မန္စီးတီးေနာက္ခံလူ ေအာ္တာမန္ဒီကို ရီးရဲလ္အသင္းေခၚယူရန္ျပင္ဆင
#Zawgyi
မန္စီးတီးအသင္းရဲ႕ ေနာက္ခံကစားသမားတစ္ေယာက္ျဖစ္တဲ့ နီကုိးလက္စ္ေအာ္တာမန္ဒီဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ရီးရဲလ္မက္ဒရစ္ရဲ႕ ပစ္မွတ္တစ္ခုျဖစ္လာေတာ့မွာပါ။
ဗလင္စီယာအသင္းရဲ႕ေနာက္ခံလူေဟာင္းကေတာ့ စပိန္ေျမကို စြန္႔ခြာလာတည္းက အဂၤလန္မွာ အေျခမက်ျဖစ္ေနေသးၿပီး သူ႔ရဲ႕ ပံုမွန္ေျခစြမ္းကို ရရွိဖို႔အတြက္ ရုန္းကန္ေနရပါတယ္။ ဒါ့ေၾကာင့္ အဂၤလန္ေျမကို စြန္႔ၿပီး စပိန္ကိုျပန္သြားဖို႔ သူ႔အေနနဲ႔ စဥ္းစားေနတယ္လုိ႔ သိရပါတယ္။
လာလီဂါမွာ အေကာင္းဆံုးကစားခဲ့ၿပီး အမာထန္ဆံုးေနာက္ခံလူေတြထဲက တစ္ေယာက္ျဖစ္တဲ့ ေအာ္တာမန္ဒီဟာ စပိန္အသင္းၾကီးတစ္ခုရဲ႕ ကမ္းလွမ္းမႈတစ္ခုရရွိလာရင္ေတာ့ ျငင္းဆန္ဖို႔ ရာႏႈန္းနည္းပါးတယ္လို႔ သိရပါတယ္။
သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူကေတာ့ ကစားသမားရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး အခုလိုပဲေျပာျပခဲ့ပါတယ္။ “နီကုိ(ေအ္ာတာမန္ဒီ)က ပီပီနဲ႔တူတဲ့ ကစားသမားတစ္ေယာက္ပါ။ မန္စီးတီးကို ရာသီကုန္ရင္ စြန္႔ခြာဖြယ္ရွိေနပါတယ္။ ဗလင္စီယာမွာတည္းက မက္ဒရစ္က သူ႔ကုိလုိက္ခဲ့ဖူးပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။
ရီးရဲလ္အသင္းကေတာ့ သူတို႔ရဲ႕ေနာက္တန္းကို ျဖည့္တင္းမႈျပဳလုပ္ဖို႔အတြက္ ဒီေနာက္ခံလူကို ေပါင္ ၂၅ သန္းဝန္းက်င္နဲ႔ ဘာေနဗ်ဴးကို အေရာက္ေခၚသြားဖြယ္ရွိေနပါတယ္။
Mocha
#sports.thithtoolwin.com
Source : Metro
__________________________________________________________________________
#Unicode
မန်စီးတီးအသင်းရဲ့ နောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့ နီကိုးလက်စ်အော်တာမန်ဒီဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်တစ်ခုဖြစ်လာတော့မှာပါ။
ဗလင်စီယာအသင်းရဲ့နောက်ခံလူဟောင်းကတော့ စပိန်မြေကို စွန့်ခွာလာတည်းက အင်္ဂလန်မှာ အခြေမကျဖြစ်နေသေးပြီး သူ့ရဲ့ ပုံမှန်ခြေစွမ်းကို ရရှိဖို့အတွက် ရုန်းကန်နေရပါတယ်။ ဒါ့ကြောင့် အင်္ဂလန်မြေကို စွန့်ပြီး စပိန်ကိုပြန်သွားဖို့ သူ့အနေနဲ့ စဉ်းစားနေတယ်လို့ သိရပါတယ်။
လာလီဂါမှာ အကောင်းဆုံးကစားခဲ့ပြီး အမာထန်ဆုံးနောက်ခံလူတွေထဲက တစ်ယောက်ဖြစ်တဲ့ အော်တာမန်ဒီဟာ စပိန်အသင်းကြီးတစ်ခုရဲ့ ကမ်းလှမ်းမှုတစ်ခုရရှိလာရင်တော့ ငြင်းဆန်ဖို့ ရာနှုန်းနည်းပါးတယ်လို့ သိရပါတယ်။
သူ့ရဲ့ အေးဂျင့်ဖြစ်သူကတော့ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလိုပဲပြောပြခဲ့ပါတယ်။ “နီကို(အေ်ာတာမန်ဒီ)က ပီပီနဲ့တူတဲ့ ကစားသမားတစ်ယောက်ပါ။ မန်စီးတီးကို ရာသီကုန်ရင် စွန့်ခွာဖွယ်ရှိနေပါတယ်။ ဗလင်စီယာမှာတည်းက မက်ဒရစ်က သူ့ကိုလိုက်ခဲ့ဖူးပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ရီးရဲလ်အသင်းကတော့ သူတို့ရဲ့နောက်တန်းကို ဖြည့်တင်းမှုပြုလုပ်ဖို့အတွက် ဒီနောက်ခံလူကို ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ဘာနေဗျူးကို အရောက်ခေါ်သွားဖွယ်ရှိနေပါတယ်။
Mocha
#sports.thithtoolwin.com
Source : Metro