အမှားဆိုတာ လူကြိုက်နည်းသလောက် အကြုံများတဲ့ အဖြစ်မျိုးတစ်ရပ်ပါ။ တစ်ချို့ အလွဲအမှားများကြောင့် မဆိုစလောက်ပဲ ထိခိုက်သွားရပေမယ့် တစ်ချို့ အမှားတွေကတော့ ပြန်ဆည်လို့ မရလောက်အောင် အန္တရာယ်ကြီးသွားတတ်ပါတယ်။
နည်းပညာလိုမျိုး အပြောင်းအလဲမြန်သလောက် အတက်အကျကြမ်းတဲ့ နယ်ပယ်မှာ ဒီနေ့ တစ်ခုခု ခြေချော်လက်ချော်မှားသွားပြီဆိုတာနဲ့ မနက်ဖြန်မှာ နေရာပျောက်သွားနိုင်တဲ့အထိ အလျော်အစားကြီးပါတယ်။ နည်းပညာသမိုင်းကို ပြန်ငဲ့စောင်းကြည့်လိုက်ရင် တစ်ချို့ မထင်မှတ်ပဲ အမြင့်ဆုံးမှာ ရှိနေရာကနေ ခေတ်နဲ့ လျော်ညီတဲ့ အခြေအနေတစ်ရပ်ရပ်ကို အလိုက်သင့် မပြောင်းလဲနိုင်တာကြောင့် နောက်ဆုံးမှာ လုံးပါးပါးပြီး ပျောက်ကွယ်သွားတဲ့ အဖြစ်အပျက်များစွာ ရှိခဲ့ဖူးပါတယ်။ ဒီတစ်ခါမှာတော့ သမိုင်းကို ပြောင်းလဲစေခဲ့သော အလွဲများအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပြီး ဒီကနေ သမိုင်းတကွေ့ ချိုးကွေ့ ဖို့ ဘယ်လို အယူအဆများနဲ့ နောက်ခံအကြောင်းတရားများက ပံ့ပိုးခဲ့သလဲဆိုတာကို ဗဟုသုတအနေနဲ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
(၁) ဒစ်ဂျစ်တယ်ကင်မရာခေတ်မှာ အရေးနိမ့်သွားတဲ့ Kodak
၁၉၉၈ နှစ်ကုန်ပိုင်းမှာ Google ဆိုတဲ့ အင်တာနက်ကုမ္ပဏီကို လယ်ရီပေ့ခ်ျနဲ့ ဆာဂီဘရင်းဆိုတဲ့ စတန်းဖို့ဒ်တက္ကသိုလ်မှ PhD ကျောင်းသားနှစ်ဦးကနေ သုတေသန ပရောဂျက်တစ်ခုအနေနဲ့ စတင်တည်ထောင်ခဲ့ပါတယ်။ ဒီအရင် ရှာဖွေရေးအင်ဂျင်တွေကတော့ ဘယ်စာမျက်နှာကို လူဘယ်လောက်ကြည့်သလဲဆိုပြီး သမရိုးကျကြီးသွားရှာတာ ဖြစ်ပြီး Googleမှာတော့ စာမျက်နှာ တစ်ခုနဲ့ တစ်ခုအကြား ဘယ်လောက်ဆက်စပ်မှုရှိသလဲဆိုတဲ့ အပေါ်ကနေ တွက်ချက်ပြီး တူရာတူရာလေးတွေကို တစ်စုတစ်ဝေးတည်း ပြသွားတာ ဖြစ်ပါတယ်။ ပထမတော့ ဒီဝက်ဘ်ဆိုက်ကို Google လို့ မခေါ်သေးဘဲ BackRub လို့ ပဲ နာမည်ပြောင်ပေးထားခဲ့ပြီး နောက်ပိုင်းမှာ Googol လို့ နာမည်ပေးလိုက်ပေမယ့် တကယ့်တကယ် ဒိုမိန်းနာမည်ပေးတဲ့အခါမှာ Google ဆိုပြီး မှားပေးမိရာကနေ google အဖွဲ့ အစည်းကြီး ပေါ်ထွက်လာခဲ့ပါတယ်။
