ဦးလေဘောရဲ့ အိပ်ရာဝင်ချိန်တိုင်းမှာ ဆုတောင်းမိတာက အိပ်ပျော်နေချိန် ကားတစ်ခုခုဖြစ်ပြီး တဲကိုဝင်မတိုးမိဖို့ပါ။ သည်ဆုတောင်းက ၁၄ နှစ်လောက်အတွင်း သည်အချိန်၊ သည်နေရာရောက်တိုင်း တောင်းတဲ့မပြောင်းလဲတဲ့ ဆုတစ်ခုပါ။
ဦးလေဘောက အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာထဲက ရွှေလေးကွက်သစ် (၁)မှာ နေထိုင်တာပါ။ နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေကြဖြစ်တဲ့ ဝါဆို၊ ဝါခေါင်ရေကြီးကာလရောက်တိုင်း နေထိုင်ရာရပ်ကွက်တွေကိုရေ ဝင်ရောက် လေ့ရှိပါတယ်။ ရေဝင်လာတာနဲ့ မန္တလေးနဲ့ စစ်ကိုင်းကြားက လမ်းမကြီးတွေဘေးက နေရာလွတ်တွေကို ဦးလေဘောတို့လို မိသားစုဝင်တွေရာနဲ့ချီပြီး ပြောင်းရွှေ့နေထိုင် ကြရပါတယ်။ ဝါးလုံးတိုင်၊ မျှောတိုင်တွေနဲ့ ယာယီနေကြဖို့ ဆောက်လုပ်ထားတဲ့တဲအိမ်လေးတွေဟာ လမ်းမကြီးရဲ့ဘေးတစ်လျှောက်မှာတင်မကဘဲ ယာဉ်အသွားလမ်း၊ အပြန်လမ်းခြားနားထားတဲ့ လမ်းနှစ်ခုရဲ့ကြားတွေထဲမှာလည်း အပြည့်နေရာယူထားကြပါတယ်။ အဲသည်ထဲမှာ အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးလေဘောရဲ့တဲအိမ်လေးလည်း အပါအဝင်ပါ။
အိမ်ရှေ့ကလဲ ကားလမ်း၊ အိမ်နောက်ကလဲ ကားလမ်းဆိုတော့ အန္တရာယ်တော့ရှိတယ်၊ ထိန်းထိန်းသိမ်းသိမ်းနေရတာပေါ့လို့ ဦးလေဘောက ပြောပါတယ်။ မြို့ပြရဲ့ပြောင်းလဲလာတဲ့စနစ်တွေကို လက်ခံကျင့်သုံးခဲ့ရတဲ့ ဦးလေဘော က အရင်တုန်းကတော့ မန္တလေးမြို့က အောင်မြေသာစံမြို့နယ်ထဲမှာ ကိုယ့်အိမ်ခြံဝင်းနဲ့ ကိုယ်နေထိုင် ခဲ့တဲ့သူတစ်ယောက်ပါ။ နေထိုင်ရာအိမ်နေရာ ကို ဈေးကောင်းပေးဝယ်ယူသူရှိ လာတဲ့အခါမှာတော့ ရောင်းချပြီး ပြည်ကြီး တံခွန်မြို့နယ်ထဲက ဈေးသက်သာတဲ့နေရာကို ပြန်လည်ဝယ်ယူခဲ့တယ်။ အဲသည်နေရာကိုလည်း ငွေပိုရလို့ရောင်းချခဲ့ တယ်။
