အစ်မတော် မြနန်းနွယ်
"ပါရမီရှင် မေတ္တာရှင် အစ်မတော်မြနန်းနွယ်" သီပေါမင်း ပါတော်မူပြီး ၁၂ နှစ်တာ ကာလအတွင်း မိုးကုတ်မြို့နေ ကျောက်တွင်းသူဋ္ဌေးကြီး ဦးဘကောင်း၏ သား ကိုချမ်းသာ နှင့် မိုင်းပွန်စော်ဘွားကြီး စဝ်ခွန်တီ၏ တူမတော် မနန်းခမ်း တို့သည် ၁၈၉၇ ခုနှစ်ခန့်တွင် ထိမ်းမြားလက်ထက် ခဲ့ကြသည် အိမ်ထောင်သက်တမ်း ၉ နှစ်အကြာ ၁၉၀၆ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် စနေနေ့ နံနက် ၅ နာရီ နေတက် ရေတက် ချိန်တွင် အစ်မတော် မြနန်းနွယ် ကို ဖွားမြင်ခဲ့လေသည် အစ်မတော်၏ ငယ်နာမည်မှာ မနန်း ဟု တွင်၏။ အစ်မတော်၏ ကိုယ်ဝန်ကို လွယ်ထားရစဉ်က မနန်ခမ်းသည် သားကြီးငါးကြီးများကို ရှောင်ကြဉ်ကာ သက်သက်လွတ်စား၍ ဘာသာရေးအား ပိုမိုအလေးထား ပြုလုပ်လိုစိတ် ပြင်းပြခဲ့သဖြင့် စိတ်ဆန္ဒအာသီသ အတိုင်းလည်း အောင်မြင်စွာ လုပ်ဆောင်ခဲ့လေသည် ထို့ပြင် ... ထူးခြားသော အိမ်မက်များ ... လက်တွေ့ကျသော နိမိတ်အာရုံများ ... ဆက်စပ်မှုဖြင့် ... ဘောဂဝတီ နဂါးမယ်တော်ကြီး၏ သမီးတော်ဘဝမှ လူပြည်သို့ လာရောက် သာသနာပြုသူ ဖြစ်သည်ဟု မိဘများက ယုံကြည် လက်ခံထားကြ၏ အစ်မတော်သည် ဥာဏ်ပညာ ထက်မြတ်သူပီပီ မိုးကုတ်မြို့ ကျောင်းပညာရေး၌ အထက်တန်းအဆင့်ထိ တစ်နှစ်တစ်တန်း ပုံမှန်အောင်မြင်ခဲ့သည် ၁၉၂၁ အသက် ၁၅ နှစ် အရွယ်တွင် တက္ကသိုလ်ပညာ ဆည်းပူးရန် အထိန်းတော်ဖြစ်သူ ဒေါ်နန်းစော နှင့် အတူ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့၏ ၁၉၂၆ အသက် ၂၀ အရွယ်တွင် အိန္ဒိယတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့လေသည် အစ်မတော်သည် ပညာတက် ရုပ်ချော ဥစ္စာပေါ အဖက်ဖက်မှ ပြည့်စုံသည့်တိုင်အောင် အိမ်ထောင်ရေးကို စိတ်ဝင်စားခြင်းမရှိခဲ့ ဘာသာတရား အဆုံးအမ အရိပ်အောက်၌ သဒ္ဓါကြည်ဖြူ ပေးလှူရခြင်း ဒါနကုသိုလ် စင်ကြယ်စွာ ဆောက်တည်ရခြင်း သီလကုသိုလ် ပွားများအားထုတ်ရခြင်း ဘာဝနာကုသိုလ် ကိုသာ စိတ်အားထက်သန်စွာ ပြုခဲ့သူဖြစ်၏။ လောကီ လောကုတ္တရာ နှစ်ဖြာအကျိုးကို သဟဇာဖြစ်အောင် သယ်ပိုး ဆောင်ရွက်တက်လေ့ရှိသူလည်း ဖြစ်သည် ဦးလေးတော်စပ်သူ ဦးကံသာ ထံမှ တရုတ် လောကီပညာရှင် ကျန်းမိန် ၏ တရုတ်ရှေးဟောင်းရိုးရာ လောကီ အတက်ပညာများကိုလည်း တဆင့်ပြန်လည် သင်ယူခဲ့ပြီး ဝတ်ဖြူစင်ကြယ် သူတော်စင်ပုဂ္ဂိုလ်များထံမှ ဂမ္ဘီရ အတက်ပညာများကိုလည်း