၀ တင်ဆောင်လာတာတွေ့ရှိရတာဖြစ်ပါတယ်။ အများစုဟာ မျိုးသုဉ်းမှုမှကာကွယ်ဖို့ သတ်မှတ်ထားတဲ့မျိုးစိတ်တွေအပါအဝင် ငါးမန်းတွေဖြစ်တယ်လို့ဆိုပါတယ်။
သင်္ဘောသား ၂၀ ခန့်ဟာ ကာကွယ်စောင့်ရှောက်မှုစာရင်းပါ မျိုးစိတ်တွေကို ကုန်ကူးမှုနဲ့ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ်သုံးနှစ်အထိကျခံရနိုင်ပါတယ်။ Galapagos ကျွန်းစုတွေ ဟာသည်ဧရိယာအတွင်းမှာ ဇီဝမျိုးစိတ်သတ္တဝါတွေပေါများတာကြောင့် အမွေအနှစ်စာရင်းမှာပါဝင်ပါတယ်။ “အားလုံးကို ကန့်သတ်နယ်မြေ ကပဲဖမ်းလာတာမဟုတ်ပေမယ့် ငါးမန်းငယ်လေးတွေ၊ ပေါက်စနလေးတွေတောင် ပါနေတော့ သူတို့တွေကို ကန့်သတ်နယ်မြေထဲကနေပဲရနိုင်တယ်ဆိုတာဖော်ပြနေတယ်။” လို့ ပတ်ဝန်းကျင်ဆိုင်ရ ဝန်ကြီး က ပြောပါတယ်။
သည်စက်လှေဟာ ကန့်သတ်နယ်မြေအတွင်း ဖမ်းမိခဲ့တဲ့အထဲမှာ အကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ၂၁၅ ခုနှစ်က အာရှကိုတင်ပို့ဖို့ ကြံစည်ထားတဲ့ ငါးမန်းတောင်တွေ ၂၀၀၀၀၀ လောက် ဖမ်းမိခဲ့ပါတယ်။
 #Credit KUMUDRA
aung  yein chan

aung yein chan

Powered by Blogger.