Google ရဲ့ ကနဦးနှစ်များမှာ ကြမ်းတမ်းခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ၁၉၉၄ ခုနှစ်က စတန်းဖို့ ဒ်မှ လျှပ်စစ်ကျောင်းသားဟောင်းနှစ်ယောက်ဖြစ်တဲ့ ဂျယ်ရီယမ်း နဲ့ ဒေးဗစ်ဖီလိုတို့ တည်ထောင်တဲ့ Yahoo ဆီမှာ Google ကို အကြိမ်ပေါင်းများစွား ထိုးအပ်ပြီး ရောင်းချခဲ့ဖူးပါတယ်။ သို့ သော်လည်း ဘယ်တော့မှ အရောင်းအဝယ်မဖြစ်ခဲ့ပါဘူး။ ဒီနေ့ မှာ Google ရဲ့ အကြမ်းဖျဉ်း ဒေါ်လာ ၅၀၀ ဘီလျံတန်နေချိန်မှာ Yahoo ကတော့ ၃၅ ဘီလျံလောက်ပဲ တန်ကြေးရှိတဲ့ ကုမ္ပဏီတစ်ခု အဖြစ် ကျန်နေခဲ့ပါပြီ။အခွင့်အရေးဟာ Yahoo ကုမ္ပဏီထဲကို အထုပ်လိုက် အထည်လိုက် အခြေချဖို့ ရောက်လာခဲ့ပေမယ့် Yahoo ကတော့ ဒါကို အရှုပ်ထုပ်လောက်ပဲ သတ်မှတ်ခဲ့ခြင်းကြောင့် အကြီးမားဆုံး လက်လွှတ်ဆုံးရှုံးရာတွေ ကြုံလာခဲ့ရတာပါ။
(၃) ၁၅၀၀ ဒေါ်လာ =ဒေါ်လာ ဘီလျံ ၅၀
ပြောမယုံကြုံဖူးမှ သိကြမယ်ထင်ပါတယ်။ လွတ်သွားတဲ့ ငါးဟာ ကြီးသလား သေးသလားဆိုတာ ငါးအမြီးဖျားမြင်ရုံနဲ့ တင် ချိန်ဆလို့ ရမယ်ထင်ပါတယ်။ ကမ္ဘာ့ဂုဏ်သိက္ခာအကြီးဆုံးနဲ့ တန်ဖိုးအမြင့်ဆုံး စာရင်းဝင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple Inc ကို စတိဗ်ဂျော့က ဦးဆောင်ပြီး တစ်ခြားသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ စတိဗ်ဝိန့် ဇ် နဲ့ ရိုနယ်ဝိန်း တို့ က ၁၉၇၆ နှစ်ဆန်းပိုင်းမှာ တည်ထောင်ခဲ့ပါတယ်။ အဓိကကတော့ ကွန်ပျူတာနဲ့ နည်းပညာထုတ်ကုန်များ ထုတ်လုပ်သွားဖို့ ပါ။ ဒီထဲမှာ ရည်မှန်းချက်အကြီးဆုံးနဲ့ စိတ်ဆန္ဒအပြင်းပြဆုံးကတော့ စတိဗ်ဂျော့ဖြစ်ပြီး အားလုံးကို သူထိန်းကျောင်း တည်ဆောက်သွားခဲ့ပါတယ်။ သို့ သော်လည်း စတိဂျော့ရဲ့ စိတ်ကူးကို သိပ်မယုံတဲ့ ရိုနယ်ဝိန့် ကတော့ ကုမ္ပဏီတည်ထောင်ပြီး နှစ်လအကြာ ၁၉၇၆ ခုနှစ်ထဲမှာ သူ့ ရှယ်ယာထဲက ၁၀ % ကို ဒေါ်လာ ၁၅၀၀ နဲ့ စတိဂျော့နဲ့ ဝိန့် ဇ်တို့ ကို ရောင်းပြီး တည်ထောင်သူထဲက ထွက်သွားခဲ့ပါတယ်။ ဒီမှာတင် ကုမ္ပဏီကို တစ်ခြား မီလံနာတစ်ဦး ဖြစ်တဲ့ မိုက်ခ်မာ့ကူလာက နေ ဒေါ်လာ ၂၅၀၀၀၀ မတည်ပြီး ဆက်လက်လည်ပတ်စေရာကနေ ဝင်ငွေ နှစ်ဆကျော် ခုန်တက်သွားပြီး ထိပ်တန်းကုမ္ပဏီကြီးတစ်ခု အဖြစ် တိုးတက်သွားပါတယ်။
ဒီနေ့ ခေတ်မှာ Apple ရဲ့ နှစ်စဉ်အသားတင် ဝင်ငွေဟာ ဒေါ်လာ ၂၁၅ ဘီလျံကျော် ရှိပြီး ဝန်ထမ်း ၁၁၀၀၀၀ ကျော်နဲ့ လည်ပတ်နေပါပြီ။ ထိုစဉ်က ဒေါ်လာ ၁၅၀၀ နဲ့ ရောင်းချခဲ့တဲ့ ရှယ်ယာဝေစု ၁၀%ဟာ အခုဆိုရင် ဒေါ်လာ ဘီလျံ၅၀ ကျော် တန်နေခဲ့ပါတယ်။ စိတ်ရှည်ခြင်း ၊ စွဲမြဲခိုင်မာတဲ့ယုံကြည်ခြင်းနဲ့ အနာဂါတ်ကို မှန်းဆနိုင်ခြင်းများဟာ လုပ်ငန်းတစ်ခုရဲ့ အကြီးဆုံးဒေါက်တိုင်များ ဖြစ်တယ်ဆိုတာ ဝိန့့်ကတော့ ကောင်းကောင်း သဘောပေါက်သွားပါတယ်။
(၄) iPod သို့ မဟုတ် အနာဂါတ်ကြီးကို ငြင်းပယ်မိခြင်း
Microsoft Zune ကို ကြားဖူးသူ ရှားမယ်ထင်တယ်။ တစ်ချို့ တွေအတွက် ဒီစကားလုံးက အခုမှ အသစ်ကြီးပဲ ဖြစ်နေဦးမယ်ထင်ပါတယ်။ ဒါဆို iPod ကိုရော ။ iPod ကိုတော့ အားလုံး ကြားဖူးကြမှာပါ။ ကမ္ဘာ့နာမည်ကျော် Apple လက်ရာ မီဒီယာပလေယာတစ်ခုပါ။ သို့ သော်လည်း ၂၀၀၆ ခုနှစ်မှာ ဒီထုတ်ကုန်ကို မူပိုင်ခွင့်နဲ့ တကွ Microsoft Zune player ထံရောင်းဖို့ စကားဆိုဖူးပါတယ်။ ထိုစဉ်က Zune ဟာ စပြီး ထွက်ခါစ အားကောင်းနေချိန်ဖြစ်ပြီး iPod ကတော့ ဈေးကွက်ဘောင်ကျဉ်းနေတဲ့ အချိန်ဖြစ်ပါတယ်။ Microsoft ဟာ ၂၀၀၁ ခုနှစ်ကတည်းက ထွက်ခဲ့တဲ့ iPod ကို ငြင်းလိုက်ပြီး သူ့ ထုတ်ကုန်သူပဲ အာရုံစိုက်လိုက်ပါတယ်။
iPod ကို ပထမဆုံးစထုတ်တဲ့ အာခီတက်ကတော့ တိုနီ ဖက်ထဲဖြစ်ပြီး သူ့ ရဲ့ iPod အိုင်ဒီယာကို RealNetworks ဆီရောင်းခဲ့ပေမယ့် လက်မခံခဲ့ခြင်းကြောင့် ဖက်ဒဲလ်ဟာ Apple ကို ရောက်လာခဲ့ရကနေ နည်းပညာသမိုင်းကို အကြီးအကျယ်ပြောင်းလဲစေမယ့် မျိုးစိတ်သစ်တစ်ခုကို ဆောင်ကြဉ်းပေးသွားခဲ့ပါတယ်။ မကြာခင်မှာ iPod