နေရာအမျိုးမျိုးပြောင်းကာအဆင်ပြေသလို ရောင်းချလာလိုက်တာဟာ အခုအခါမှာတော့ ရွှေကြက်ယက်ကျေးရွာထဲက ရွှေလေးကွက်သစ်ကို ရောက်ရှိလာခဲ့တာ ၁၄ နှစ်ခန့် ရှိလာပါပြီ။ ဦးလေဘာက စီးပွားရေးအဆင်မပြေတော့ ရောင်းရင်းရောင်းရင်းနဲ့ ဖြစ်သွားတာပေါ့လို့ ပြောပါတယ်။ ရွှေလေးရပ်ကွက်မှာနေထိုင်သူအများစုက တော့ရေတက်လာတာနဲ့ ကိုယ့်အိမ်ကိုသော့ခတ်၊ လိုအပ်တဲ့ပစ္စည်းတွေယူပြီး မန္တလေး – စစ်ကိုင်းလမ်းပေါ်ကိုတက်လာပြီး ပြောင်းရွှေ့နေထိုင်ကြ ရတယ်။ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ အိမ်လည်းအမြင့်ကြီးတွေဆောက်ထားတယ်။ လှေတွေလည်းရှိတဲ့သူတွေကတော့ မပြောင်းကြဘူးလို့ ဆိုပါတယ်။
နှစ်စဉ်ကြုံတွေ့
ရေတက်လာပြီဆိုတာနဲ့ တစ်ပတ်လောက်ကြိုတင်ပြီး တဲဆောက်ပြောင်းဖို့ရွှေ့ဖို့လုပ်ရတာဟာ နှစ်စဉ်လုပ်ငန်းတစ်ခုဖြစ်နေပေမဲ့ လက်လုပ် လက်စားတွေအတွက်တော့ မလွယ်ပါဘူး။ တစ်ခါပြောင်းရွှေ့ရင် ကျပ် ၈၀ဝ၀ အနည်းဆုံး ကနေ ကျပ် ၁၀,ဝ၀ဝ ကျော်အထိကုန်ကျတတ်လို့ တစ်နေ့တာလုပ်အားခမကပါဘူး။ အပေါ်ရောက်လာရင်လည်း တဲဆောက်ဖို့ဝါးတွေ၊ တိုင်တွေဝယ်ကြရလို့ အပြည့်အစုံမဝယ်နိုင်ခင်ကာလမှာတော့ ကြော်ငြာဗီနိုင်းစတွေကိုတဲမှာ ကပ်ပြီး အကာအရံအဖြစ်အသုံးပြုကြရပါတယ်။
ရေတက်လာပြီဆိုတာနဲ့ တစ်ပတ်လောက်ကြိုတင်ပြီး တဲဆောက်ပြောင်းဖို့ရွှေ့ဖို့လုပ်ရတာဟာ နှစ်စဉ်လုပ်ငန်းတစ်ခုဖြစ်နေပေမဲ့ လက်လုပ် လက်စားတွေအတွက်တော့ မလွယ်ပါဘူး။ တစ်ခါပြောင်းရွှေ့ရင် ကျပ် ၈၀ဝ၀ အနည်းဆုံး ကနေ ကျပ် ၁၀,ဝ၀ဝ ကျော်အထိကုန်ကျတတ်လို့ တစ်နေ့တာလုပ်အားခမကပါဘူး။ အပေါ်ရောက်လာရင်လည်း တဲဆောက်ဖို့ဝါးတွေ၊ တိုင်တွေဝယ်ကြရလို့ အပြည့်အစုံမဝယ်နိုင်ခင်ကာလမှာတော့ ကြော်ငြာဗီနိုင်းစတွေကိုတဲမှာ ကပ်ပြီး အကာအရံအဖြစ်အသုံးပြုကြရပါတယ်။
တစ်နေ့ကို ယာဉ်အစီးရေထောင်ချီပြီး ဖြတ်သန်းနေတဲ့ လမ်းဘေးမှာခြောက်လလောက်နေကြရတာဖြစ်လို့ ကလေးငယ်တွေ ယာဉ်အန္တရာယ် မထိခိုက်စေဖို့ကိုလည်း မိဘတွေကမျက်ခြည်မပြတ် စောင့်ကြည့်ကြရပါတယ်။
ကလေးသုံးယောက်မိခင်ဖြစ်တဲ့ မအေးအေးအောင်က ကိုယ့်သားသမီး ကားတိုက်မှာစိုးလို့ လိုက်ထိန်းရတာ၊ တကောက်ကောက်လိုက်ရတာ၊ တစ်ခါတလေ အိမ်ထဲကအိမ်အ ပြင်မထွက်ခိုင်းဘူးလို့ ပြောပါတယ်။