လေ့လာ သင်ယူခဲ့ပြန်သည်။ ထိုအတတ်ပညာများ ကျွမ်းကျင် တတ်မြောက်မှုကြောင့် အစ်မတော်ကို ထိကပါးရိကပါး လုပ်ရဲသူ ဟူ၍ မရှိခဲ့ချေ အစ်မတော်သည် အစိမ်းရောင်ကို နှစ်သက်ပြီး အမြဲတစေ အစိမ်းရောင် ဝတ်စုံကို ဆင်မြန်းလျှက် ညနေပိုင်း အချိန်အခါတိုင်း ဗိုလ်တထောင် စေတီတော်သို့ ဘုရားဝတ်တက် ဝတ်ပြုရန် လာရောက်လေ့ရှိခြင်းက အစ်မတော်ကို မြစိမ်းရောင်ဒေဝီ မြစိမ်းရောင်မင်းသမီး ဟု ပို၍ ထင်ရှား ပေါ်လွင်စေခဲ့၏ ၁၉၅၅ ဇန်နဝါရီလ ၈ ရက် စနေနေ့ မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ် ပြာသိုလပြည့် နံနက် (၀၄း၁၀) မိနစ် အာရုံတက် အချိန်တွင် အဖော်မိန်းမပျို နှစ်ဦးနှင့် အတူ ဗိုလ်တထောင် စေတီတော်မြတ်ကြီးသို့ လာရောက်ကာ ရတနာမျိုးစုံ စီခြယ်ထားသော ဗုဒ္ဓရုပ်ပွား ဆင်းတုတော် တစ်ဆူနှင့် ကျောက်မျက်ရတနာများ အပြည့်ထည့်ထားသော ငွေဖလားတစ်လုံးကို ပေးအပ်လှူဒါန်း ပူဇော်ခဲ့လေသည်။ ထိုလှူဒါန်းမှုသည် ပကာသန မမက်သော ဂုဏ်ဖော်ကြွားဝါလိုစိတ် ကင်းမဲ့သော အစ်မတော်၏ မြင့်မြတ်သည့် စိတ်နေသဘောထားကို ထင်ဟပ် ဖော်ပြလျှက်ရှိနေလေသည်။ ထိုသို့ အလှူဒါနကို လက်နှင့်မကွာ လှူဒါန်းခဲ့ပြီး သာသနာပြု လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လာသော အစ်မတော် မြနန်းနွယ်သည် ၁၉၅၇ ဖေဖေါ်ဝါရီလ အသက် ၅၁ နှစ် အရွယ်တွင် ပန်းနာရင်ကြပ် ရောဂါဖြင့် မိုးကုတ်မြို့၌ ကွယ်လွန်အနိစ္စ ရောက်ခဲ့လေသည် ၁၉၉ဝ မှာတော့ ဗိုလ်တထောင် စေတီတော်မှာ နတ်ရုပ် အဖြစ် ထုလုပ် ကိုးကွယ်ခဲ့ နတ်ရုပ် အဖြစ် ထုလုပ် ကိုးကွယ်ထားတဲ့ အစ်မတော် မြနန်းနွယ် ဟာ ပူဇော် ကိုးကွယ်သူတွေ ကြားမှာ ဆုတောင်းပြည့်တယ် လို့ ကျော်ကြား သလို ရုပ်ထုနားကပ်ပြီး တီးတိုး ဆုတောင်းကြတာဟာလည်း လူသိများတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ် အရောင်းအဝယ် အလုပ်အကိုင် အိမ်ထောင်ပြု သားမွေး စတဲ့ ကိစ္စတွေမှာ အဓိဋ္ဌာန်ပြု ဆုတောင်းကြပြီး အောင်မြင်တဲ့အခါ အဓိဋ္ဌာန်အောင်ပွဲတွေ လာရောက် ပူဇော်ကြတာမို့ တစ်ရက်ကို ပွဲပေါင်း ၇ဝဝ လောက် ရှိတယ်လို့ ဗိုလ်တထောင် စေတီက နိဗ္ဗာန်ဆော် တစ်ဦး ဖြစ်တဲ့ ဦးကြည်စိုး က ပြောပါတယ် အခါကြီး ရက်ကြီး တွေ စနေ တနင်္ဂနွေ တွေမှာ ဆိုရင် ပွဲပေါင်း တစ်ထောင် ကနေ သုံးထောင်လောက် အထိ လာရောက် ပူဇော်ကြတယ်လို့ ဆိုပါတယ်
Cd# မောင်စွယ်စုံကျမ်း