ကနေ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်ဘုရင် iPhone များကို သန္ဓေတည်ပေးလိုက်ပြီး ဈေးကွက်မှာ အလုံးရေ သန်း ၂၀၀ ကျော် နှစ်စဉ်ရောင်းရတဲ့ လုပ်ငန်းကြီးတစ်ခု ၊ လူကြိုက်အများဆုံးနဲ့ တန်ဖိုးအကြီးဆုံး ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုကို မွေးဖွားပေးလိုက်ပါတယ်။ ဒါ့ကြောင့် iPod ကို ခေါင်းခါမိခြင်းဟာ Microsoft အတွက်တော့ အနာဂါတ်ကြီးတစ်ခုကိုပါ ငြင်းပယ်မိလိုက်တာလို့ ဆိုရမှာပါ။
(၅) စတိဗ်ဂျော့ အလုပ်မှ အထုတ်ခံလိုက်ရခြင်း
Apple ကို တည်ထောင်ပြီး ဆယ်နှစ်ခန့် အကြာမှာ ကိုယ်ကိုယ်တိုင် တည်ထောင်ခဲ့ရတဲ့ ကုမ္ပဏီကနေ မောင်းထုတ်ခံလိုက်ရတဲ့ လူတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူကတော့ ဥာဏ်ကြီးရှင် နှင့် Apple ရဲ့ ဖခင်ကြီး စတိဗ်ဂျော့ ဖြစ်ပါတယ်။ ဒီလိုလူတစ်ယောက်တောင် ဒီလောက် အခြေအနေဆိုးခဲ့ဖူးတယ်ဆိုရင် သာမန်ဝန်ထမ်းတစ်ယောက်အနေနဲ့ ခံသာဖို့ ရှိပါတယ်။
စတိဗ်ဂျော့ဦေးဆာင် ထုတ်လုပ်တဲ့ ကွန်ပျူတာတစ်ခုဖြစ်တဲ့ Apple LaserWriter နဲ့ ပထမဆုံး လေဆာပရင့်တာ ရောင်းအားကျသွားတာကြောင့် ၁၉၈၅ မှာ စတိဗ်ဂျော့ အလုပ်မှ အထုတ်ခံလိုက်ခဲ့ပါတယ်။ ၉၇ ခုနှစ်ရောက်ကာမှ ဂျော့စ်ဟာ CEO တကျော့ပြန်ဖြစ်လာပြီး အနာဂါတ်ထုတ်ကုန်များ ဖြစ်တဲ့ iMac ၊ iTunes ၊ Apple Store ၊ iPod နဲ့  iPhone အပါအဝင် ကမ္ဘာကျော်ထုတ်ကုန်များကို ဈေးကွက်တင်ပေးသွားပါတယ်။ စတိဗ်ဂျော့်ကို အလုပ်ပြန်လုပ်ဖို့ သူ့ ကို အလုပ်က ထုတ်ခဲ့တဲ့ CEO ဟောင်း ဂျွန်စကူလီကိုယ်တိုင် အောက်ကျခံတောင်းပန်ပြီး အလုပ်ပြန်ခန့် ခဲ့ပါတယ်။ စကူလီကိုယ်တိုင်ကလည်း ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ သူ့ ခေတ်သူ့ အခါက ဈေးကွက်ကို အတော်ဆုံး ပညာရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံရပေမယ့် စတိဗ်ဂျော့ရဲ့ ရှေ့ ပြေးလွန်းတဲ့ စိတ်ကူးများကိုတော့ လိုက်မမီနိုင်ခဲ့ပါဘူး။
#Credit Duwun