ကလေးသုံးယောက်မိခင်ဖြစ်တဲ့ မအေးအေးအောင်က ကိုယ့်သားသမီး ကားတိုက်မှာစိုးလို့ လိုက်ထိန်းရတာ၊ တကောက်ကောက်လိုက်ရတာ၊ တစ်ခါတလေ အိမ်ထဲကအိမ်အ ပြင်မထွက်ခိုင်းဘူးလို့ ပြောပါတယ်။
၂၄ နာရီမှာယာဉ်မပြတ်တမ်းသွားလာနေကြတဲ့လမ်းဘေးမှာ ယာယီတဲလေးတွေနဲ့ လေမလုံ၊ မိုးမလုံနေနေကြရလို့ ပူပန်မှုတွေများသလို ညပိုင်းမှာ ရေမဝင်ဖို့ကိုလည်းဆုတောင်းကြရပါတယ်။ ‘ရွှေ့ကြ ပြုကြနဲ့ မြွေပါးကင်းပါး နဲ့ကြောက်တာ၊ အရင်နှစ်တွေကဆို ကလေးတွေရေနစ်သေတာရှိတယ်၊ ပစ္စည်းတွေရေတွေထဲပါတယ်လို့ ကြုံတွေ့ဖူးခဲ့တဲ့ အဖြစ်အပျက်ကို မအေးအေးအောင်က ပြောပြပါတယ်။
အရင်နှစ်ကတော့ရေဝင်ရောက်မှုများပြားခဲ့လို့ မန္တလေး- စစ်ကိုင်းလမ်းတွေရေကျော်ခဲ့တာကြောင့် ဆန်၊ ဆီနဲ့ အသုံးအဆောင်ပစ္စည်းတွေ လှူတဲ့အလှူရှင်တွေလည်း ရှိခဲ့ပါတယ်။ ရေတက်လာတဲ့ကာလမှာ နေထိုင်ဖို့ကိုလည်း သူ့နေရာကိုယ့်နေရာသိပြီးဖြစ်ကြလို့ နေရာလုရတဲ့ ပြဿနာမျိုးတော့မရှိကြဘူး။ ရေကျသွားရင်တော့ သည်နေရာမှာဆက်လက်နေထိုင်ခွင့်မရှိကြတော့ပါဘူး။ လျှပ်စစ်မီးကတော့ ည ၇းဝ၀ နာရီကနေ ၁၀း၃၀ နာရီအထိပေးတဲ့ မီးလုံးတစ်လုံးကို တစ်ညကျပ် ၁၀ဝ ပေးပြီးအသုံးပြုကြရပါတယ်။
မန္တလေး – စစ်ကိုင်းလမ်းကိုဖြတ်သန်းသွားလာနေကြရတဲ့သူတွေအတွက်တော့ လမ်းဘေးဝဲယာမှာ တဲတန်းကြီးတွေတွေ့မြင်လိုက်ရတာနဲ့ ရွာတွေထဲကို ရေဝင်နေကြပြီဆိုတာကိုသိကြရတယ်။ တဲတန်းကြီးတွေနားက ဖြတ်သန်း ရတာနဲ့ အန္တရာယ်ကင်းဖို့ ကိုယ်စီးလာတဲ့ယာဉ်တွေကို အရှိန်လျှော့ပြီး သတိထားမောင်းနှင်ကြရတယ်လို့ မန္တလေး – စစ်ကိုင်းလမ်းကို အသုံးပြုသွားလာတဲ့ ယာဉ်မောင်းသူအချို့က ဆိုပါတယ်။ မပြောင်းမရွှေ့နဲ့ ကိုယ့်အိမ်ကိုယ့်ယာ မှာ တည်တည်ငြိမ်ငြိမ် အိပ်စက်နေထိုင်ခွင့်ရဖို့ ဦးလေဘောကတော့ မျှော်လင့်နေဆဲပါပဲ။ သူက စိတ်ထဲမှာတော့ရှိတယ်၊ မအောင်မြင်သေးတာပေါ့လို့ ဆိုပါတယ်။
#Credit KUMUDRA